ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 14, 2014

ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ လုပ်ပိုင်ခွင့် တိုးမြှင့်ပေးဖို့ ဆွေးနွေး

14 November 2014 07:05(+0630) (လွန်ခဲ့သော 11 နာရီ ခန့်က)
လွှတ်တော်ကို ဖျက်သိမ်း နိုင်တဲ့ အထိ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီရဲ့ လုပ်ပိုင်ခွင့်ကို တိုးမြှင့်ပေးဖို့ ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဦးဆောင် ဆွေးနွေး ခဲ့ကြပါတယ်။

ဒီဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး NLD ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက အခုလို ရှင်းပြ ပါတယ်။

"ပုဒ်မ ၂ဝ၁ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်းပုဒ်မ အရင်တုန်းက အဲဒီ့ပုဒ်မက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၁ ဦး ဖွဲ့စည်းရေးပုဒ်မပဲပါပါတယ်၊ ၂ဝ၁(က)၊ (ခ) ဆိုပြီးတော့ ၂ ပိုင်း ခွဲလိုက်ပါတယ်၊ ၂ ပိုင်းခွဲပြီးတော့ (ခ) မှာ ကာလုံရဲ့လုပ်ပိုင်ခွင့်နဲ့ တာဝန်ဆိုပြီးတော့ ထပ်ထည့်တာပါ၊ အဲဒီ့ထပ်ထည့်တဲ့အထဲမှာ အချက် ၅ ချက်လောက်ပါပါတယ်၊ အဲဒီ့ဟာတွေကတော့ လွှတ်ငြိမ်း ချမ်းသာခွင့်ပေးတာတို့၊ ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးတာတို့၊ တိုင်းပြည်ရဲ့အရေးပေါ်အခြေအနေတွေ ဖြစ်လာခဲ့ရင်တော့ အဲဒီ့ရဲ့နောက်ဆုံးမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၃ ပုံ ၁ ပုံ နှုတ်ထွက်သွားရင် ပေါ့နော်၊ လွှတ်တော်ကို ဖျက်သိမ်းနိုင်တယ်ဆိုတဲ့ အခြေအနေအထိပါလာတာပါ၊ ဒီဟာကိုကြည့်မယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ် ၄ ပုံ ၁ ပုံနဲ့ ကျနော်တို့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄၄ဝ ရှိတယ်၊ တပ်မတော်သား ကိုယ်စားလှယ် ၄ ပုံ ၁ ပုံဖြစ်တဲ့ ၁၁ဝ နဲ့ ဒီအရပ်သားလွှတ်တော် ကိုယ်စားလှယ် ၄ဝ လောက် နှုတ်ထွက်သွားပြီဆိုရင် ဒီလွှတ်တော်ဟာ ပျက်သွားနိုင်ပါတယ်၊ လွှတ်တော်ကို ထိန်းချုပ်ဖို့အတွက် ကာလုံကထပ်မံကြိုးစားလာတဲ့ ပုဒ်မတစ်ခုပါ"

ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အခြေခံဥပဒေကို ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြရာမှာ NLD ကိုယ်စားလှယ်တွေက ပုဒ်မ ၄၃၆ နဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေးတို့ကို အဓိကဆွေးနွေးသွားခဲ့ပါတယ်။

မနက်ဖြန်မှာတော့ PR အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ် ကျင့်သုံးရေးနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်က အပြီးသတ်ဆုံးဖြတ်မယ်လို့ သိရပါတယ်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ