Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 14, 2014

မြန်မာနိုင်ငံက ထိပ်သီးအစည်းအဝေးတွင် အကြမ်းဖက်မှုကိစ္စ လွှမ်းမိုးဟု နယူးဇီလန်ပြော

14 November 2014 08:28(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ ထိပ်သီး အစည်းအဝေး တွေမှာ ကုန်သွယ်ရေးနဲ့ အကြမ်းဖက်မှု ကိစ္စတွေက လွှမ်းမိုး နေတယ်လို့ နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကီးက ပြောပါတယ်။

နယူးဇီလန် ၀န်ကြီးချုပ်ဟာ အရှေ့အာရှထိပ်သီး အစည်းအဝေးကို တက်ရောက်ပြီး သူ့နိုင်ငံကို အပြန်ခရီးစဉ် မှာ ပြောကြား လိုက်တာပါ။

အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ အစ္စလာမ္မစ်နိုင် ငံတော်အတွက် တိုက်ခိုက်နေ တဲ့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမားတွေ အများကြီး ရှိနေတာကြောင့် ဒေသတွင်းအန္တရာယ်ကို အရမ်းကို အလေးအနက်ထား အာရုံစိုက်နေကြပါတယ်လို့ ဂျွန်ကီးက ပြောပါတယ်။

အဲဒီနိုင်ငံတွေမှာ မွတ်စလင်ဦးရေ အများကြီး ရှိနေပြီး နယူးဇီလန်နိုင်ငံရဲ့ ရှုထောင့်ကနေကြည့်ရင် ဒါဟာ နယူးဇီလန်နိုင်ငံသားတွေ ခရီးသွားလာနေကြတဲ့ ကမ္ဘာ့အစိတ်အပိုင်း တနေရာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်ခြိမ်းခြောက်မှုက  အဝေးကြီးမှာ ရှိတယ်လို့ လူတွေ တွေးထင်ထားသလို မဟုတ်ဘူး လို့လည်း မစ္စတာကီးက သတိပေးပြောဆိုထားပါတယ်။

“ကျနော်တို့ရဲ့ ခရီးသွားလာခြင်း သတိပေးချက်ကို မပြောင်းလဲထားပါဘူး။ ကျနော်တို့ ပြည်သူတွေကို မသွားရဘူး လို့လည်း အကြံဉာဏ် မပြုထားပါဘူး။ ဒါပေမယ့် သြစတြေးလျလူမျိုးတွေနဲ့ နယူးဇီလန်နိုင်ငံသားတွေ အများအပြား သေဆုံးခဲ့ရတဲ့ ဘာလီဗုံးပေါက်ကွဲမှုတွေကို တွေ့မြင်နေကြတာပဲလေ။”

နိုင်ငံတကာအစည်းအဝေးတွေနဲ့ လက်ဆွဲနှုတ်ဆက်ပွဲတွေ များပြားနေတဲ့ သီတင်းပတ်မှာ အေပက် သို့မဟုတ် အရှေအာရှ ထိပ်သီးညီလာခံကနေ ခိုင်မာအားကောင်းတဲ့ အချက်အလက် တစုံတရာ ထွက်မလာခဲ့ပေမယ့်လည်း နယူးဇီလန်ဝန်ကြီးချုပ်အတွက်ကတော့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားလို ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ လက်ဆွဲနှုတ်ဆက် တွေ့ဆုံဆွေးနွေးရတဲ့ အခွင့်အရေး ရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့ကျရင်တော့ ဘရစ္စဘိန်းက ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို သွားရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ နယူးဇီလန်ဝန်ကြီးချုပ်ဟာ ရန်ကုန်မြို့မှာ သံတမန်အထူးအဖွဲ့ မစ်ရှင်အဆင့် ထားရာကနေ သံရုံးအဆင့်ထိ တိုးမြှင့်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်က နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်လာတာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအခြေအနေကလဲ လျင်လျင်မြန်မြန်ကို ဖွံ့ဖြိုးတိုးတက်နေဆဲပါ” လို့ သူက ပြောပါတယ်။




နယူးဇီလန်ဝန်ကြီးချုပ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ