Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 17, 2014

သောက်သုံးရေ သန့်ရှင်းမှု မရှိခြင်းကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွား၍ လူ ၂ ဦးသေဆုံးကာ ၅၂ ဦးအား ဆေးဝါးများ ကုသပေးရ

17 November 2014 16:53(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
ကလေးဝ ၊ ၁၇-၁၁-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် နန်းပင်ကျေးရွာ အုပ်စုနှင့် ရှဲဂန်းကျေးရွာ အုပ်စုများ အတွင်းရှိ ကျေးရွာ အများစုသည် သောက်သုံးရေ သန့်ရှင်းမှု မရှိသည့်အတွက် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ကျရောက်ခဲ့ပြီး ထို ရောဂါကြောင့် လူနှစ်ဦး သေဆုံးကာ ကူးစက်ခံရသည့် ဝေဒနာရှင် ၅၂ ဦးမှာ ဆေးကုသမှုများ ခံယူလျက် ရှိကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

မစိန် တိုက်နယ်ဆေးရုံ တွင် နိုဝင်ဘာ ၁ဝ ရက်မှ ၁၃ ရက်အထိ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဝေဒနာရှင် ၅၉ ဦး တက်ရောက် ကုသခဲ့ပြီး လက်ရှိတွင် အမျိုးသားသုံးဦး၊ အမျိုးသမီး လေးဦး ပေါင်း ခုနစ်ဦး ဆေးကုသမှု ခံယူလျက် ရှိသည်။ သေဆုံးသူများ အနက် နန်းပင်ကျေးရွာ နေ ဝမ်းပျက်ဝမ်းလျှော ဝေဒနာရှင် မဝင်းသန်း သည် သုံးကြိမ် ဆက်တိုက် ဝမ်းလျှောပြီးနောက် ဝမ်းလျှောသည့် နေရာမှာပင် သေဆုံး သွားခဲ့ကြောင်း ၄င်း၏ ခင်ပွန်းဖြစ်သူ ဦးဝင်းမောင် က ပြောသည်။

ထို့ကြောင့် ကလေးခရိုင် ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာ စိန်အေး၊ ကလေးဝ မြို့နယ် ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ မျိုးသက်ဦး နှင့်အဖွဲ့သည် ထိုဒေသရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက် မှုများ ပေးနိုင်ရန် အရေးပေါ် သွားရောက် ခဲ့ကြောင်း သိရသည်။

ကလေးခရိုင် ပြည်သူ့ဆေးရုံ အုပ်ကြီးနှင့် အဖွဲ့သည် နိုဝင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီက ရောဂါဖြစ်ပွားရာ ကျေးရွာများသို့ ကွင်းဆင်း စစ်ဆေးကာ အဆိုပါ ကျေးရွာများရှိ ကျောင်းသား၊ ကျောင်းသူများကို ဝမ်းပျက်ဝမ်းလျှော ရောဂါ ကြိုတင် ကာကွယ်ရေး ပညာပေး ဟောပြောခဲ့ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး များနှင့် ကျေးလက် ကျန်းမာရေးဌာန များတွင် ဝမ်းပျက်ဝမ်းလျှော ဝေဒနာရှင်များ၊ ဝမ်းပျက်ဝမ်းလျှော နှင့် ပတ်သက်သည့် ဝေဒနာရှင်များ နှင့် အခြား ဝေဒနာရှင် များကို အထူးကြပ်မတ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။

ထို့နောက် အဆိုပါ အဖွဲ့သည် နန်းပင်ကျေးရွာ အနီးရှိ ကျေးရွာများ ဖြစ်သော နန်းကလပ်၊ နောင်မွန်း၊ ဟင်းတင်၊ သဲစုပြင်၊ ရှဲဂန်း၊ ခေါမ၊ ဟောင်းနွဲ့၊ နားဘီးလူး စသည့် ကျေးရွာများရှိ သောက်သုံးရေကန် များအား Bleaching Powder ဆေးများ ခတ်ပေးခြင်း၊ အိမ်သာများနှင့် နေအိမ်ဝန်းကျင် သန့်ရှင်းရေးများ ဆောင်ရွက် ပေးခြင်းနှင့် ချောင်းကမ်းဘေး ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ