Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 15, 2014

အကြမ်းဖက်အဖွဲ့နှင့်ပူးပေါင်းသူ နိုင်ငံသားများ ဗြိတိန်ပြန်ခွင့် ပိတ်ပင်မည်

15 November 2014 12:02(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
ဗြိတိန်နိုင်ငံသားတွေဟာ နိုင်ငံရပ်ခြားမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ပေါင်းပြီး တိုက်ခိုက်သူတွေ ဖြစ်ခဲ့ရင် နိုင်ငံပြန်ခွင့် ပိတ်ပင်တဲ့ တင်းကြပ်တဲ့ ဥပဒေအသစ်ကို ပြဋ္ဌာန်းဖို့ ရှိပါတယ်။

ဥပဒေသစ်ဟာ အီရတ်၊ ဆီရီးယားတို့က ပဋိပက္ခတွေမှာ ဂျီဟတ် တိုက်ခိုက်ရေး သမားတွေကို ထိန်းချုပ်ဖို့အတွက် ရည်ရွယ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောပါတယ်။

အကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေသစ်အရ လေကြောင်း လိုင်းတွေကိုလည်း ဗြိတိန်ရဲ့ မပျံသန်းရ စာရင်း၊ ဒါမှမဟုတ် လုံခြုံရေးစစ်ဆေးရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ မလိုက်နာရင် ဗြိတိန်မြေပေါ်မှာ ဆင်းသက်ခွင့်ကို ပိတ်ပင်သွားမယ်လို့ ဒေးဗစ်ကင်မရွန်းက သြစေတြးလျမှာ ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယားမှာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အဖွဲ့ကို စစ်ကူပေးပြီး ဗြိတိန် ပြန်သွားတဲ့ တိုက်ခိုက်ရေးသမားတွေရဲ့ ရန်ကို စိုးရိမ်တဲ့အတွက် လုံခြုံရေးအဆင့်ကို သြဂုတ်လမှာ ဒုတိယအဆင့်ကို တိုးမြှင့်ထားပါတယ်။

ဂျီ ၂၀ အစည်းအဝေး တက်ဖို့ သြစတြေးလျနိုင်ငံမှာ ရောက်နေတုန်းမှာ ဒေးဗစ်ကင်မရွန်းက “ဗြိတိန်မှာ မကြာခင် အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေကို ပြဋ္ဌာန်းသွားမယ်။ ဥပဒေသစ်အရ လေဆိပ်ရဲတွေကို လုပ်ပိုင်ခွင့်အာဏာတွေ တိုးပေးသွားမယ်၊ နိုင်ငံကူး လက်မှတ်ကို သိမ်းနိုင်တဲ့ အာဏာ၊ သံသယရှိသူကို ခရီးသွားခွင့် တားဆီးတဲ့ အာဏာ၊ သံသယရှိသူတွေကို ဗြိတိန်နိုင်ငံတွင်း ပြန်ဝင်ခွင့် တားဆီးနိုင်တဲ့ အာဏာတွေကို ပေးအပ်သွားမယ်” လို့ ပြောပါတယ်။

“အစွန်းရောက်သဘောတရားတွေ ဟောပြောတာတွေကို တားဆီးရမယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ အကျဉ်းထောင်တွေမှာ အစွန်းရောက်ဝါဒကို အမြစ်ကနေ လှန်ပစ်ရမယ်။ အစ္စလာမ်ဝါဒကို လှည့်ကွက်သုံးပြီး လူတချို့ကို သွေးဆောင်စည်းရုံးတာကို စက်ဆုပ်တဲ့ မွတ်စလင်အများစုနဲ့ လက်တွဲဆောင်ရွက်ရမယ်၊ အစ္စလာမ်ဘာသာဟာ ငြိမ်းချမ်းရေးကို အားပေးတဲ့ ဘာသာတရားဖြစ်တယ်ဆိုတာကို မြှင့်တင်ဖို့ လိုတယ်” လို့ ပြောပါတယ်။

ဥပဒေသစ်ကို စက်တင်ဘာမှာ ဒေဗစ်ကင်မရွန်းက စတင် အဆိုပြုခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာပဲ အတည်ပြုမယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာ ၂၀၀၅ ခုနှစ် ဇူလိုင်က လန်ဒန်မှာ အသေခံ ဗုံးခွဲမှုကြောင့် လူ ၅၂ ယောက် သေဆုံးခဲ့တဲ့ အဖြစ်အပျက်နောက်ပိုင်းမှာ အစ္စလာမ် စစ်ဝါဒဟာ မြင့်တက်နေပါတယ်။

အသေခံ ဗုံးခွဲမှုကို ပြုလုပ်ခဲ့တဲ့ သူတွေဟာ ပါကစ္စတန်က အယ်ကိုင်ဒါး စခန်းတွေမှာ သင်တန်း တက်ခဲ့တဲ့ ဗြိတိန်နိုင်ငံသား ၄ ယောက် ဖြစ်ခဲ့ပါတယ်။

မနှစ်ကလည်း လန်ဒန်မြို့ လမ်းပေါ်မှာ တာဝန်ပြင်ပ စစ်သားတယောက်ကို ဗြိတိသျှ နိုင်ငံသား မွတ်စလင်နှစ်ယောက်က သတ်ဖြတ်ခဲ့ပါတယ်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ