ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 18, 2014

ပင်လယ်ထဲမျောပါနေသော မြန်မာအလံထောင် ငါးဖမ်းလှေတစ်စီးပေါ်မှ လူပေါင်း ၆၀၀ ကို ဘင်္ဂလာဒေခ်ျ့ရေတပ်က ကယ်တင်

18 November 2014 13:50(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)
ပင်လယ်ထဲ မျောပါနေသော မြန်မာအလံကို ထောင်ထားသော ငါးဖမ်းလှေတစ်စီးပေါ်မှ လူပေါင်း ၆၀၀ ကို ဘင်္ဂလာဒေခ်ျ့ ရေတပ်က ကယ်တင်ခဲ့ရသည်ဟု ယနေ့ထုတ် ဘင်္ဂလာဒေခ်ျ့မှ သတင်းစာ အများအပြား တွင် ဖေါ်ပြသည်။

သူတို့မှာ လူမှောင်ခို ပွဲစားများ၏ ဆွဲဆောင်မူဖြင့် မလေးရှားသို့ အလုပ် လုပ်ရန် ယင်းငါးဖမ်းစက်လှေဖြင့် သွားကြသူများ ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ တာဝန်ရှိသူများက ပြောသည်။

ကယ်တင်ခဲ့ရသူများထဲတွင် အမျိုးသမီးနှင့် ကလေးငယ် ၂၀ ခန့်ပါဝင်ပြီး သူတို့မှာ ဘင်္ဂလာဒေခ်ျ့ နှင့် မြန်မာနိုင်ငံသားများဖြစ်ကြောင်း သတင်းစာများက ဘင်္ဂလာဒေခ်ျ့ အရာရှိများကို ကိုးကား ဖေါ်ပြသည်။

လတ်တလောတွင်  ကယ်တင်ခံရသူ လူပေါင်း ၆၂၃ ဦးထဲမှာ မည်သူမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား၊ မည်သူမှာ မြန်မာနိုင်ငံသား  ဖြစ်ကြောင်းကိုမူ တိတိကျကျ မခွဲခြားနိုင်သေးဟု အာဏာပိုင်များက ပြောဆိုသည်။

ယင်းစက်လှေပေါ်တွင် မြန်မာအလံအားထောင်ထားပြီး သူတို့အား ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် စိန်မာတင်(အုန်းကျွန်း) အရှေ့တောင်ဘက် မိုင် ၅၀ အကွာတွင် သတင်းအရ လိုက်ပါသွားစဉ် နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ တွင် ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

လူမှောင်ခိုသမားဟု ယူဆရသူ ၁၄ ဦးကိုလည်း ဘင်္ဂလာဒေခ်ျ့ ရေတပ် အာဏာပိုင်များက ထိန်းသိမ်း လိုက်သည်ဟု သိရသည်။

ကယ်တင်ခံရသူ လူပေါင်း ၆၀၀ ကျော်အား ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ တက်ကနက် ရဲစခန်းသို့ လွှဲပြောင်းလိုက်ပြီဟု သတင်းများတွင် ဖေါ်ပြသည်။

အလားတူ လူပေါင်း ၃၁၃ ဦးကိုလည်း ဇွန်လအတွင်းက ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပင်လယ်ထဲက ကယ်တင်ခဲ့ရသည်ဟု သိရသည်။


( မလေးရှားသွားသူများကို တွေ့ရစဉ်) -


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ