20 November 2014 20:57(+0630)
(လွန်ခဲ့သော 21 နာရီ ခန့်က)
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါမှော်ရွာ အနီးက
တောက်ပကြယ် ကျောက်စိမ်း ကုမ္ပဏီ လုပ်ကွက်မှာ ရေမဆေး ကျောက်ရှာသူ
ကိုဂွမ်ဂျာအောင် သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို
ဖော်ထုတ်အရေးယူ ပေးဖို့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ဒေသခံ
၂၀၀၀ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ပါတယ်။
ကိုဂွမ်ဂျာအောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ညက တောက်ပကြယ်
ကျောက်စိမ်း ကုမ္ပဏီ လုပ်ကွက်မှာ ရေမဆေးကျောက်ရှာစဉ် မြေတူးစက်ယန္တရားနဲ့
ထိခိုက်မိပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးက RFA ကို ပြောပါတယ်။
တောက်ပကြယ်ကုမ္ပဏီ တာဝန်ရှိသူတွေက သေဆုံးသူ ကိုဂွမ်ဂျာအောင်ရဲ့ မိသားစုကို
ကချင်ရိုးရာစာပေယဉ်ကျေးမှု ကော်မတီကတဆင့် လျော်ကြေးပေးထားတယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲမှာ ဖားကန့်၊ လုံးခင်း၊ ဆိပ်မူ၊ တာမခံ စတဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသက
ကချင်တိုင်းရင်းသားတွေ ပါဝင်ခဲ့ကြပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment