Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, November 20, 2014

မြန်မာမူးယစ်ဆေးကြောင့် တရုတ်မှာ ရာဇဝတ်မှုများလို့ဆို

20 November 2014 08:19(+0630) (လွန်ခဲ့သော 10 နာရီ ခန့်က)
မြန်မာနိုင်ငံနဲ့ ​တခြား ​အိမ်နီးချင်းနိုင်ငံကနေ ​ဝင်ရောက်လာတဲ့ ​တရားမဝင် ​ဓာတုမူးယစ်ဆေးဝါးတွေကြောင့် ​တရုတ်နိုင်ငံမှာ ​ရာဇဝတ်မှု ​ကျူးလွန်မှုတွေ ​ပိုများလာနေတယ်လို့ ​တရုတ်အစိုးရက ​ပြောပါတယ်။

လွန်ခဲ့တဲ့ ​၉လအတွင်း ​စိတ်ကြွဆေးပြားနဲ့ ​ပတ်သက်ပြီး ​အကြမ်းဖက်တဲ့ ​လုပ်ရပ် ​အကြိမ်ပေါင်း ​တစ်ရာ ​ဖြစ်ခဲ့ပြီး ​ဒါဟာ ​အရင်ငါးနှစ်က ​ဖြစ်ခဲ့တာထက် ​အကြိမ်ပေါင်း ​ပိုများနေတယ်လို့ ​တရုတ်ရဲတွေက ​ပြောပါတယ်။

ဘိန်းနဲ့ ​ဘိန်းဖြူသုံးစွဲမှုတွေထက် ​စိတ်ကြွဆေးပြားနဲ့ ​တခြား ​ဓာတုနဲ့ ​ဖော်စပ်ထားတဲ့ ​မူးယစ်ဆေးဝါးတွေဟာ ​သုံးစွဲသူရဲ့ ​စိတ်ကျန်းမာရေးကို ​ပိုထိခိုက်နိုင်တယ်လို့ ​ဆိုပါတယ်။

ဓာတုမူးယစ်ဆေးဝါးကို ​အသုံးပြုသူတွေဟာလည်း ​လူသတ်မှု၊ ​ပြန်ပေးဆွဲမှု ​အစရှိတဲ့ ​အကြမ်းဖက်တဲ့ ​လုပ်ရပ်တွေကို ​ပိုလုပ်လေ့ရှိတယ်လို့ ​ဆိုပါတယ်။

အဲဒီ ​စိတ်ကြွဆေးပြားတွေဟာ ​မြန်မာနိုင်ငံနဲ့ ​နယ်စပ်ခြင်း ​ထိစပ်နေတဲ့ ​ယူနန်ပြည်နယ်နဲ့ ​တခြားအိမ်နီးချင်းနိုင်ငံနဲ့ ​ဆက်စပ်တဲ့ ​Guangxi ​ပြည်နယ်က ​ဝင်ရောက်လာတာလို့ ​ဆိုပါတယ်။

မနှစ်တုန်းကပဲ ​မြန်မာနိုင်ငံကနေ ​ခိုးသွင်းလာတဲ့ ​စိတ်ကြွဆေးပြား ​တန်ချိန် ​၉ ​တန်ကို ​တရုတ်ရဲတွေက ​ဖမ်းဆီးရမိထားပါတယ်။

အဲဒီလို ​တရားမဝင် ​မူးယစ်ဆေးဝါး ​ကုန်ကူးမှုကို ​တိုက်ဖျက်ဖို့ ​တရုတ်အစိုးရက ​မြန်မာ၊ ​လာအို၊ ​ထိုင်းနိုင်ငံတို့နဲ့ ​ပူးပေါင်းမှုတွေ ​ပိုလုပ်နေတယ်လို့လည်း ​သိရပါတယ်။


Ice လို့ခေါ်တဲ့ ဓာတုမူးယစ်ဆေးဝါး  


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ