Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

ဗဟိုအာဖရိကတွင် ကုလသမဂ္ဂတပ်နှင့် ခရစ်ယာန်တပ်ဖွဲ့ တိုက်ခိုက်မှုဖြစ်

                                                
ဗဟိုအာဖရိက သမ္မတနိုင်ငံ ဘန်ဂူအီ (Bangui) မြို့တော်မှာ မွတ်စလင်ဆန့်ကျင်ရေး ခရစ်ယာန် တပ်ဖွဲ့တွေနဲ့ ကုလသမဂ္ဂ တပ်ဖွဲ့ဝင်တွေကြား တိုက်ခိုက်မှု ဖြစ်ပွားပြီး လူ ၆ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။


ကုလသမဂ္ဂတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရရခဲ့ကြပြီး ရာနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးကြရပါတယ်။

ခရစ်ယာန်တပ်ဖွဲ့ဝင်တွေ ချထားတဲ့ အရံအတားတွေကို ကုလသမဂ္ဂတပ်ဖွဲ့က ဖယ်ရှားတာ က ပြဿ      နာစတယ်လို့ ပြောပါတယ်။

ခရစ်ယာန်တပ်ဖွဲ့တွေက အိမ် ၂၂ အိမ်ကို မီးတင်ရှို့ခဲ့ကြပြီး လူ ၂ ဦးဟာ အဲဒီအိမ်တွေ မီးရှို့ခံရပြီး သေဆုံးသွားတာပါ။

သမ္မတ ဆန်ဘာ ပန်ဇာ (Samba Panza) ရဲ့အသွင်ကူးပြောင်းရေးအစိုးရက လတ်တလော မြို့တော်က အကြမ်းဖက်မှုတွေအတွင်း လူ ၁၂ ဦး သေဆုံးသွားခဲ့ကြပြီး အစိုးရအုပ်ချုပ်ရေး မတည်ငြိမ်အောင် တမင် ရည်ရွယ်လုပ်နေတာလို့ ပြစ်တင်ပြောဆိုပါတယ်။

ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၃ မတ်လက စတင်ပြီး မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေ ပဋိပက္ခ ဖြစ်ပွားနေတာပါ။

ဘာသာရေးပဋိပက္ခတွေ ဆက်မဖြစ်အောင် ပြင်သစ်တပ်ဖွဲ့တွေနဲ့ အာဖရိကငြိမ်းချမ်းရေး တပ်ဖွဲ့တွေဟာ ကုလသမဂ္ဂရဲ့ အစီအစဉ်နဲ့ ၀င်ရောက်ထိန်းသိမ်းပေးနေရတာလည်း ဖြစ်ပါတယ်။
  ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ