Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

အာဖရိက ၁၅ နိုင်ငံမှာ အီဘိုလာ ပညာပေးလုပ်မယ်

                                                           

အီဘိုလာ ​ရောဂါ ​ပျံ့နှံ့မှု ​ဖြစ်နေတဲ့ ​အနောက် ​အာဖရိက ​ဒေသက ​သုံးနိုင်ငံကိုသာမက ​အဲဒီဒေသ တဝိုက်က ​နိုင်ငံပေါင်း ​၁၅ ​နိုင်ငံကိုလည်း ​အာရုံစိုက် ​စောင့်ကြည့်နေကြောင်း ​ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ ​WHO ​က ​ပြောပါတယ်။


ရောဂါ ​ပျံ့နှံ့မှု ​ဖြစ်နေတဲ့ ​ဂီနီ၊ ​လိုင်ဘေးရီးယားနဲ့ ​ဆီရာယာလီယွန်နိုင်ငံမှာ ​အီဘိုလာကြောင့် ​သေဆုံးသူ ​၄၅၀၀ ​နီးပါး ​ရှိသွားပြီ ​ဖြစ်ပါတယ်။

အဲဒီလို ​အခြေ ​အ ​နေ ​ကြောင့် ​ရောဂါ ​ဖြစ်ပွား ​နေတဲ့ ​နိုင်ငံတွေနဲ့ ​အိမ်နီးချင်း ​ဖြစ်နေတဲ့ ​Ivory ​Coast ​နဲ့ ​မာလီ ​လိုနိုင်ငံမှာ ​ဘယ်လောက်အထိ ​ပြင်ဆင်မှု ​ရှိနေပြီလည်း ​ဆိုတာကို ​ကမ္ဘာ့ ​ကျန်းမာရေး ​အဖွဲ့က ​စမ်းသပ် ​နေပြီ ​ဖြစ်ပါတယ်။

ပြင်ဆင်ရေးအနေနဲ့ ​ကျန်းမာရေးလုပ်သားတွေကို ​ကြိုတင် ​သင်တန်းပေးတာတွေ ​လုပ်ဆောင်နေပြီး ​ကိုယ့်ကိုကိုယ် ​ကာကွယ်ဖို့နဲ့ ​အီဘိုလာ ​ကုသရေးမှာ ​အသုံးပြုတဲ့ ​ပစ္စည်းတွေကို ​ဘယ်လို ​ကိုင်တွယ် ​အသုံးပြုရသလဲဆိုတာတွေကိုပါ ​သင်ပြသွားမယ်လို့ ​သိရပါတယ်။

အီဘိုလာရန်ကို ​ကြောက်လို့ ​Vanuatu ​မှာ ​နိုင်ငံတကာအစည်းအဝေး ​မကျင်းပဖြစ်

တချိန်တည်းမှာပဲ ​ပစိဖိတ်ဒေသအတွင်းက ​Vanuatu ​ကျွန်းနိုင်ငံမှာ ​နောက်လကြရင် ​နိုင်ငံတကာ ​အစည်းအဝေးကြီး ​တစ်ခု ​ကျင်းပဖို့ရှိပေမယ့် ​အီဘိုလာ ​အန္တရာယ်ကို ​စိုးရိမ်တဲ့အတွက် ​အစည်းအဝေးကို ​ပြင်သစ်နိုင်ငံမှာ ​ပြောင်းလဲ ​ပြုလုပ်မှာ ​ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးအတွင်း ​အာဖရိက၊ ​ပစိဖိတ်နဲ့ ​တခြားဒေသက ​ကိုယ်စားလှယ်တွေ ​တက်ရောက်ဖို့ရှိပြီး ​အီဘိုလာ ​ဖြစ်နေတဲ့ ​အနောက်အာဖရိက ​ဒေသက ​ကိုယ်စားလှယ်တွေလည်း ​တက်ရောက်မှာ ​ဖြစ်ပါတယ်။

အီဘိုလာရန်ကို ​စိုးရိမ်တဲ့အတွက် ​အစည်းအဝေးကို ​ပြန်သစ်နိုင်ငံကို ​ရွှေ့လိုက်ပြီး ​နောက်နှစ်မှပဲ ​Vanuatu ​နိုင်ငံမှာ ​လက်ခံကျင်းပမယ်လို့ ​သိရပါတယ်။

နောက်နှစ်မှ ​ကျင်းပမယ့်ဆိုရင် ​Vanuatu ​နိုင်ငံမှာ ​အီဘိုလာအတွက် ​ပြင်ဆင်မှုတွေ ​အလျင်အမြန်နဲ့ ​အချိန်မှီ ​လုပ်ဆောင်ဖို့ ​အချိန်ရမှာ ​ဖြစ်တယ်လို့ ​ဥရောပဆိုင်ရာ ​Vanuatu ​သံအမတ်က ​ပြောပါတယ်။


သြစတြေးလျကလည်း ​အီဘိုလာ ​ကူးစက်မှုဖြစ်ရင် ​ဘယ်လို ​လုပ်ကြမလဲဆိုတာကို ​ဆွေးနွေး

သြစတြေးလျနိုင်ငံမှာလည်း ​အီဘိုလာ ​ပျံ့နှံ့မှု ​ဖြစ်လာရင် ​ဘယ်လို ​လုပ်ဆောင်မလဲ ​ဆိုတာကို ​ဆွေးနွေးဖို့ ​ဒီကနေ့ ​ကျန်းမာရေးအာဏာပိုင်တွေ၊ ​အစိုးရအရာရှိတွေ ​ဆွေးနွေးကြမှာ ​ဖြစ်ပါတယ်။

အမေရိကန်မှာ ​အီဘိုလာ ​ကူးစက်မှု ​ဖြစ်ပေါ်ပြီးနောက် ​သြစတြေးလျကလည်း ​ဆွေးနွေးမှု ​လုပ်မှာ ​ဖြစ်ပါတယ်။

ဒီဆွေးနွေးမှုအတွင်း ​အီဘိုလာ ​ဖြစ်လာရင် ​ဘယ်လို ​လုပ်ဆောင်ကြမလဲ၊ ​နိုင်ငံတကာမှာ ​ဘယ်လို ​လုပ်ဆောင်နေကြသလဲ ​ဆိုတာတွေကို ​ဆွေးနွေးမှာဖြစ်ပြီး ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ​အကြံပေးမှုတွေကို ​လေ့လာမှာဖြစ်တယ်လို့ ​ကျန်းမာရေးဝန်ကြီး ​Peter ​Dutton ​က ​ပြောပါတယ်။


အမေရိကန်ကလည်း ​အီဘိုလာ ​ဖြစ်နေတဲ့နိုင်ငံက ​လူတွေကို ​အမေရိကန်ထဲ ​ပေးဝင်ဖို့ ​သင့်မသင့် ​စဉ်းစားနေ

အခုလောလောဆယ် ​အမေရိကန် ​အစိုးရကတော့ ​အနောက်အာဖရိက ​ဒေသက ​လူတွေကို ​အမေရိကန်နိုင်ငံထဲ ​ပြည်ဝင်ခွင့် ​ပေးသင့်မသင့် ​နေ့စဉ်နဲ့ ​အမျှ ​စဉ်းစားနေပါတယ်။

လိုင်ဘေးရီးယားနိုင်ငံကနေ ​ရောက်ရှိလာတဲ့ ​လူနာတစ်ဦးကနေ ​အမေရိကန် ​သူနာပြု ​နှစ်ဦး ​အီဘိုလာ ​ကူးစက်ခံရပြီးနောက် ​ရောဂါ ​ဖြစ်ပွားနေတဲ့ ​နိုင်ငံက ​လူတွေကို ​အမေရိကန်ထဲ ​ဝင်ခွင့်မပေးတော့ဖို့ ​တောင်းဆိုမှုတွေ ​များလာပြီးနောက် ​အမေရိကန်က ​စဉ်းစားနေတာ ​ဖြစ်ပါတယ်။

အရင်ကတည်းက ​နိုင်ငံတကာ ​လေဆိပ်တချို့မှာ ​အဖျားတိုင်းတာ ​စစ်ဆေးတာတွေ ​လုပ်နေပြီး ​အခုအခါမှာ ​နောက် ​လေဆိပ် ​လေးခုမှာ ​အိုဘိုလာ ​စစ်ဆေးမှုလုပ်ငန်း ​တိုးမြှင့်လုပ်ဆောင်လိုက်ပြီ ​ဖြစ်ကြောင်းလည်း ​သိရပါတယ်။

အနောက်အာဖရိကကို ​ပျံသန်းတဲ့ ​လေယာဉ်ပေါ်က ​လူနာကို ​စောင့်ရှောက်ခဲ့တဲ့ ​လေယာဉ်မယ်တစ်ဦးကလည်း ​အီဘိုလာ ​ရောဂါခံစားနေရပြီးနောက် ​အခုလို ​ထပ်မံ ​တင်းကြပ်လိုက်တာလည်း ​ဖြစ်ပါတယ်။

  ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ