သံသယ ဖြစ်ပွားဖွယ် အကြမ်းဖက် ကြံစည်မှု များသည် ဗြိတိန်နိုင်ငံသို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့ လျက်ရှိ ကြောင်း နိုင်ငံ၏ အဆင့်မြင့်ဆုံး ရဲအရာရှိ တစ်ဦးက ပြောခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်က ဤကဲ့သို့ အကြမ်းဖက် ကြံစည်မှုသည် ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် တစ်ခုသာရှိသော်လည်း ယခုနှစ်တွင် လေးခုသို့မဟုတ် ငါးခုခန့်ရှိခဲ့ကြောင်း စကော့တလန် အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ဘီဘီစီသို့ တနင်္ဂနွေနေ့က ပြောသည်။
ဗြိတိန်နိုင်ငံသားများအား ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ အကြမ်းဖက်အုပ်စုများနှင့် ဆက်သွယ်မိမည်ကို စိုးရိမ်ကြောင်း ၎င်းကဆက်လက် ဖော်ပြခဲ့သည်။ စိုးရိမ်စရာကောင်းသော အကြမ်းဖက်ကြံစည်မှုများကို ဆက်လက်စောင့်ကြည့်နေကြောင်း ၎င်းက ထပ်လောင်းဖော်ပြခဲ့သည်။
နိုဝင်ဘာ ၂၄ ရက်မှ စတင်၍ ရဲတပ်ဖွဲ့ဝင်များက ပြည်သူလူထုကို အကြမ်းဖက်လုပ်ရပ်များနှင့် သံသယ ဖြစ်ပွားဖွယ်လုပ်ရပ်များကို မည်သို့ စတင်သတင်းပို့ရမည်ကို အသိပညာ ဖြန့်ဝေပေးခဲ့သည်။
ဗြိတိန်နိုင်ငံသားအစွန်းရောက် ၂ဝဝဝ ခန့်သည် ဆီးရီးယားနှင့် အီရတ်တို့ရှိ အိုင်အက်စ်အကြမ်းဖက် တပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ခဲ့ကြောင်း သိရှိရသည်။
ဗြိတိန်အစိုးရက အကြမ်းဖက်သူ ၂၅ဝ ဗြိတိန်သို့ ပြန်လာခဲ့ကြောင်း ဖော်ပြခဲ့သည်။
အိုင်အက်စ် အကြမ်းဖက်သမားများသည် ယခုလက်ရှိတွင် ဆီးရီးယားနှင့်အီရတ်တို့ရှိ နယ်မြေဒေသအတော်များများကို ထိန်းချုပ်နိုင်ခဲ့သည်။ ၎င်းတို့သည် ထိန်းချုပ်ခံနယ်မြေများတွင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။
ဗြိတိန် (ယူကေ)သည်လည်း အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်ရာတွင် အကူအညီပေးခဲ့သည့် အနောက်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ (ပရက်စ်တီဗွီ)
No comments:
Post a Comment