အဲဒီ ပါဆယ်ထုတ်ထဲမှာ ကလေးငယ်ရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို တွေ့ရှိခဲ့ပြီး အဲဒီပါဆယ်ထုတ်က အမေရိကန်နိုင်ငံဆီ ပို့ဆောင်မယ့် အထုတ်ဖြစ်တယ်လို့ သိရပါတယ်။
ကလေးငယ်ရဲ့ ခေါင်း၊ ခြေချောင်းနဲ့ ဆေးမင်ကြောင် ထိုးထားတဲ့ လူကြီး တစ်ယောက်ရဲ့ အရေပြားတွေကို အထုတ်ထဲမှာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို အရည်တစ်မျိုးထဲမှာ စိမ်ထားတာကို တွေ့ခဲ့ပြီး အခုအခါမှာ ထိုင်းရဲတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။
ထိုင်းရဲတွေကတော့ အဲဒီ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေဟာ ဆေးကျောင်းတစ်ကျောင်းကနေ အခိုးခံရတာ ဖြစ်နိုင်တယ်လို့ ယူဆထားကြောင်း အေဘီစီ သတင်းထောက် Samantha Hawley က ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။




































No comments:
Post a Comment