Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ် ရာနှင့်ချီ ကျဆုံး၊ ပြန်ဆုတ်ခွာနေပြီဟုဆို

ဆီးရီးယားနယ်စပ်မြို့ ကိုဘာနီမြို့မှာ အမေရိကန်လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ရာနဲ့ချီတဲ့ အစ္စလာမ္မစ် နိုင်ငံတော်အမည်ခံ အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့တွေ သေဆုံးခဲ့ပြီး သူတို့ သိမ်းပိုက်ခဲ့တဲ့ နေရာတွေကနေ ပြန်ဆုတ်ခွာနေတယ်လို့ ကာဒ့်တပ်မှူးတဦးက မနေ့က ပြောဆိုပါတယ်။

မြို့အရှေ့ပိုင်းက လွဲရင် ကျန်တဲ့ဘက်တွေကနေ ပြန်ဆုတ်သွားပြီလို့ ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အမေရိကန်ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်လုပ်ခဲ့ပြီး ထိရောက်မှုလည်း ရှိခဲ့ပါတယ်။

ကာဒ့်တပ်မှူးတဦးက ထောက်ပံ့ရေးပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်ကူတွေလည်း ရရှိနေပြီး ဘယ်ကနေ ဘယ်လောက်ရတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။ ဒါကြောင့် ကိုဘာနီမြို့ဟာ မကြာခင် ပြန်လည် လွတ်မြောက်မယ်လို့ ပြောဆိုပါတယ်။

ကိုဘာနီမြို့ဟာ အိုင်အက်စ်အကြမ်းဖက်စစ်ဆင်ရေးမှာ အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေ  ဘယ်လောက်ထိရောက်၊ အောင်မြင်သလဲဆိုတဲ့ စမ်းသပ်မှု တခုလည်း ဖြစ်ပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေက အိုင်အက်စ်တွေကို ဟန့်တားတဲ့အဆင့်တော့ ရှိပေမယ့် တကယ်မြေပြင်မှာတော့ ကိုဘာနီမြို့ လုံခြုံရေးဟာ စိုးရိမ်နေရဆဲလို့ အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောဆိုပါတယ်။

၁ လကြာ ကိုဘာနီတိုက်ပွဲတွေမှာ လူ ၆၀၀ ကျော် သေဆုံးခဲ့ပြီး ဒေသခံ ၁၆၀၀၀၀ ကျော်လည်း မြို့ကနေ ထွက်ပြေးခဲ့ကြရပါတယ်။

ကိုဘာနီမြို့ကို သိမ်းပိုက်နိုင်ရင် ဆီးရီးယားနဲ့ အီရတ်နိုင်ငံက သိမ်းပိုက်ထားတဲ့ နယ်မြေတွေနဲ့ တူရကီနယ်စပ်တကြောလုံးကို အိုင်အက်စ်တပ်တွေကို ထိန်းချုပ်ခွင့်သွားမှာလည်း ဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ