၁၇.၁၁.၂၀၁၄ ရက်နေ့ ၀၃၂၀ အချိန်တွင် ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံ စေတီ တော်မြောက် ဘက် ယာဉ်ရပ်နား စခန်း အနီးတွင် မသင်္ကာဖွယ် သံဃာတစ်ပါးတွေ့ရှိကြောင်း သတင်းအရ ရွှေတိဂုံစေတီတော်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ ရွှေတိဂုံ စေတီတော် စောင့်ရှောက်ရေး ဆရာတော်နှင့်အဖွဲ့တို့မှ ၎င်းသံဃာအားခေါ်ယူစိစစ်ခဲ့ရာ ဥူးကေသ၀(ခ)ဦးခိုင်လင်း၊ (၃၄)နှစ်၊ သာသနာဝင် အမှတ်-မရှိ၊ သုံးခွအနောက်ကျေးရွာ၊ ကွမ်းခြံကုန်းမြို့နယ် နေသူဖြစ်ကြောင်းနှင့် စေတီတော်တွင် အလှူခံရန် ရောက်ရှိလာသည့် သံဃာအတုဖြစ်ကြောင်း သိရှိရပါသည်။
၎င်း ဥူးကေသ၀(ခ)ဦးခိုင်လင်းအား စေတီတော် စောင့်ရှောက်ရေး ဆရာတော်မှ သိက္ခာချ လူဝတ်လဲ ပေးခဲ့ပြီး ဒဂုံမြို့မ ရဲစခန်းသို့ ပို့အပ်ခဲ့၍ စစ်ဆေးဆောင်ရွက်ကာ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment