Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, October 17, 2014

မီးကွင်းဘုရားမှ အသံထွက်သည်ဆို၍ လာရောက်ကြည့်ရှုသူများခဲ့

ထူးဆန်းသည့် အသံကြီးမှာ ဘုရားကြီးသည် မြစ်ကမ်း နံဘေးတွင်ရှိ၍ ဂန္ဓကုဋီ တိုက်အောက်တွင် လိုဏ်ခေါင်း ဖြစ်ပေါ်ကာ ငါးကြီးများ ရှိနေ၍ ရိုက်ခတ်သံ လည်း ဖြစ်နိုင်ကြောင်း . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျိုက်လတ်မြို့ တန်ခိုးကြီးမီးကွင်းဘုရားကြီး၌ သီတင်းကျွတ်လပြည့်နေ့ နောက်~ တစ်ရက် လပြည့်ကျော် ၁ ရက်၊ ၂ ရက်၊ ၃ ရက်၊ အောက်တိုဘာလ ၉ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နေ့များတွင် နဂါးလှုပ်သံများ၊ ထူးဆန်းသည့် အသံများ ကြားနေရသဖြင့် ကျိုက်လတ်မြို့ရှိ မဟာ ဒွါရနိကာယဆရာတော် ဘုရားကြီးကိုယ် တိုင် မီးကွင်း ဘုရားကြီးသို့ သွားရောက်ကြကာ ဘုရားအနေကဇာတင် ပူဇော်ခဲ့ကြပြီး မေတ္တာပို့၊ အမျှများ ပေးဝေခဲ့ရကြောင်း မီးကွင်းဘုရား သြ၀ါဒ ဆရာတော်များဖြစ်ကြသည့် ကျိုက်လတ်မြို့မှ ဓမ္မပါလရွှေကျင် ကျောင်း ဆရာတော် ဦးဝိမလနှင့် ပညာဇေ ယျုံဆရာတော် ဦးနနိ္ဒယသီရိတို့ မိန့်ကြားခဲ့ကြ သည်။

ဂေါပကဥက္ကဋ္ဌ ဦးတင်အုန်းက-

ဆီးမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ သစ်သီးတစ်ထောင် အလှူပွဲရှိတဲ့နေ့က ထိုင် နေကြတာ၊ ပြီးတော့ နှစ် ယောက် တည်း ကျန်နေကြ တာ၊ မော်တော်ေ ရပက် သလို ကြားနေရတော့ သွားကြည့်တာ မဟုတ်ဘူး ဖြစ်နေ တယ်။ ဘယ်လိုအသံလဲဆိုတာ ပြောမပြတတ်ဘူး။ အဲဒီညက ဘာမှမလုပ်ခဲ့ဘူး။ ဒုတိယနေ့ကျမှ အသံဖမ်းထား တာ။ အဲဒီအသံမျိုးကို ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ ကျွန်တော်တို့ကတော့ ဘာမှမသိတော့ ဆရာ တော်တွေ သွားလျှောက် သွားပင့်တာပဲ။
ရွှေကျင်ဆရာတော်ဦးဝိမလက သုံးသပ်ရာတွင်-

ဦးဇင်းသုံးသပ်ချက်ကတော့ ဒီဘုရား ကြီးမှာရှိတဲ့ စောင့်တဲ့ပုဂ်္ဂိုလ်များနဲ့ အသိ ပေးချက်တိုက်တွန်းချက် ကောင်း တဲ့ဟာ ပေါ်ပေါက်မှာမို့လို့ သတိပေးတာလား …။ ခွဲခြားလို့မရဘူး။ တစ်ခုခုတော့ ထူးဆန်းလိမ့်မယ်လို့ အကောင်းဘက်က ပြန်မြင်တာပေါ့။ ဒီမှာစည်ကားလာမယ်လို့ ရှေးရှေး ကပြောခဲ့တာ၊ ဘုန်းကံတွေ ပွင့်တော့ မယ်လို့ ယူဆရပါတယ်။ မီးကွင်းဘုရားကြီး ရဲ့သမိုင်းက အရှည်ကြီးပဲ။

ရွှေပေါ်ကျွန်းဆရာတော်ဘုရားကြီး ရှိစဉ်က ဒီဘုရားကြီးကို ဆရာတော် ဘုရားကြီးရဲ့ တန်ခိုးအာနုဘော်တွေနဲ့ ကူညီပူဇော်ခဲ့ဖူးတယ်။ ဦးဇင်းဒီကိုရော က်ပြီး အခု ၃၄ နှစ်ကာလမှာ ဒီလိုအသံမျိုး တစ်ခါမှ မကြားခဲ့ရဖူး ဘူး။ ရေငြိမ်ပြီး ပကတိအတိုင်းမှာ ဒီအသံတွေထွက်နေတာ သံဃာစင်၊ အဆောင်သစ်၊ မြစ် ကမ်း ပါး ဘုရား နောက် ကြော အဲဒီနေရာတွေမှာ ကြားရတာ။ ရွှေပေါ်ကျွန်း ဆရာတော်ဘုရားကြီး ဒီမှာအမြဲရှိနေ တဲ့သဘော ယုံကြည် မိတယ်။ ဒါ့ကြောင့် ဆရာတော်ဘုရားကြီးရဲ့ပုံတော် ဟိုမှာ ဒကာကြီးတို့တွေ့တဲ့ တိုင်း အတိုင်း ပူဇော်ထား တာဖြစ်တယ်။

အမှတ်(၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်က-

ထင်မြင်ချက်ကတော့ သိပ်မပေးပ ဘူး။ ဒါပေမဲ့ သာမန်အသံထက်တော့ ထူးခြားနေတာအမှန်ပါ။ ပထမဆုံးနေ့ ကျွန်တော့်ကို လာခေါ်တဲ့အချိန်က (၉)နာရီ လောက်ကလာပြီးတော့ အကြောင်းကြား တော့ ကျွန်တော်ရောက် လာတယ်။ ပထမ မကြားရသေးဘူး။ စက်တစ်ခုကြောင့် တုန်တာလားပေါ့။ စူးစမ်းနေတုန်း အဲဒီအသံ ကြီးကြား ရတာပဲ။ ကျွန်တော် ကြက်သီးထသွားတယ်။ ထူးဆန်းတဲ့အသံမို့ ကြက်သီးထတာ၊ ဒါ ကျွန်တော့်ယူဆချက် ပေါ့နော်။

အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်တွင် အစိမ်းရောင် ရှိ မြွေကြီးတစ်ကောင်မှ မီးကွင်းမြတ်စွာ ဘုရား အားလာရောက်၍ ဦးခိုက် ဖူးမြော်ကြည်ညိုခဲ့သည်ကို ထူးဆန်းစွာတွေ့ရှိခဲ့ရသည်။ မအေးဝင်းဆိုသော အမျိုးသမီးတစ်ဦး ဘုရားဝတ်ပြုနေစဉ် ၎င်း၏ဘေးတွင် မြွေစိမ်းတစ်ကောင်ေ ရာက်ရှိလာ၍ ပါးပျဉ်းထောင်ကာ ဘုရားကြီးအား ၆ မိနစ်ခန့်ကြာ ၀တ်ပြုခဲ့သည် ကို အံ့သြစွာ တွေ့မြင်ခဲ့ရသည်။ အဆိုပါမြွေကြီးသည် ၀တ်ပြုပြီး နောက် ထူးဆန်းသည့် အသံများထွက်ပေါ်ရာ ဘုရားကြီး၏ ဂန္ဓကုဋီတိုက် အနောက် ဘက်သို့ ၀င်ရောက် ပျောက်ကွယ်သွားခဲ့သည်။ ၎င်းအခြင်းအရာများအား ဘုရားဂေါပကအဖွဲ့မှ မှတ်တမ်းဓာတ်ပုံရိုက် ယူ နိုင်ခဲ့သည်။ ထိုသို့ ထူးဆန်း သည့်အသံကြီးမှာ ဘုရားကြီးသည် မြစ်ကမ်းနံဘေးတွင်ရှိ၍ ဂန္ဓကုဋီတိုက်ေ အာက် တွင် လိုဏ် ခေါင်းဖြစ်ပေါ်ကာ ငါးကြီးများရှိနေ၍ ရိုက်ခတ်သံလည်းဖြ စ်နိုင်ကြောင်း သဘာဝ၏နိယာမ အတိုင်း လေ့လာသုံး သပ်သူများ လည်းရှိနေကြသည်။ ထိုသို့ မည်သည့် အကြောင်းကြောင်းေ ကြာင့်ပင်ဖြစ်စေ ကာမူ ဘုရားကြီးတွင် နေ့ညမပြတ်လူများစည် ကားနေသည်ကတော့ ဘုရားကြီးတန်ခိုး တက်ချင်၍ အကြောင်းတရား များ ဖြစ်ပေါ်လာ ခြင်း ပင်ဖြစ်ကြောင်း ကျိုက်လတ်မြို့နေ ပြည်သူလူထုက ဝေဖန်ပြော ဆိုလျက်ရှိနေကြ သည်။

ဂေါပကအဖွဲ့ မှတ်တမ်းစာအုပ်မှ ကူးယူခဲ့သော ကျိုက်လတ်မြို့ မီးကွင်းဘုရား ကြီးသမိုင်း၌

ဤဘုရားကြီးကို ပန်းထိမ်ဆရာကြီး ၀ါးခယ်မလမ်းသမိုင်းဇာတိ ရုပ်သေးဆရာကြီး ဦးကျော်ရွဲ၊ ဒေါ်ရမ်းတို့၏ သားဦးရှိန် က ၁၉၃၈ခုနှစ်တွင် ၎င်း၏ကြယ်သီးကြိုး တစ်ကုံးကို ငွေ၄၀၀ဖြင့်ရောင်းချ၍ ၎င်း ကိုယ်တိုင်ပြုပြင် မွမ်းမံခဲ့ခြင်းဖြစ်သည်။ (၎င်းအချိန်က ဘိလပ်မြေတစ်အိတ် တန်ဖိုးမှာ ၃ ကျပ်ခွဲကျော် ၄ ကျပ်မျှရှိသည်ဟု ဆို သည်)။ ဦးရှိန်၏ဖခင်သည် ရုပ်သေးကြိုး ဆွဲဆရာကြီးတစ်ဦးဖြစ်၍ ရုပ်သေးရုပ်ပြု လုပ်ခြင်းအတတ်ကို ဦးရှိန် အတန်အသင့် တတ်ခဲ့သည်။ ဤအတတ်ဖြင့် ရွာလယ် သိမ်ကျောင်းအတွင်းမှ ကြေးဘုရားတစ်ဆူ ကိုပင့်၍ နမူနာပြုလုပ်ထု လုပ်ခဲ့ရာ ယခုဖူး မြင်ရသော မီးကွင်းဘုရားကြီး ဖြစ်ပေါ်လာသည်။ ယခုဘုရားရှင်နှင့် ယှဉ်လျက် ရှိသော ကြေးဆင်း တုမှာ ဦးရှိန်နမူနာ ပြုလုပ်ရန် ရွာလယ်သိမ်ကျောင်းအတွင်းမှ ပင့်ဆောင်ခဲ့သော ကြေးဆင်း တုဖြစ်သည်။ အခြားဆင်းတုများမှာ သိမ်မီးလောင်ရာတွင် မီးသင့်ပျောက်ကွယ်ခဲ့ရသည်။

၁၉၄၉ ခုနှစ်တွင် ပြည်တွင်းစစ်မီးကြောင့် ကွင်းပေါက်ပိုင်း မီးလောင်သည်။ ရပ်ကွက်တစ်ခုလုံး မီးသင့်လောင်၍ ကွန်ကရစ်ဘုရားကြီး တစ်ဆူတည်းသာ ထီးထီးကျန်ခဲ့၍ မီးကွင်းဘုရားကြီးဟု အမည်တွင်ခဲ့သည်။

၁၉၇၈ ခုနှစ် ဇွန်လ (၂၀)ရက်နေ့တွင် မြစ်ရေတိုက်စား၍ ဘုရားကြီးအနောက် ဘက်သို့လန်ကာ ရင်ဘတ်တော် ကွဲအက်ပြီး ဌာပနာများထွက်လာ၍ ဦးစိန်မင်းက မတည်ငွေ ၈၀၀၀ ဖြင့် ဂေါပကအဖွဲ့ကို ဖွဲ့စည်း၍ ပြုပြင်ခဲ့ပါ သည်။ ၁၃၄၀ ပြည့်နှစ် နယုန်လပြည့်နေ့တွင် စတင်ပြုပြင်ခဲ့၍ ၁၃၄၀ ပြည့်နှစ် နယုန်လပြည့်ကျော် ၉ ရက်နေ့ တွင် ပြင်ဆင်ခြင်းလုပ်ငန်းပြီး ဆုံးခဲ့ပါသည်။ ဂေါပကအဖွဲ့တွင် ၁။ဦးရှိန်၊ ဥက္ကဋ္ဌ ၂။ ဦးစိန် မင်း၊ ဒုဥက္ကဋ္ဌ ၃။ဦး ကျော်သန်း၊ ဒု ဥက္ကဋ္ဌ ၄။ဦးသောင်း၊ အတွင်းရေးမှူးအဖွဲ့က ဘုရားကြီးနောက် လန်သွားသည်ကို ချိန်း ဘလောက်ဖြင့် ဆွဲတည့်၍ထားကာ ခေါင်းတွင်းသို့ ဘိလပ်မြေဖျော်လောင်းဖြည့်ခဲ့သည်။ မူလပုံစံ အတိုင်းဖြစ် သွားမှ စတီး ကြိုးများဖြုတ်ရန် ဦးရှိန်က အချောကိုင်ပေး ခဲ့သည်။ ဘုရားအနောက်ဘက်မြင်ကွင်းကို ကျောက်မာ များချ၍ ကွန်ကရစ်ထုတ်ခတ်ခဲ့သည်။ ၁၃၄၀ ပြည့် နယုန်လပြည့်ကျော် (၇)ရက်နေ့တွင် ဌာပနာများ ပြန်လည် ထည့်သွင်းပြီး အပြီးသတ်ခဲ့သည်။

၁၃၅၂ခုနှစ်တွင် မြစ်ရေတိုက်စား၍ ထပ်မံကွဲအက်ပြန်ရာ ဦးချစ်ရွှေ(ဥက္ကဋ္ဌ)က ပြုလုပ်၍ ပြန်လည်ပြုပြင်ခဲ့သည်။ မြစ် ကမ်းဖက် အုတ်မြစ်ချခြင်းအတွက် အလှူခံကောက်ခံရရှိငွေ ၅၅၀၀၀၀ကျပ်တိတိအ ကုန်အကျခံပြုပြင် ခဲ့သည်ဟုဆိုပါသည်။

၁၃၅၃ ခုနှစ်တွင် ဂန္ဓကုဋီတိုက် အတွက် ဦးတင်ရွှေ၊ ဒေါ်ရင်သန်းတို့က ၁၅၀၀၀၀ အကုန်အကျခံ လှူဒါန်းခဲ့ သည်။ ၁၃၅၃ ခုနှစ် ၀ါဆိုလတွင် အပြီးသတ် သည်။ ၁၃၆၂ခုနှစ်တွင် မငေးကျောင်းအနီးစေတီမှ ထီးတော်ကို ပြုပြင်ရွှေချ၍ ဦးတင်ရွှေ၊ ဒေါ်ယဉ်သန်းတို့က မီးကွင်းဘုရားကြီးအား ထီးတင်လှူဒါန်းခဲ့ပါသည်။











ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ