Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, October 13, 2014

လိပ်ကျွန်းအရေး ထိုင်း၊ မြန်မာ၊ ဗြိတိန် တွေ့ဆုံမည်

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်းမှာ ဗြိတိန်နှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာ၊ ထိုင်း၊ ဗြိတိန်နိုင်ငံက တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံဘန်ကောက်မှာ ပထမဆုံးအကြိမ်  အောက်တိုဘာ ၁၄ ရက်နေ့ မနက် သုံးဖွဲ့စုံညီ တွေ့ဆုံကြမှာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်လို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မြန်မာသံရုံးနဲ့ ဗြိတိန်သံရုံးက တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ပြီးတဲ့နောက် သုံးနိုင်ငံ တာဝန်ရှိသူတွေ တွေ့ဆုံကြမယ်လို့ ပြောပါတယ်။

“အဓိကကဗျာ၊ သေတာက ဗြိတိန်၊ ကျူးလွန်တယ်လို့ သံသယရှိတာက မြန်မာ၊ ဖြစ်တာက ထိုင်းမှာဖြစ်တယ်။ အဲဒီတော့ သုံးနိုင်ငံ ပါဝင်ပတ်သက်နေတဲ့ကိစ္စမှာ မျှတတဲ့၊ ထိုင်းရဲကလည်း သူတို့ဘက်က အာမခံထားတယ် သူတို့ရဲ့ စုံစမ်းစစ်ဆေးမှု၊ ဒါကိုလည်း ကျနော်တို့ သက်ဆိုင်ရာ နိုင်ငံအစိုးရတွေရဲ့ကိုယ်စား သံရုံးတွေကို ရှင်းပြမှာပေါ့နော်၊ ဒါမျိုးဖြစ်လိမ့်မယ်။ ပြီးတော့မှ ဒီဟာနဲ့ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ဖို့အတွက်၊ အပြစ်ရှိရင်လည်း အပြစ်ရှိတဲ့အလျောက်ပေါ့နော်။ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေရဖို့ပေါ့ ဒါမျိုးတွေ ညှိကြနှိုင်းကြဖို့ပါ။

“အထူးသဖြင့်တော့ ထိုင်းနိုင်ငံရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ဘာမှ ဝေဖန်ချက် မပေးလိုဘူးပေါ့နော်။ သို့သော်လည်းပဲ သူ့နိုင်ငံသား၊ ကိုယ့်နိုင်ငံသား ပါဝင်ပတ်သက်တဲ့ကိစ္စကို ကျနော်တို့က မျှော်လင့်တာပေါ့။ သုံးဦးသုံးဖလှယ်တွေ့ပြီးသွားပြီဆိုရင် ကျူးလွန်တဲ့ သူတွေကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ပြစ်မှုကျူးလွန်ခြင်းမရှိဘူးဆိုရင်လည်း မှားယွင်းအရေးယူပေးခြင်းမရှိစေဖို့၊ အဲဒါနဲ့ပတ်သက်ပြီး မျှမျှတတ မှန်မှန်ကန်ကန် ဖြေရှင်းဆောင်ရွက်မယ့် နည်းလမ်းတွေပေါ့။

“အထူးသဖြင့်ပေါ့ သုံးနိုင်အကြား နားလည်မှု၊ ယုံကြည်မှုတွေ မပျောက်ပျက်ဘဲနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် လမ်းကြောင်းတွေ ဘယ်လိုရမလဲဆိုတာ အဲဒါ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်တယ်၊ ကျနော်တို့ဘက်ကတော့” လို့ ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့က အသက်နှစ်ဆယ်ကျော် ဗြိတိသျှလူမျိုး လူငယ်အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၁ ဦး ခိုတောင် ကျွန်းကမ်းစပ်မှာ သတ်ဖြတ်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာလူငယ် ၂ ဦး စွပ်စွဲဖမ်းဆီးခံနေရတာပါ။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ