Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, October 9, 2014

အမေရိကန်မှာ Ebola ရောဂါ ပထမဆုံးဖြစ်ပွားသူ Dallas ဆေးရုံမှာကွယ်လွန်

အမေရိကန် ပြည်ထောင်စုမှာ ပထမဆုံး Ebola ရောဂါဖြစ်ပွားတဲ့ ဝေဒနာရှင်ဟာ Dallas မြို့ ဆေးရုံမှာ ဗုဒ္ဓဟူးနေ့က သေဆုံး သွားပါတယ်။ Thomas Eric Duncan ဟာ ဆေးရုံတင်ပြီး ၁၀ ရက်အကြာမှာ သေဆုံးခဲ့တာလို့ သူတက်ရောက်ကုသခဲ့တဲ့ Texas Health Presbyterian ဆေးရုံက ပြောပါတယ်။

သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က အနောက်အာဖရိကမှာ Ebola ရောဂါ ကပ်ဘေး အဆိုးရွားဆုံးဖြစ်နေတဲ့ မွေးရပ် လိုက်ဘေးရီးယားနိုင်ငံကနေ Dallas ကို ပြန်လာခဲ့တာပါ။ CDC လို့ခေါ်တဲ့ ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ရေးဌာန အကြီးအကဲ Dr. Thomas Frieden ကတော့ Duncan သေဆုံးခဲ့တဲ့အတွက် သူ့အနေနဲ့ လွန်စွာ စိတ်မကောင်းဖြစ်မိကြောင်း ပြောပါတယ်။

ဒါ့အပြင် Duncan အခုလို သေဆုံးမှုဟာ Ebola ရောဂါဝေဒနာရှင်တွေရဲ့ ဘေးဒုက္ခကို ကိုယ်စားပြုတာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။ အနောက်အာဖရိကမှာ Ebola ရောဂါ ကူးစက်ပြန်ပွားမှု ဖြစ်နေတဲ့ ကာလပတ်လုံး အမေရိကန် ပြည်ထောင်စုမှာလည်း ဒီရောဂါကူးစက်မှုဖြစ်နိုင်တဲ့ အလားအလာ ရှိနေမှာဖြစ်တယ်လို့ Dr. Frieden က ပြောပါတယ်။

အမေရိကန်သမ္မတ အိုဘားမားကလည်း Ebola ရောဂါ တိုက်ဖျက်ရေးဟာ ဦးစားပေးဆောင်ရွက်ရမယ့် အမျိုးသားလုံခြုံရေး ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။ Guinea၊ Liberia နဲ့ Sierra Leone နိုင်ငံတွေက လာတဲ့ ခရီးသည်တွေကို အထူးစစ်ဆေးမယ့် စက်ကိရိယာအသစ်တွေကို အမေရိကန်ပြည်ထောင်စုရဲ့ အဓိက နိုင်ငံတကာ လေဆိပ်ကြီး ၅ ခုမှာထားရှိမှာ ဖြစ်တယ်လို့လည်း သမ္မတက ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုမှာ ဒီရောဂါပိုးကို ဘယ်လိုရင်ဆိုင် ကုသသင့်သလဲဆိုတာကို သိတဲ့ ကမ္ဘာ့အကောင်းဆုံး ဆရာဝန်တွေရှိနေပြီး Ebola ရောဂါကူးစက်မှု ဆိုးရွားလာဖို့ အခြေအနေလည်း မရှိဘူးဆိုတာ သူ့အနေနဲ့ ယုံကြည်ကြောင်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ