Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

၃ နှစ်ကျော်အတွင်း စင်ကာပူနိုင်ငံက ပထမဆုံး သေဒဏ်

စင်ကာပူနိုင်ငံဟာ မကြာသေးခင်က မူးယစ်ဆေးမှောင်ခိုရောင်းဝယ်တဲ့ အမျိုးသား ၂ ဦးကို ကြိုးပေး စီရင်ခဲ့ပါတယ်။ ဒါဟာ ၃ နှစ်ကျော်အတွင်း ဒီနိုင်ငံမှာ ပထမဆုံး သေဒဏ် စီရင်လိုက်တာပါ။

စင်ကာပူနိုင်ငံဟာ ဥပဒေအရ သေဒဏ်ဟာ မဖြစ်မနေ ပြဋ္ဌာန်း သင့်လားဆိုတာ ကို ပြန်လည် သုံးသပ်နေစဉ်အတွင်း ၂၀၁၁ ဇူလိုင်လကစ လို့ သေဒဏ်စီရင်ချက်ကို ရပ်ဆိုင်း ခဲ့ပါတယ်။
အခုတော့ တချို့အမှုတွေအတွက် တရာသူကြီးတွေကို ဆုံးဖြတ်ခွင့် အာဏာ အပ်နှင်းလိုက်ပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်စာရင်းအရ စင်ကာပူနိုင်ငံဟာ ကမ္ဘာမှာ သေဒဏ်ချမှတ်မှု အမြင့်ဆုံးနိုင်ငံ ဖြစ်ပါတယ်။

ဒီနိုင်ငံရဲ့တရားစီရင်ရေးနဲ့ သေဒဏ်ချမှတ်မှုအပေါ် ဝေဖန်ရေးစာအုပ်ရေးသားခဲ့သူ ဗြိတိသျှ စာရေးဆရာ အယ်လန်ရှာဒရိက်ကို ထောင်ချခဲ့ပါတယ်။
မော်နီကာကော့တ်ဝါနီဟာ သူ ထောင်မကျခင်မှာ သွားရောက် တွေ့ဆုံခဲ့ပြီး ၂၀၁၀ ခုနှစ်မှာ သေဒဏ်ချမှတ်မှု ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ဒီအစီရင်ခံစာကို ပြန်လည် တင်သွင်းခဲ့ပါတယ်။

ဗြိတိသျှစာရေးဆရာနဲ့ ဂျာနယ်လစ် အယ်လန်ရှာဒရိက်ရဲ့ စင်ကာပူအကျဉ်းထောင်က ကြိုးတိုက်ဒေါက်ဖြုတ်ဝန်ထမ်းဟောင်းတဦးနဲ့ ရှားရှားပါးပါး အင်တာဗျူးတခုဟာ ၂၀၀၅ ခုနှစ်မှာ ပထမဆုံးသတင်းထူး ဖြစ်သွားခဲ့ပါတယ်။

ကြိုးတိုက်က အကျဉ်းသားတွေကို ဒေါတ်ဖြုတ်သမားက ဘယ်လို ကြိုးပေးစီရင်လဲဆိုတာကို ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြခဲ့ပါတယ်။

“ကျနော်က လူငယ်တွေကို ကြိုးမပေးသင့်ဘဲ ပေးတာမျိုးတွေလို ကြောက်စရာကောင်းတဲ့ တရားမဲ့စီရင်မှု အတော်များများကို ကိုးကားရေးသားခဲ့တာပါ။”

အဲဒီအမှုတွေထဲက တခုကတော့ ဗစ်ဂနက်စ်မော်သီရဲ့အမှုပါ။ သူဟာ အသက် ၂၃ နှစ်အရွယ် မလေးရှားလူမျိုးတဦး ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ ဂရမ် ၃၀ အောက်ရှိတဲ့ ဘိန်းဖြူကို စင်ကာပူနိုင်ငံကို တင်သွင်းမှုနဲ့ ကြိုးပေး ကွပ်မျက်ခံခဲ့ရပါတယ်။
သူ့ကို ဒီလို စီရင်ချက်ချဖို့ သုံးခဲ့တဲ့ သက်သေအထောက်အထားတွေက အကျင့်ပျက် ရဲဝန်ထမ်းတဦးစီက ဖြစ်ပြီး အခုချိန်မှာ ဒီရဲဝန်ထမ်းကို စုံစမ်းစစ်ဆေးနေပြီ”လို့ အယ်လန်က ဆိုပါတယ်။

“သူ့ကို အခု မုဒိမ်းမှုရယ်၊ သူ့မိတ်ဆွေအခန်းမှာ လက်ထိတ်ခတ်ထားတဲ့ အမျိုးသမီးတဦးကို ဓမ္မတာနဲ့ ဆန့်ကျင်ပြီး ကိုယ်လက်နှီးနှောမှုအတွက် စုံစမ်းစစ်ဆေးနေပြီ။ ဟိုလူငယ်ရဲ့အမှုကို စစ်နေတုန်းကတည်းက ဒါတွေကို သိထားမှာ သေချာတယ်။ ကောင်လေးကတော့ ကြိုးပေးခံ သွားရတယ်လေ။ နောက် ၂ နှစ်ကြာတော့ ဟိုအမျိုးသမီးက မုဒိမ်းမှုနဲ့ တရားစွဲတဲ့အခါ ဒီ ရဲအရာရှိကို အကျင့်ပျက်ခြစားမှုနဲ့ တရားစွဲလိုက်တယ်။ အဲတော့ သူက လာဘ်ထိုးဖို့ ကြိုးစားတယ်။ သူ့ကို ထောင် ၁၅ လ ချခဲ့တယ်။ အခု ကျနော်က ထိပ်တန်းရှေ့နေတဦးနဲ့ အင်တာဗျူး ထားတယ်။ တိပ်နဲ့ မှတ်တမ်းတင်ထားတယ်။ သူက ဘာပြောလဲဆိုတော့ အကယ်၍သာ ဒီရဲအရာရှိကို အရင်ဆုံး တရားရုံးမှာ စစ်ဆေးခဲ့ရင် ဗစ်ဂနက်စ်မော်သီကို ဆေးမှောင်ခိုမှုနဲ့ အပြစ်ရှိကြောင်း စီရင်ချက် ချဖြစ်မှာ မဟုတ်ဘူးတဲ့” လို့ အယ်လန်က ဆိုပါတယ်။

ဒီစာအုပ်ထွက်လာပြီးတဲ့နောက်ပိုင်း ဗစ်ဂနက်စ်မော်သီရဲ့မိသားစုဟာ သူတို့သားကို မှားယွင်း စီရင်မိကြောင်း စင်ကာပူအစိုးရကို ၀န်ခံဖို့ တောင်းဆိုခဲ့ပါတယ်။ အန်ဆူရင်ဒရန်ဟာ လွတ်လပ်သော ဥပဒေပညာရှင်များအဖွဲ့ရဲ့ အဖွဲ့ဝင်တဦး ဖြစ်ပါတယ်။

“ကျနော်တို့အနေနဲ့ သားတဦးကို ဥပဒေနဲ့ မညီ မှားယွင်း ကွပ်မျက်ခံလိုက်ရတဲ့ မိသားစုရဲ့ အမှုကို ပြန်ကောက်နေပါတယ်။ စင်ကာပူနိုင်ငံက တရားစွဲထားတဲ့ စာရေးဆရာ အယ်လန်ရှာဒရိက်ရဲ့အမှုကို ပြန်ကောက်နေပါတယ်။ တကယ့်တော့ သူလုပ်တာ ကောင်းတယ်။ တကယ် ဖြစ်ခဲ့တဲ့ ကြောက်စရာအဖြစ်တွေကို သူက ဖွင့်ချတာ။ မလေးရှားနိုင်ငံသား တဦးကို ကြိုးပေးတာအပါအ၀င် သိပ်ကို ဆိုးဝါးတဲ့ မှားယွင်းစီရင်တာတွေကို သူက ဖွင့်ချတာ” လို့ ဆူရင်ဒရန်က ဆိုပါတယ်။

ဗစ်ဂနက်စ်မော်သီကို ကယ်ဖို့ သိပ်ကို နောက်ကျသွားပြီး ဖြစ်ပေမယ့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဥပဒေပညာရှင်တွေဟာ ကြိုးတိုက်ထဲ ရောက်နေတဲ့ နောက်ထပ် မလေးရှားလူငယ် ဘိန်းမှောင်ခိုသမားတဦးကို ကယ်တင်ဖို့ တိုက်ပွဲဝင်နေကြပါတယ်။

ဥပဒေအရ သေဒဏ်ထိုက်တဲ့ အမြင့်ဆုံးပမာဏရဲ့၂ ဆကျော်ရှိတဲ့ ဘိန်းဖြူ ၄၇ ဂရမ်ကို လက်ဝယ်ပိုင်ဆိုင်မှုနဲ့ စင်ကာပူနိုင်ငံမှာ အဖမ်းခံရချိန်မှာ ဗူအီကောင်းဟာ အသက် ၁၉ နှစ် ရှိနေပါပြီ။ လွတ်လပ်သောဥပဒေပညာရှင်များအဖွဲ့မှ လာသီဖာခိုယာက မလေးရှားအစိုးရအနေနဲ့ စင်ကာပူအစိုးရကို ဗူအီကောင်းရဲ့အမှုကို သက်သက်ညှာညှာ စီရင်ဖို့ မေတ္တာရပ်ရုံနဲ့ မလုံ လောက်ဘူးလို့ ဆိုပါတယ်။

“ဆာဘားပြည်နယ်က ဒီကလေးမှာ ပြောရေးဆိုခွင် မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးတန်ဖိုးလဲ မရှိဘူး။ ဒီတော့ ဒီမလေးရှားလူငယ်ကို ကယ်နိုင်မလားဆိုတော့ အစိုးရဘက်က(သို့) နိုင်ငံရေးသမားတွေဘက်က တင်းမာတဲ့တုန့်ပြန်မှုတွေ မရှိသေးဘူးလို့ပဲ ဆိုရမယ်။ တယောက်တော့ ဆုံးရှုံးလိုက်ရပြီ။ ဒါပေမယ့် နောက်တယောက် ကယ်ဖို့တော့ နောက်မကျသေးပါဘူး” လို့ လာသီဖာက ဆိုပါတယ်။

ဒီလူငယ်ကို ကယ်တင်ရေးတိုက်ပွဲဟာ စင်ကာပူနိုင်ငံမှာလည်း ဖြစ်ပွားနေပါပြီ။
စင်ကာပူနိုင်ငံသား ၁၅၀ ကျော်ဟာ မိုးထဲမှာပဲ ပြည့်သူ့ဟစ်တိုင်မှာ စုရုံး ရောက်ရှိနေကြပါတယ်။ မူးယစ်ဆေးမှောင်ခိုမှု နဲ့ သေဒဏ်ကျခံရမယ့် မလေးရှားလူငယ် ဗူအီကောင်းကို ထောက်ခံအားပေးဖို့ ဒီနေရာကို ရောက်ရှိနေတာပါ။

လူအခွင့်အရေးဥပဒေပညာရှင် အမ်ရာဗီက သူ့အတွက် အမှုလိုက်ပေးမယ့် ရှေ့နေတဦးပါ။

“ယောင်ဗူအီကောင်းက ယဉ်ကျေးသိမ်မွေ့တဲ့ လူငယ်တဦးပါ။ ဗုဒ္ဓရဲ့အဆုံးအမကို လိုက်နာပြီး လူကောင်းအဖြစ် ပြုပြင်ပြောင်းလဲလိုက်ပါပြီ။ နောက်ဆုံးအကြိမ်အဖြစ် ဗူအီကောင်း အတွက် စာနာရိုင်းပင်းမှုကို တောင်းခံတဲ့နေ့က လူ ၄၀ လောက် လာတက်တယ်။ တက်ရောက်လာသူတွေရဲ့ ဓာတ်ပုံကို ဗူအီကောင်းကို ပြတော့ ၂၀ မိနစ်လောက် တွေတွေကြီး စိုက်ကြည့်နေတယ်။ ၀မ်းနည်းစရာကောင်းတာက စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း လက်ရှိသမ္မတ အာဏာရလာချိန်ကစလို့ အစိုးရအဖွဲ့ဟာ ကြိုးပေးခံရသူတွေကို သက်သက်ညှာညှာ စီရင်ဖို့ လုံးလုံး မစဉ်းစားခဲ့ဘူး။ သမ္မတမှာလည်း အာဏာမရှိဘူးဆိုတာ ကျနော်တို့ အားလုံး သိသွားပြီ။ ဒီတော့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ကြိုးပေးခံလိုက်ရသူတွေ ဘယ်နှစ်ယောက်ရှိမလဲ” လို့ ရာဗီကဆိုပါတယ်။

တရားရေးဝန်ကြီးကေရှန်မူဂမ်က ဗူအီကောင်းကို သက်ညှာခွင့် ပေးလိုက်ရင် မူးယစ်ရာဇာတွေကို မီးစိမ်းပြလိုက်သလို ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။ မူးယစ်ရာဇာတွေ အဖို့ လူငယ် ဒါမှမဟုတ် သားသည်အမေတွေကို တည်ကြက်အဖြစ် ထားပြီး စင်ကာပူနိုင်ငံကို မူးယစ်ဆေးသွင်းဖို့ ခွင့်ပြုလိုက်သလို ဖြစ်သွားလိမ့်လို့ သူက ဆိုပါတယ်။

အာရှကောလင်းအစီအစဉ်အတွက်  မော်နီကာကော့တ်ဝါနီ မလေးရှားနဲ့ စင်ကာပူနိုင်ငံကနေ သတင်းပေးပို့တာပါ။

နောက်ဆက်တွဲသတင်း - ကျနော်တို့ရဲ့ Asia Calling သတင်းမှတ်တမ်းဟောင်းမှ သတင်းတပုဒ်ကို မော်နီကာကနေ တင်သွင်းခဲ့တဲ့အတွက် အခုဆိုရင် ကြိုးမိန့်စောင့်နေတဲ့ မူးယစ်ဆေးမှောင်ခိုသမား ယောင်ဗူအီကောင်းဟာ ယစ်မျိုးဥပဒေကို အလွဲသုံးမှုအားပြင်ဆင်ချက်ဥပဒေအရ သေဒဏ်ကနေ ကြိမ်ဒဏ် ၁၅ ချက်နဲ့ တစ်သက်တစ်ကျွန်းအပြစ်ဒဏ်ကို လျှော့ပေါ့ကျခံရမယ့် ပထမဆုံးအကျဉ်းသားဖြစ်လာခဲ့ပါပြီ။ ဒီနေ့ ကတော့ ကျွန်တော့်အမှုသည်ရဲ့ဘ၀မှာ အပျော်ဆုံးနေ့ဖြစ်ပါတယ်။ ယောင်လဲ သူ့အမှားကိုသိပြီး နောင်တရနေ ပါပြီ။ အသက်ရှင်ခွင့်ပြန်ရတာကိုပဲ သူက၀မ်းသာနေတာပါလို့ မီဒီယာတွေ့ဆုံခန်းတခုမှာ ယောင်ရဲ့အကျိုး ဆောင်ရှေ့နေဖြစ်တဲ့ မစ္စတာအမ်ရာဗီကဆိုပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ