၁၈.၁၁.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင် ဗဟန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အနောက်ရပ်ကွက်၊ အနောက်ဈေးဟောင်း လမ်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါလမ်းနေ ဒေါ်ခိုင်ခိုင်ဝင်းသည် နေအိမ် အိပ်ခန်းနံရံတွင် တပ်ဆင် ထားသော အဲယားကွန်းအားဖွင့်၍ အလုပ်သို့ သွားနေခဲ့ရာမှ ၁၄၅၅ အချိန်တွင် အဲယားကွန်းမှ အပူလွန်ကဲပြီး ရှော့ဖြစ်ကာ Safe Guard မှတစ်ဆင့် မွေ့ယာအား မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ရာသို့ ပတ်ဝန်းကျင်နေ ပြည်သူများနှင့် မီးသတ်ယာဉ်များရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၁၅၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဒေါ်ခိုင်ခိုင်ဝင်းအား ဗဟန်းမြို့မရဲစခန်း (ပ)၄၇၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။




































No comments:
Post a Comment