Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 13, 2014

ရိုဟင်ဂျာ အသုံးအနှုန်းကြောင့် ထိခိုက်နိုင်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အသိပေး

13 November 2014 16:24(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရိုဟင်ဂျာ စကားလုံး သုံးစွဲခဲ့မှုဟာ နှစ်ဘက် အသိုက်အ၀န်း ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လက်တွေ့ ဆောင်ရွက်နေရတဲ့ ပြည်နယ်အစိုးရရဲ့ လုပ်ငန်းတွေအပေါ် ထိခိုက်စေတယ်လို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက မစ္စတာ ဘန်ကီမွန်းထံ နိုဝင်ဘာ ၁၃ ရက်နေ့ရက်စွဲနဲ့ ပေးစာတစောင် ပေးပို့ထားခဲ့တာပါ။

ဒီပေးစာမှာ “သတင်းစာရှင်းလင်းပွဲမှာ ရိုဟင်ဂျာဆိုသည့် စကားလုံးကို သုံးစွဲခဲ့ခြင်း အတွက် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း၊ မိမိအနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် က လူနည်းစုများရဲ့အခွင့်အရေးအတွက် အလေးထားမှုကို နားလည်နိုင်သော်လည်း အတွင်းရေးမှူးချုပ်၏ မြင့်မားသည့်ရာထူးတာဝန်ကြောင့် အဆိုပါ စကားလုံးကို သုံးစွဲမှုသည် နှစ်ဘက်အသိုက်အ၀န်း၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် လက်တွေ့ ဆောင်ရွက်နေရသည့် မိမိတို့၏ လုပ်ငန်းများအပေါ် ထိခိုက်စေတယ်” လို့ ပါရှိပါတယ်။

ဒါ့အပြင် အဆိုပါ စကားလုံးကို အသုံးပြုခဲ့တဲ့အတွက် ရခိုင်တိုင်းရင်းသားများနဲ့ ဘင်္ဂါလီလူမျိုးများ အကြား ကွဲပြားမှုများကို ပိုမိုကျယ်ပြန့်စေရုံသာမက မြန်မာပြည်သူများနဲ့ နိုင်ငံတကာ အသိုက်အ၀န်းကြား နားလည်မှု လွဲမှားစေနိုင်တယ်လို့လည်း ပါရှိပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ခွဲခြားဖိနှိပ်မှုနဲ့ အကြမ်းဖက်ခံနေရတာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်းပြောကြားခဲ့ပြီး ကုလသမဂ္ဂ ရဲ့ မူအရ ရိုဟင်ဂျာလို့ သုံးစွဲရတာဖြစ်တယ်လို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွား ခဲ့တာပါ။

နိုင်ငံတကာအဖွဲ့အစည်းတွေက ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးပြုဖို့ အဆက်မပြတ် ကြိုးစားနေတာတွေဟာ ရခိုင်ပြည်နယ်အတွက် အကူအညီတွေပေးအပ်နေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေအပေါ် ဒေသခံတွေရဲ့သံသယ ပိုမိုကြီးမားစေမှာဖြစ်တယ်လို့ လည်း ပြည်နယ်ဝန်ကြီးချုပ်ရဲ့ပေးစာမှာပါရှိပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ဒေသခံရခိုင် တိုင်းရင်းသားများက ယုံကြည်မှုရှိလာစေဖို့ ဆောင်ရွက်နေချိန်မှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောကြားချက်ဟာ ရထားတဲ့ အောင်မြင်မှုတွေကို ပျက်ပြားစေပြီး ဒေသခံတွေရဲ့ ခံစားချက်တွေအပေါ်လည်း အကျိုး သက်ရောက်သွားမည်ကို စိုးရိမ်မိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဦးမောင်မောင်အုန်းကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့တဲ့ ဇွန်လက မှ သမ္မတဦးသိန်းစိန်က ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။



ဗိုလ်ချုပ်မောင်မောင်အုန်း


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ