မစ္စတာ ဘန်ကီမွန်းက လူနည်းစု အခွင့်အရေးလို့ ပြောဆိုရာမှာ ဘူးသီးတောင်၊ မောင်တော ဒေသမှာဆိုရင် ရခိုင်တိုင်းရင်းသားတွေက လူနည်းစုဖြစ်ကြောင်းနဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ထည့်သွင်းပြောဆိုခြင်းမရှိတာဟာ မွတ်စလင်တွေဘက်က ဘက်လိုက်ပြောဆိုရာရောက်တယ်လို့ ဒီနေ့အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ရခိုင်လူမှုကွန်ရက်အဖွဲ့ဝင် ကိုစိုးနိုင်က ပြောပါတယ်။
"မစ္စတာ ဘန်ကီမွန်းက သတင်းစာရှင်းလင်းပွဲလုပ်တုန်းက ကျနော်တို့နိုင်ငံမှာမရှိတဲ့ ရိုဟင်ဂျာဆိုတဲ့ လူမျိုးတစ်မျိုးကို ဖန်တီးတဲ့စကားကို သူကသုံးနှုန်းသွားတယ်၊ ဒါဟာ ကျနော်တို့ နိုင်ငံရဲ့အချုပ်အခြာအာဏာရော၊ ကျနော်တို့ဒေသလက်ရှိဖြစ်နေတဲ့ အခြေအနေတွေ တည်ငြိမ်တဲ့အနေအထားကိုပါ သူကဆွပေးသလိုမျိုးဖြစ်နေတယ်၊ တကယ့်ပကတိ အနေအထားမှာဖြစ်တဲ့ လူနည်းစုရခိုင်လူမျိုးရဲ့ အခန်းကဏ္ဍကို သူလုံးဝထည့်တွက် စဉ်းစားပြီးပြောသွားခြင်းမရှိဘူး၊ အဲ့ဒါကြောင့် ကျနော်တို့က ဒီနေ့ကို ကျနော်တို့က အားလုံးညီညီညွတ်ညွတ်နဲ့ပဲ ဒီဆန္ဒဖော်ထုတ်ပွဲတစ်ခုကို လုပ်ဖို့ဆုံးဖြတ်ကြပါတယ်"
ဒီနေ့ အစည်းအဝေးမှာ သံဃာ့အဖွဲ့အစည်းတွေ၊ ရခိုင်လူမှုကွန်ရက်၊ အမျိုးသမီးကွန်ရက်၊ ရခိုင်အမျိုးသားပါတီနဲ့ ၈၈ မျိုးဆက် ရခိုင်အဖွဲ့ စတဲ့အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၆ဝ ကျော်တက်ရောက်ပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။




































No comments:
Post a Comment