17 November 2014 17:18(+0630)
(လွန်ခဲ့သော ၁ နာရီ ခန့်က)
ထိုင်းနိုင်ငံ တာခ်ျခရိုင်မှာ အလုပ်ရှင်ကို ဓားပြတိုက်ပြီး
သတ်ဖြတ်ခဲ့တယ်လို့ ယူဆရတဲ့ မြန်မာ အလုပ်သမား ၂ ဦးကို ဒီကနေ့ မနက်ပိုင်းက
ဖမ်းဆီး ထားပါတယ်။
အသက် ၂၀ အရွယ် အားစိုနဲ့ သူ့ရဲ့မိန်းကလေး မိတ်ဆွေ ဘို တို့ ၂ ယောက်ကို မနက်
၅ နာရီအချိန်က မူဝမ်နယ်မြေမှာ ဖမ်းမိခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့ ၂ ဦးဟာ အသက် ၅၀ အရွယ် အမ်ဖန် ဆယ်ကွေ့ ကို သတ်ဖြတ်ပြီး ငွေသား ဘတ် ၆
သောင်းနဲ့ ရွှေထည်ပစ္စည်းတချို့ကို ယူဆောင်ထွက်ပြေးခဲ့တယ် လို့လည်း
ဆိုပါတယ်။
သူတို့တွေဟာ အရင်ရက်ပိုင်းမှာ အဖမ်းခံထားရတဲ့ မြန်မာ အမျိုးသမီး တယောက်နဲ့
ပူးပေါင်း လုပ်ဆောင်ခဲ့ တယ်လို့လည်း ဆိုပါတယ်။ ဒီလူသတ်မှုကို
အလုပ်ရှင်ရဲ့ဆိုင်က လုံခြုံရေး ကင်မရာကနေ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ
No comments:
Post a Comment