Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရီလင်္ကာတို့ အကြမ်းဖက်အန္တရာယ် ပိုမိုရင်ဆိုင်ရဖွယ်ရှိ

20 November 2014 21:11(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)
ဝါရှင်တန်၊ နိုဝင်ဘာ ၂၀

သြစတြေးလျအခြေစိုက် စီးပွားရေးနှင့် ငြိမ်းချမ်းရေး အင်စတီကျုမှ မကြားသေးမီက ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု ညွှန်းကိန်း အစီရင်စာအရ အကြမ်းဖက်အန္တရာယ် ပိုမိုရင်ဆိုင်ရဖွင်ရှိသည့် ၁၃ နိုင်ငံ အနက် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာတို့လည်း ပါဝင်လာကြောင်း Channelnewsasia တွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာတွင် အကြမ်းဖက်တိုက်ခိုက်မှု အားလုံး၏ ၈၂ ရာခိုင်နှုန်းသည် နိုင်ဂျီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အီရတ်နှင့် ဆီးရီးယား စသည့် နိုင်ငံ ၅ ခုတွင်သာ ဖြစ်ပွားကြောင်း ရေးသားထားသည်။

အဆိုပါ ၁၃ နိုင်ငံ နောက်မှ လိုက်သော နိုင်ငံ ၅ နိုင်ငံအနက် အာရှ နိုင်ငံများပင် ဖြစ်သော အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် ထိုင်းတို့ ပါဝင်လာသည်။ ထိုနိုင်ငံများသည် ခွဲထွက်ရေး အုပ်စုများ၏ အန္တရာယ်ကို အဓိက ရင်ဆိုင်ကြရမည် ဖြစ်သည်။

စင်ကာပူအပါအ၀င် အခြားနိုင်ငံများတွင်မူ ပြီးခဲ့သည့် နှစ်များအတွင်း အကြမ်းဖက်မှု အန္တရာယ်များ မတွေ့ရှိရပေ။

“အကြမ်းဖက်မှုကို သွေးပျက်မနေဖို့လို့ အရေးကြီးတယ်လို့ ထင်တယ်၊ လူတွေရဲ့ သိမြင်နိုင်မှုကိုတော့ ဆိုးကျိုးသက်ရောက်စေတယ်လို့ နားလည်ထားကြတယ်၊ အသတ်ခံရသူတွေတင်မကဘူး လူ့အဖွဲ့အစည်းရဲ့ အခြား သွင်ပြင်လက္ခဏာတွေပေါ်မှာလည်း ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိစေတယ်” ဟု ကော်လိုရာဒို တက္ကသိုလ်မှ ဟောပြောပို့ချသည် ကထိက ဒန်အဲရစ်ဆင်က ပြောသည်။

အကြမ်းဖက်တိုက်ခိုက်မှု အများစုသည် ဘ၀များအကြီး ကြီးမားသော ဆုံးရှုံးမှုကို မဖြစ်စေတတ်သော်လည်း စိတ်၏ စေ့ဆော်မှုများအတွက်မူ အပြောင်းအလဲ ဖြစ်စေတတ်ကြောင်း ယင်းအစီရင်ခံစာ၌ ရေးသားထားသည်။

အကြမ်းဖက်တိုက်ခိုက်မှုများကို ဖြစ်ပွားစေသည့် အဓိက အချက်မှာ အမျိုးသားရေးနှင့် ခွဲထွက်ရေး လှုပ်ရှားမှုများကြောင့် အဖြစ်များသည်။

ယခုတစ်ဖန် ပေါ်ပေါက်နေသည်မှာ ဘာသာရေးကြောင့်ဖြစ်ပြီး မကြာသေးမီကပင် ဂျေရုဆလင်ရှိ ရဟူဒီဘုရားကြောင်း တစ်ခုအတွင်း လူ ၅ ဦး သတ်ဖြတ်ခံခဲ့ရသည်။

အီရတ်နှင့် ဆီးရီးယားတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် အဓိကရုန်းဖြစ်စဉ်များတွင် ဘာသာရေးမှာ ဗဟိုချက်မ ဖြစ်နေသည်။ အစွန်းရောက်များ၏ နယ်မြေခွဲထွက်ရေး လှုပ်ရှားမှုများက ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှု ညွှန်းကိန်းရေးသားသူများကို သတိပေးရန် နိုးကြားလာသော အခြေသို့ ရောက်စေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာတို့တွင် လူမှုအသိုက်အ၀န်း အချင်းချင်း ကောင်းမွန်သော ဆက်ဆံရေး၊ အချက်အလက်များ လွတ်လပ်စွာ စီးမျောနိုင်မှုတို့ အားနည်းနေခြင်းက လာမည့် နှစ်များအတွင်း အကြမ်းဖက်တိုက်ခိုက်ခံရမှု အန္တရာယ် ပိုရှိလာစေသည်။

ယင်းအစီရင်ခံစာအရ အကြမ်းဖက် အန္တရာယ် အရှိဆုံး နိုင်ငံ ၁၃ ခုတို့မှာ အန်ဂိုလာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘာရမ်ဒီ၊ ဗဟိုအာဖရိက၊ အိုင်ဗရီကို့စ်၊ အီသီရိုးပီးယား၊ အီရန်၊ အစ္စရေး၊ မာလီ၊ မက္ကဆီကို၊ မြန်မာ၊ သီရိလင်္ကာ၊ ယူဂန်ဒါတို့ ဖြစ်သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ