Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

မလေးရှား ဒုက္ခသည်စာသင်ကျောင်း

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ရဲ့ ရဲ့အဆို အရ မလေးရှား နိုင်ငံမှာ ပြည်တွင်း ဒုက္ခသည် တွေရော နိုင်ငံရေး ခိုလုံခွင့် တောင်းသူ အပါအ၀င် ဒုက္ခသည်(2)သိန်း လောက် နေထိုင် နေတယ်လို့ ဆိုပါတယ်။

ဒီထဲမှာ ဆာဘားဒေသက မွတ်စလင်တွေကနေ ကွာလာလမ်ပူမြို့က ဆိုမာလီဒုက္ခသည်တွေထိ လူမျိုးပေါင်းစုံပါဝင်ပါတယ်။ ဒုက္ခ သည်စခန်းက ကလေးတွေဟာ အစိုးရစာသင်ကျောင်းတွေကို တက်ခွင့်မရပါဘူး။ ခုဆိုရင် ဒုက္ခသည် စာသင်ကျောင်းဖွင့်လှစ်ပြီး လူအပ်ပညာရပ်တွေကို သင်ကြားပေးနေပါပြီ။

ဒုက္ခသည်စာသင်ကျောင်းက ကျောင်းသားတွေကို တနေ့ ၅ နာရီနှုန်းနဲ့ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံနဲ့ အခြား ဘာသာရပ်တွေဖြစ်တဲ့ အနုပညာ၊ ကွန်ပျူတာ၊ ကဇာတ်နဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်းနည်း စတာတွေကို သင်ကြားပေးပါတယ်။

ဒီကျောင်းကို မစ္စ မလေးရှားမယ်ဟောင်း ဒက်ဘရာ ဟင်နရီရဲ့  အကူအညီနဲ့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ဒက်ဘရာ ဟင်နရီက “၂၀၀၇ ခုနှစ် မစ္စ မလေးရှားဆုကို ကျမ ရပြီးတဲ့အချိန်မှာ မလေးရှားမှာ အန်ဂျီအိုတွေ လုပ်နေတဲ့အလုပ်တွေ လုပ်ဖို့ ရှာရင်းနဲ့ UNHCR နဲ့ အဆက်အသွယ်ရခဲ့ပါတယ်။ နောက်ကျတော့ သူတို့ကျမကို လှမ်းဆက်သွယ်ပြီး ဒုက္ခသည်တွေနဲ့ပတ်သက်လို့ မှတ်တမ်းယူပေးနိုင်မလားလို့ ကမ်းလှမ်းခဲ့ပါတယ်။ ကျမတို့သွားတွေ့ဖူးတဲ့ မိသာစုတွေထဲက တစုကတော့ ဆိုမာလီမိသားစုပါ။ ဒီကတိုက်ခန်းတခုမှာ နေပါတယ်။ ကျမက သူတို့ ကလေး ၄ ယောက်မှာ ဘာမှလည်းမသိ၊ ကျောင်းလည်းမနေရ၊ ဘာပညာမှလည်းမရှိ၊ လုံးလုံးအမှောင်ကျနေတာကို မြင်ခဲ့ရပါတယ်။ ဒီတော့ ကျမမှာ မျက်ကွယ်မပြုနိုင်ဘဲ တခုခုလုပ်ပေးရမယ်ဆိုတဲ့ အတွေးရသွားပါတယ်။”

ဒီလိုနဲ့ ဟင်နရီဟာ ဆိုမာလီဆရာလည်းဖြစ်၊ လူထုခေါင်းဆောင်လည်းဖြစ်တဲ့ ရှာဖီရှာရစ်မိုဟာမတ်နဲ့ မဟာမိတ်ဖွဲ့လိုက်ပါတယ်။

“ဆိုမာလီမှာစစ်ဖြစ်နေလို့ မလေးရှားကို ကျနော်ရောက်လာတာပါ။ ဒီရောက်တော့ ဆိုမာလီမှာ စစ်ဖြစ်နေတဲ့အတွက် ကျနော့်အနေနဲ့ အကာအကွယ်ယူဖို့လိုပါတယ်။ သူတို့မှာက ပညာသင်စရာနေရာမရှိဘူး။ ဒါနဲ့ ကျနော့်မှာ ငွေနည်းနည်းရှိလေတော့ ဒီကလေးတွေရဲ့ပညာရေးအတွက် သုံးရင်ကောင်းမယ်ဆိုပြီး တွေးမိသွားတာပါ” လို့ ရှာဖီက ပြောပါတယ်။

ဆိုမာလီက ပုဂ္ဂလိကပညာသင်ကျောင်းမှာလည်း ကျောင်းဆရာလုပ်ခဲ့ဖူးတယ်လို့ ရှာဖီရှာရစ်မိုဟာမတ်က ပြောပါတယ်။

“ဆိုမာလီမှာတုန်းကတော့ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် တက်တက်ကြွကြွ လုပ်ပေးခဲ့ဖူးပါတယ်။ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ လိင်အကြမ်းဖက်မှု စတဲ့အကြောင်းတွေကို စာတမ်းဖက်ပွဲတွေ လုပ်ခဲ့ဖူးပါတယ်။ ဒီတော့ ကျနော့်နိုင်ငံမှာ တက်ကြွလှုပ်ရှားသူအနေနဲ့ အလုပ်လုပ်ခဲ့ဖူးတယ်။ စာသင်ခဲ့ဖူးတယ်။ ဒါကြောင့် ဒီရောက်လာတော့ ကျနော်က လူမျိုးစုခေါင်းဆောင်အနေနဲ့ရော၊ ဆရာအနေနဲ့ပါ နေရာရလာတာပါ။”

သီးသန့်အလှူရှင်တွေ၊ စုပေါင်းအလှူရှင်တွေနဲ့ ရန်ပုံငွေရှာဖွေရေးအဖွဲ့တွေရဲ့ မတည်မှုနဲ့ ဒုက္ခသည်ကျောင်းလေးဟာ ကျောင်းသူ/သားတွေကို စာအုပ်တွေ၊ အချိန်ပြည့်ဝန်ထမ်းတွေ၊ ဆရာ/မတွေနဲ့ ဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ။ ခုဆိုရင် ဒီကျောင်းလေးက ဒုက္ခသည်ကျောင်းသူကျောင်းသားတွေကို မလေးရှား လူ့အဖွဲ့အစည်း ရဲ့ တစိတ်တပိုင်းဖြစ်လာအောင် ကြိုးစားကူညီပေးနေပြီ ဖြစ်ပါတယ်။

ဒက်ဘရာ ဟင်နရီက “မလေးရှားလူမျိုးတယောက်အနေနဲ့၊ မစ်မလေးရှားမယ်ဟောင်းတယောက်အနေနဲ့ပါ သူတို့ကို ကျမက ဒီမှာနေရတဲ့အချိန်လေးကို သတိတရရှိနေစေချင်ပါတယ်။ သူတို့ကို စောင့်ရှောက်တဲ့ မလေးလူမျိုးတွေ ရှိခဲ့ပါလားဆိုတာ သိစေချင်ပါတယ်။ သူတို့ကို ကျမတို့က နိုင်ငံခြားသားတွေ၊ တရားမ၀င်အခြေချသူတွေ၊ တဖက်သားအပေါ်မှီခိုနေရတဲ့ ဒုက္ခသည်တွေအဖြစ် မမြင်ခဲ့ပါဘူး။ သူတို့က ဒီနိုင်ငံစီးပွားရေးအတွက်ရော လူ့အသိုင်းအ၀ိုင်းအတွက်ပါ တတပ်တအားပါပဲ။ ဒီမှာ သင်ယူစရာတွေရှိတယ်။ အတွေ့အကြုံကောင်း တွေရှိတယ်။ ဖလှယ်စရာတွေရှိတယ်။”

မိုဟာမတ်အဒူလာဟာ ဒီကျောင်းမှာတက်ရောက်တဲ့ ကျောင်းသား ၁၀၀ ထဲက တယောက်ပါ။ ဆိုမာလီ ကနေ စစ်ပြေးပြီး ၂၀၀၈ နိုဝင်ဘာလမှာ မလေးရှားကို ရောက်လာသူပါ။

“ကျနော် မလေးရှားတက္ကသိုလ်တက်ချင်ပါတယ်။ ကျနော့်ကလေးနဲ့ ဇနီးကိုခေါ်ပြီး ဒီမှာပဲ ဘ၀သစ် စချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာ၊ ဒီဒေသအစားအစာ၊ ဒီနိုင်ငံသား ဒီဘာသာစကားနဲ့ အသားကျနေလို့ပါ။ ဒီက လောကသဘာဝတွေ၊ လူသဘာဝတွေအားလုံးကို ကျနော်သိနေလို့ပါ။ ဒီနိုင်ငံက သိပ်ကိုအေးချမ်းတဲ့ မွတ်စလင်နိုင်ငံတခုပါ။ စွဲမက်ဖို့ကောင်းပြီး သိပ်လှပါတယ်” လို့ မိုဟာမတ်အဒူလာက ဆိုပါတယ်။

ဒက်ဘရာဟင်နရီကတော့ ဒီကျောင်းလေးပေါ်ထားတဲ့ မျှော်လင့်ချက်က မြင့်မားပါတယ်။

“ကျမတို့က သူတို့ကို မလေးရှားနိုင်ငံမှာ၊ ဆိုမာလီမှာ၊ ရှင်သန်ဖို့အတွက်တင် မဟုတ်ဘဲ ကမ္ဘာကိုခြေဆန့်နိုင်အောင်ပါ ပြင်ဆင်ပေးမှာပါ။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့ ယုံကြည်မှုရှိတဲ့ သူတွေအဖြစ် လွတ်လွတ်လပ်လပ် ရပ်တည်နိုင်အောင် ပြင်ဆင်ပေးမှာပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဘယ်ဒေသမှာပဲနေနေ ခံနိုင်ရည်အပြည့်နဲ့ ရှင်သန်နိုင်အောင်လို့ပါ။”

သင်္ချာဘာသရပ်တွေကနေ လူထုကြားမှာ စကာပြောစွမ်းရည်မြှင့်တင်တဲ့အစီအစဉ်တွေ သရုပ်ဆောင်တာတွေထိ ကျောင်းသားတွေကို ဒုက္ခသည်ကျောင်းလေးက  ပညာရေးကိုပေးအပ်နေပါပြီ။ ဒီကျောင်းလေး သာမရှိရင် ဒီကကလေးတွေအဖို့ ပညာသင်စရာနေရာမရှိတော့ပါဘူး။

အေးရှားကောလင်း အစီအစဉ်အတွက် သတင်းထောက် အေယာဆဲ့ဒ်က သတင်းပေးပို့တာဖြစ်ပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ