Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 12, 2014

အားပြင်းတိုင်ဖုန်း ဂျပန်ဦးတည်

အရွယ်အစားကြီးမားပြီး အင်အားပြင်းတဲ့ မုန်တိုင်းတခု ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းတွေကို ဦးတည်ပြီး တဖြည်းဖြည့် ရွေ့လျားနေပါတယ်။ Vongfong မုန်တိုင်းအရှိန်ကြောင့် Okinawa ကျွန်းပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် ဓါတ်အားလိုင်းတွေ ပြတ်တောက်ခဲ့တဲ့အတွက် လူပေါင်းထောင်သောင်းချီ လျှပ်စစ်မီးမရဖြစ်နေကြပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၁၂ ယောက်ထက် မနည်းရှိသလို လေယာဉ်ခရီးစဉ်တွေလည်း ထိခိုက်နေပါတယ်။ စနေနေ့နှောင်းပိုင်းလောက်မှာ Okinawa ကျွန်းနဲ့ အနီးဆုံးနားအထိ မုန်တိုင်းဖြတ်သွားမယ်လို့ မိုးလေဝသခန့်မှန်းသူတွေ မျှော်လင့်ထားကြပါတယ်။

ရှေ့သီတင်းပတ်အစောပိုင်းလောက်မှာ Kyushu နဲ့ Honshu ကျွန်းတွေဖက်ကို မုန်တိုင်းဦးတည်သွားမယ်လို့ ခန့်မှန်းပါတယ်။ Vongfong တိုင်ဖွန်း မုန်တိုင်းဟာ ပြီးခဲ့တဲ့ရက်တွေမှာ အားပျော့သွားခဲ့ပေမဲ့လဲ လေပြင်းတိုက်နှုန်းက တနာရီကို ၁၄၅ မိုင်လောက်ရှိခဲ့ပါတယ်။

ဂျပန်နိုင်ငံဖက်ကို တနာရီ ၆ နိုင်နှုန်းလောက်နဲ့ ဦးတည်နေတဲ့ မုန်တိုင်းကြောင့် ရေကြီးနိုင်တဲ့အန္တရာယ်လည်း ရှိနေပါတယ်။ Vongfong မုန်တိုင်းဟာ တရုတ်လို နကျီကောင်လို့ အဓိပ္ပာယ်ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ Phanfone မုန်တိုင်းဒဏ်ကို ဂျပန်နိုင်ငံခံထားရပြီး အဲဒီမုန်တိုင်းတုန်းကလည်း အမေရိကန်စစ်မှုထမ်း ၃ ယောက် အပါအဝင် ၇ ယောက်သေဆုံးခဲ့ပါတယ်။


ဂျပန်ဆီ ဦးတည်လာနေတဲ့ Vongfong မုန်တိုင်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ