Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 10, 2014

အုပ်စု (က) ပွဲစဉ်များသည် ပွဲကောင်းများ ဖြစ်လာမည်ဟု အီရန်နည်းပြ မှတ်ချက်ပြု

ရန်ကုန်၊ အောက်တိုဘာ ၈။ အိမ်ရှင် မြန်မာအသင်း အပါအ၀င် အီရန်၊ ထိုင်း၊ ယီမင်တို့ ပါဝင်နေသည့် အာရှ ယူ-၁၉ ပြိုင်ပွဲ အုပ်စု (က)၏ ပွဲစဉ်များမှာ အုပ်စုတွင်း အသင်းများ၏ ခြေ စွမ်း ကောင်းမွန် မှုကြောင့် ပွဲကောင်းများ ဖြစ်လာမည်မှာ သေချာကြောင်း အီရန်အသင်း နည်းပြချုပ်က မှတ်ချက်ပြုပြောကြား ခဲ့သည်။
IMG 8954
အီရန်အသင်း နည်းပြချုပ် ဒူစတီမာကို ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရစဉ်။

အာရှ ထိပ်သီး အသင်းတစ်သင်း ဖြစ်သည့် အီရန် အသင်းအနေဖြင့် အုပ်စု(က)တွင် အာဆီယံ ဒေသမှ မြန်မာ၊ ထိုင်း၊ အနောက် အာရှမှ အသင်းငယ် ယီမင်တို့နှင့် အတူကျရောက် နေခြင်း ဖြစ်သော်လည်း ခြေစွမ်းကောင်းမွန်သည့် အသင်းများ ဖြစ်နေသောကြောင့် ခက်ခဲမည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။ “အာရှ အဆင့် ပြိုင်ပွဲမှာ ဘယ်ပြိုင်ဘက် အသင်းကမှ ညံ့မယ် မထင်ပါဘူး။ ဒီအဆင့်ကို ရောက်လာတယ် ဆိုကတည်းက သူတို့ရဲ့ အရည်အသွေးကို သက်သေပြခဲ့ ပြီးပါပြီ။ ကျွန်တော် လေ့လာထား သလောက် အရလည်း ပြိုင်ဘက် နည်းပြတွေ အကုန်လုံးက နည်းပြကောင်း တွေပါ။ လူတွေက ကျွန်တော်တို့ အုပ်စုချောင်တယ်လို့ ထင်နေကြတယ်။ အမှန်တစ်ကယ်က ကျွန်တော်တို့ အုပ်စု တစ်ကယ်ကျပ် ပါတယ်။ ကျွန်တော်တို့ အုပ်စုတွင်း တွေ့ဆုံမှုတွေ ကနေ အရမ်းကောင်းတဲ့ ပွဲတွေကို ကြည့်ရမယ်လို့ မြန်မာ ပရိသတ်တွေကို ကျွန်တော် ကတိပေး နိုင်ပါတယ်”ဟု အီရန်အသင်း နည်းပြချုပ် အလီ ဒူစတီမာ က ပြောကြား ခဲ့သည်။
အီရန် အသင်းသည် အုပ်စု အဖွင့်ပွဲ အဖြစ် ထိုင်းအသင်းနှင့် ရင်ဆိုင်ရမည် ဖြစ်ပြီး ထိုင်းအသင်းမှာ မကြာမီက ကျင်းပခဲ့သည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် တတိယဆုကို ရယူထားနိုင်သည့် အသင်းဖြစ်သည်။ အီရန် အသင်းမှာလည်း ယခု အာရှ ယူ-၁၉ ပြိုင်ပွဲအတွက် အထူးတလည် ကြိုတင် ပြင်ဆင်ထား ခဲ့သည့် အသင်းဖြစ်ပြီး ယမန်နှစ် ကတည်းက ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်ကာ ပြိုင်ပွဲ လေးခုခန့် ကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ထားသည်။ အီရန်သည် အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ၁၉၈၅ ခုနှစ်က တစ်ကြိမ် ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး ယခုပြိုင်ပွဲတွင်လည်း ချန်ပီယံ ဖြစ်နိုင်ရန် အထူးလေ့ကျင့် ပြင်ဆင်ထားသည်။ အီရန် ယူ-၁၉ အသင်းသည် စက်တင်ဘာလ အတွင်းတွင် ခြေစမ်းပွဲ တရုတ် ယူ-၁၉၊ မက္ကဆီကို ယူ-၁၉၊ မလေးရှား ယူ-၁၉၊ ကာတာ ယူ-၁၉ အသင်းများနှင့် ခြေစမ်းပွဲ ၅ ပွဲ ကစားထားပြီး မက္ကဆီကို အသင်း တစ်သင်းတည်းကိုသာ ရှုံးနိမ့်ကာ တရုတ်ကို သရေကျပြီး ကာတာနှင့် မလေးရှားတို့ကို အနိုင်ရ ထားသည်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ