Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရေး အခက်အခဲများ

သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်သည့် လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဆောင်ရွက်ရေးတွင် အခက်အခဲများ ရင်ဆိုင်နေရသည်ဟု အရပ်ဖက်အဖွဲ့အစည်းများ က ဆိုပါသည်။

EITI ဟုအတိုကောက်ခေါ်ကြသည့် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိရေးနှင့် တာဝန်ခံမှုရှိရေး ဆောင်ရွက်နေသော အဖွဲ့သို့ မြန်မာနိုင်ငံမှ ဝင်ခွင့်ရရှိရေး လျှောက်လွှာ တင်သွင်းထားပြီး အစိုးရ သာမက ကုမ္ပဏီများ က ပါ ယင်းလုပ်ငန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု ရှိရေးအတွက် လုပ်ဆောင်ကြရန် မြန်မာနိုင်ငံ က ရည်မှန်းထားသည်။

ထိုရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရန် အတွက် EITI ကချမှတ်ထားသော လုပ်ထုံးလုပ်နည်းများ ကိုလိုက်နာရန် လိုအပ်ပြီး အရပ်ဖက်အဖွဲ့အစည်းများ က ယင်းလုပ်ငန်းများ ကို စောင့်ကြည့်လေ့လာ ဆန်းစစ်မှုများ ကို လည်း ခွင့်ပြုရသည်။

အရပ်ဖက်အဖွဲ့အစည်းများ က ရှမ်းပြည်နယ်အတွင်းရှိကျောက်မီးသွေးတွင်းလုပ်ငန်းများ၊ အချို့ဒေသများတွင် လုပ်ကိုင်နေကြသော ရွှေတူးဖော်ရေး လုပ်ငန်းများ အား စောင့်ကြည့် လေ့လာရာတွင် ကုမ္ပဏီများ နှင့် ဒေသခံအာဏာပိုင်များ က ခွင့်မပြုသည်များ ရှိကြောင်း MATA; Myanmar Alliance for Transparency and Accountability အဖွဲ့က အောက်မြန်မာပြည်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ဦးဇော်ထွန်း က ဘီဘီစီ ကို ပြောပါသည်။

သယံဇာတတူးဖော်ရေး လုပ်ငန်းများကြောင့် ထိခိုက်မှုမည်မျှရှိနေသလဲ ကို ဒေသခံများအကြားတွင် ဆန်းစစ်လေ့လာသောအခါ တူးဖော်ရေးလုပ်နေသည့် ဒေသခံနှင့် ကုမ္ပဏီများ အကြား ပြဿနာ ဖြစ်ရန် အရပ်ဖက် အဖွဲ့အစည်းများ က လုပ်နေသည်ဟု ကုမ္ပဏီများ က စွပ်စွဲကြသည် ဟု လည်း သူက ပြောသည်။

အစိုးရက EITI သို့ဝင်ဖို့ ကြိုးစားနေသည့်ခြေလှမ်းများအား အားပေးမှုများလည်းရှိသလို လက်တွေ့တွင် အလုပ် မဖြစ်ပဲ အစီရင်ခံစာများတွင် သာ EITI ၏ လုပ်ထုံးလုပ်နည်းများ ကို လိုက်နာဆောင်ရွက်နေပါသည် ဟု တင်ပြ အစီရင်ခံမည့် အဖြစ်ကိုလည်း စိုးရိမ်နေမှုများ ရှိနေပေသည်။


EITI အဖွဲ့ဝင်နိုင်ငံတခုအဖ်ြစ မြန်မာနိုင်ငံ က လျှောက်လွှာ တင်ထား


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ