Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 1, 2014

ဘူးသီးတောင်တွင် ဗုံးနှစ်လုံးပေါက်ကွဲ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် အောက်တိုဘာ ၃၁ ရက်နေ့ ညဥ့် ၉ နာရီခန့်က ဗုံး နှစ်လုံး ပေါက်ကွဲခဲ့သည်ဟု သိရသည်။

“ ဗုံးပေါက်တာက မနေ့ ညဥ့် ၉ နာရီ ၁၅ မိနစ်မှာ ဖြစ်ပါတယ်။ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး ရိပ်သာရှေ့မှာ ပေါက်တာ ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာ ရတာတွေမရှိပါဘူး” ဟု ဘူးသီးတောင်မြို့မှ အရပ်ဘက် အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်ကိုကိုက ပြောသည်။

ယင်းဗုံးများမှာ လက်လုပ် အမျိုးအစား ဖြစ်ပုံရပြီး ဗုံးပေါက်ကွဲသော နေရာမှ လက်ကိုင်မိုဘိုင်းဖုန်း တစ်လုံး၊ စက်ဘီး ဘားစေ့များနှင့် ပုလင်းကွဲများကိုတွေ့ရသည်ဟု သူက ဆိုသည်။

ဘူးသီးတောင်မြို့တွင် မီးပေးဝေနေသော မီးစက်ကြီး ပျက်နေသည်မှာ သုံးရက်ခန့်ရှိနေပြီး မသမာသူများက လျှပ်စစ်မီး မရှိသဖြင့် အမှောင်ကို အသုံးပြုလျှက် ဗုံးများကို ဖေါက်ခွဲခဲ့ပုံရကြောင်း သူက ဆိုသည်။

ဗုံးပေါက်ကွဲသော အသံမှာ သိပ်မကျယ်လောင်ကြောင်း၊ ယခုအခါ ဗုံးပေါက်ကွဲမူနှင့် ဆက်စပ်ပြီး ကွင်းဆက်များကို လိုက်လံ စုံစမ်းဖေါ်ထုတ်နေသည်ဟု ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ မြို့လူထုက တော့ သိပ် အထိတ်တလန့် မဖြစ်ပါဘူး။ ခုလို ဗုံးကွဲတဲ့ အတွက် နောက်ဆက်တွဲ ဘာတွေ ဖြစ်လာမလဲဆိုတာကိုဘဲ လူတွေက စုံစမ်းသိချင်နေကြတဲ့ သဘောလောက်ဘဲ ရှိပါတယ်” ဟု သင်္ဘောဆိပ်မှ ဒေသခံ တစ်ဦးက ဆိုသည်။

ဘူးသီးတောင်နှင့် မောင်တောတွင် အကြမ်းဖက်သမားများ ၀င်ရောက်နိုင်သည်ဆိုသော သတင်းကြောင့် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ ဗုံးပေါက်ကွဲခြင်း ဖြစ်သဖြင့် အာဏာပိုင်များက လုံခြုံရေးကို ပိုမိုတင်းကျပ်လိုက်သည်ဟု ဦးအောင်ကိုကိုက ပြောဆိုသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ