ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 20, 2014

၂၀၁၅ နောက်ပိုင်း အခြေခံဥပဒေပြင်ရေး နည်းလမ်းမှန်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော

20 November 2014 08:19(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲ ပြီးမှသာ ပြင်ဆင်နိုင်မယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း ပြောကြားတာဟာ လုပ်ထုံး လုပ်နည်းအရ မှန်ကန်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောကြား လိုက်ပါတယ်။

နေပြည်တော် လွှတ်တော်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့တာပါ။

"အခုကိစ္စက ဒီလိုပဲသွားရမှာပဲလေ၊ ဘာဖြစ်လို့လဲဆိုတော့ ဆိုပါတော့ ၄၃၆ ကိုပြုပြင်ပြောင်းလဲဖို့ဆိုပါတော့ ဆုံးဖြတ်ပြီဆိုပါတော့ ၄၃၆ ပြုပြင်ပြောင်လဲမှု ဆုံဖြတ်ပြီးမှသာလျှင် တချို့ကိစ္စတွေပြောင်းလဲရမယ်၊ အဲ့ဒီတော့ အဲ့ဒီဟာတွေကျတော့ အချိန်အရရော နောက်ပြီးတော့ အခုလက်ရှိသွားနေရတဲ့ လုပ်ငန်းတွေအရရော၊ ဥပဒေအရရော ဒီလိုပဲလုပ်ရမှာပဲ၊ ဒါဥပဒေအရရော တရားဥပဒေပညာရှင်တွေ လေ့ကျင့်လို့ရှိရင် ပိုပြီးကောင်းတယ်၊ သူ့ ဥပဒေအရ သူသွားရမယ်လေ၊ ၅၉(စ) ကိုမပြင်ရင်လည်း ၄၃၆ ကိုပြင်ရမယ်လေ၊ အဲ့ဒီလို သူ့အဆင့်နဲ့သူ ရှိတယ်လေ၊ အဲ့ဒီတော့ သူ့ရဲ့လုပ်ငန်းစဉ်အရ ဒီလိုပဲဖြစ်ရမယ်လေ၊ ဒါမှ သဘာဝကျမှာ"

ပုဒ်မ ၄၃၆ ပြင်ဆင်ပြီးမှသာ ကျန်တဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်မှာဖြစ်ကြောင်း လက်ရှိသွားနေတဲ့ လုပ်ထုံး လုပ်နည်းအရ သူရဦးရွှေမန်းပြောကြားချက်အတိုင်း လုပ်ရမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို လက်ရှိဖွဲ့စည်းပုံအတိုင်းသာ ကျင်းပသွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ