Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, October 12, 2014

ဟွဒ်ဟွဒ် ဆိုင်ကလုံး အန္တရာယ် ကြိုပြင်ဆင်

ဟွဒ်ဟွဒ် လို့ အမည် ပေးထားတဲ့ ဆိုင်ကလုံး မုန်တိုင်း ဟာ ဒီမနက် မှာ အိန္ဒိယ နိုင်ငံ၊ အရှေ့ဘက်ခြမ်း အင်ဒြာပရာဒက်ရ် ပြည်နယ် ကို ဝင်ဖွယ်ရှိလို့ အာဏာပိုင်တွေ ဟာ ကြိုတင် ပြင်ဆင်မှု တွေ ပြုလုပ် ထားတဲ့ အကြောင်း တောင်အာရှ ဒေသဆိုင်ရာ ဘီဘီစီ သတင်းထောက် ဂျီလ်မက်ဂစ်ဗရင်း က သတင်းပေးပို့ လိုက်ပါတယ်။

ဒီမုန်တိုင်း ဟာ ဘင်္ဂ္လားပင်လယ်ပြင် မှာ အရှိန်ယူယင်း အားကောင်း လာတဲ့ အတွက် ပြင်းထန်တဲ့ လေ ရော မိုးပါ၊ သယ်ဆောင် လာမှာမို့၊ အင်ဒြာပရာဒက်ရ် ပြည်နယ် အတွင်းရှိ မြေနိမ့် အရပ်နေ လူတွေ ကို ကုန်းမြင့်ရာ အရပ်ဘက်ဆီ ကို အလျင် အမြန် ရွှေ့ပြောင်း ပေးနေရပါတယ်။ အခုဆိုရင် လူပေါင်း ၅ သိန်း ကျော် ကို ပြောင်းရွှေ့ပြီး ဖြစ်ပါတယ်။ သူတို့ အတွက် နေစရာ၊ စားစရာ၊ သောက်ရေ ပါ အသင့်ဖြစ်စေတဲ့ ကူညီကယ်ဆယ်ရေး စခန်းတွေ လည်း ရာနဲ့ချီ ဖွင့်လှစ် ထားပေး ပါတယ်။

ဒါကို အထူးကယ်ဆယ်ရေး ကော်မရှင်နာ မင်းကြီး ပရာဒိ ကူမားမိုဟာပါတြာ က၊ သူတို့ တဖွဲ့လုံး အင်အားအပြည့် ဖြည့်ထား တဲ့ အကြောင်း၊ အစိုးရ အရာရှိတွေ ကိုယ်တိုင် ကွင်းဆင်းပြီး၊ မုန်တိုင်း အရှိန်နဲ့ ရေလွှမ်းမိုးလာမဲ့ နေရာ က လူတွေ ပါ ကယ်ဆယ်နိုင်အောင်၊ တပ်လှန့်ထား သလို၊ သဘာဝ ဘေးအန္တရာယ် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ လည်း ဒီ ခရိုင်ထဲ ရောက်နေကြပါပြီ လို့ ပြောတာပါ။

ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ ကိုယ်တိုင် မုန်တိုင်းအန္တရာယ် ကြိုတင် ပြင်ဆင် ထားတာတွေ ကို စစ်ဆေး ပေးနေယင်း အစိုးရ ကိုယ်တိုင် အလေးအနက် ထားတာ ကို ပြသ နေပါတယ်။

ရေတပ်ဗိုလ်ချုပ်ကြီး အာဂျင်ဒြာ ဘဟာဒူး ဆင်း ကလည်း၊ အိန္ဒိယ ရေတပ် လည်း မုန်တိုင်း အခြေအနေ ကို အသင့်စောင့် ကြည့်နေကြောင်း ပြောယင်း၊ ရေတပ်လည်း အသင့်ရှိနေပါပြီ။ ရေလုပ်သားတွေ ကို ဒီရက်ပိုင်း၊ ပင်လယ်ပြင် မထွက်ဖို့၊ ပင်လယ်ထဲ ငါးဖမ်းထွက်နေတဲ့ တံငါလှေ တွေ လည်း ကမ်းပြန်ကပ် ဖို့ နှိုးဆော် နေပါတယ် လို့ ပြောတာပါ။ ဒါ့အပြင် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့၊ ဟိုက်ဒြာဘတ် က တပ်ဖွဲ့ဝင် ၄၀ဝ ပါ စစ်တပ် လည်း ရောက်ဖို့ ရှိနေကြောင်း ရှင်းပြတာပါ။

၁၉၉၉ ခုနှစ် က၊ အင်ဒြာပရာဒက်ရ် ပြည်နယ် နဲ့ ကပ်လျက်ရှိတဲ့ သြရဿ ပြည်နယ် ကို ပြင်းထန် တဲ့ ဆိုင်ကလုံး ဝင်ခဲ့လို့၊ လူပေါင်း တသောင်းကျော် သေဆုံးခဲ့ရတဲ့ သဓကလည်း ရှိခဲ့တဲ့ အကြောင်းဘီဘီစီ သတင်းထောက် က သတင်းပေးပို့ လိုက်ပါတယ်။


ဟွဒ်ဟွဒ် ဆိုင်ကလုံး လမ်းကြောင်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ