Andhra Pradesh နဲ့ သြရိဿပြည်နယ် အရှေ့ပိုင်းကမ်းရိုးတန်းတလျှောက်မှာ စနေနေ့က ကယ်ဆယ်ရေး လုပ်သားတွေဟာ အသင့်အနေအထား ပြင်ထားကြပါတယ်။ ဆိုင်ကလုံး Hudhud ဟာ တနင်္ဂနွေနေ့မှာ Andhra Pradesh ပြည်နယ်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Visakha- patnam ဆိပ်ကမ်းမြို့နားကို ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီမြို့ဟာ အိန္ဒိယနိုင်ငံရဲ့ အဓိက ရေတပ်အခြေစိုက်စခန်းချရာ နေရာဖြစ်ပါတယ်။ အခုတိုက်ခတ်မယ့် ဆိုင်ကလုံးမုန်တိုင်းဟာ ပြင်းအား တနာရီ မိုင် ၁၂၀ ကျော်နှုန်းအထိ ပြင်းထန်နိုင်ပြီး အလွန်အားပြင်းတဲ့ မုန်တိုင်း တခုလို့ အိန္ဒိယ မိုးလေဝသဌာနက ဖော်ပြထားပါတယ်။
မုန်တိုင်း Hudhud ပြင်းပြင်းထန်ထန် ဝင်မွှေနိုင်တဲ့ ဒီပြည်နယ် နှစ်ခုအတွက် ကူညီကယ်ဆယ်ရေး အပြည့်ပေးဖို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi က စနေနေ့ကပြောထားပါတယ်။ သြရိဿပြည်နယ် အာဏာပိုင်တွေက လည်း ဘေးရန်သင့်နိုင်တဲ့ လူ သုံးသိန်းလောက်ကို လိုအပ်ရင် ဘေးလွတ်ရာ ပို့ဆောင်နိုင်ဖို့ ပြင်ဆင်ပြီး စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
![]() |
| Gopalpur မြို့အနီး ဘင်္ဂလားပင်လယ်အော် အတွင်း တွေ့ရသည့် လှိုင်းလုံးကြီး များ။ အောက်တိုဘာ ၁၁၊ ၂၀၁၄။ |




































No comments:
Post a Comment