Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

အီဘိုလာအတွက် အာဖရိက ၁၅နိုင်ငံကို ပိုကူမယ်

                                             
အီဘိုလာ ပညာပေး ပိုစတာ
အီဘိုလာ ရောဂါနောက်ထပ် ပြန့်ပွားမှုကို ကာကွယ်ဖို့နဲ့ ရောဂါ တိုက်ဖျက်ရေးအတွက် အာဖရိက ၁၅နိုင်ငံကို အထူး အာရုံစိုက်ပြီး ကူညီသွား မယ်လို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်က ပြောပါတယ်။ အီဘိုလာ ရောဂါကူးစက်မှုဟာ ၄ပတ် တကြိမ်လောက် ၂ဆဖြစ်လာပြီး အခုအခါ ရောဂါဖြစ်သူ ၉၀ဝ၀ကျော်နဲ့ သေဆုံးသူ ၄၅၀ဝကျော် သွားပြီလို့ WHO အရာရှိက ဂျနီဗာမှာ ပြောသွားပါတယ်။


အမေရိကန်ဆေးရုံတခုက သူနာပြု ဆရာမတယောက်ကို ဒုတိယမြောက် အဖြစ် အီဘိုလာ ကူးစက်တဲ့ သတင်းကို မီဒီယာတွေက အာရုံစိုက်ကောင်း စိုက်နိုင်ပေမယ့် တကယ် ဦးစားပေးရမှာကတော့ အာဖရိက ဖြစ်တယ်လို့ WHOက ပြောပါတယ်။ ကြောက်စရာ ကောင်းတဲ့ အနေအထားကတော့ ရောဂါဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံတွေက အိမ်နီးချင်းနိုင်ငံတွေကို ပြန့်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှုအားနည်းတဲ့ မာလီ အိုင်ဗရီကိုးစ် တောင်ဆူဒန်နဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံတို့က ဒီအထဲမှာ ပါဝင်ပါတယ်။ ဒီနိုင်ငံတွေအနေနဲ့ အီဘိုလာ ဖြစ်ပွားမှုကို စုံစမ်းပြီး အမြန်တုံ့ပြန်ဖို့ ရောဂါ မပြန့်ပွားအောင် လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။ ဒီလိုလုပ်ဖို့ သူတို့ကို နိုင်ငံတကာမှ ကူညီပံ့ပိုးမှု လိုအပ်ပါတယ်။

နိုင်ငံတကာက တုံ့ပြန်မှုနဲ့ပတ်သက်ရင် အလွန်စိတ်ပျက်စရာ ကောင်းတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ပြောပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေက ပိုမြန်မြန်ဆန်ဆန် ကူညီသင့်တယ်လို့သူက ဘီဘီစီကို ပြောပါတယ်။ ဒါနဲ့တဆက်ထဲမှာဘဲ လက်ရှိ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းကလည်း အနောက် အာဖရိကနိုင်ငံတွေမှာ အီဘိုလာရောဂါတိုက်ဖျက် ဖို့နိုင်ငံတကာအသိုင်းအဝိုင်းက ပိုလုပ်ကြဖို့ တိုက်တွန်းသွားပါတယ်။

အနောက် အာဖရိက နိုင်ငံတွေကို အကူအညီ တိုးပေးဖို့ လိုသလို အမေရိကန်နဲ့ ဥရောပတို့မှာလည်း ဒီလို ရောဂါဆိုးမျိုးအတွက် အမှားမခံနိုင်တဲ့အတွက် ဘယ်လောက် ခေတ်မီတဲ့ ကျန်းမာရေး မျိုးရှိပေမယ့် အကြံဉာဏ်တွေကို ပေးဖို့တော့လို အပ်သေးတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ်က ဝန်ခံသွားပါတယ်။

  ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ