Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Tuesday, November 18, 2014

တောင်ကြီးမြို့တော် သျှမ်းနှစ်ကူးပွဲတော် သျှမ်းပြည်နယ်ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်

18 November 2014 13:47(+0630) (လွန်ခဲ့သော 5 နာရီ ခန့်က)
နိုဝင်ဘာ ၁၈ ရက် ၂၀၁၄

သျှမ်းပြည်မြို့တော် တောင်ကြီး၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပ မည့် ၂၁၀၉ ခု မြောက် သျှမ်းနှစ်သစ်ကူးပွဲတော်အား သျှမ်းပြည်နယ် ဝန်ကြီးချုပ် စဝ်အောင်မြတ်က တက်ရောက်ဖွင့်လှစ်သည်။

နိုဝင်ဘာ ၁၈ ရက် ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့အဝေရာ မီးပုံးပျံကွင်း၌ ဖွင့်လှစ်သည့် သျှမ်းနှစ်သစ်ကူးပွဲတော်သို့ သျှမ်းပြည်နယ်ဝန်ကြီး စဝ်အောင်မြတ်၊ ပွဲဖြစ်မြောက်ရေး ကော်မတီ ဥက္ကဌ စိုင်းထွန်းမြတ် သျှမ်းပြည်နယ်လွှတ်တော် ဉက္ကဌ စိုင်းလုံးဆိုင်၊ ဒု ဥက္ကဌ စိုင်းခမ်းမတ် ၊ သစ်တော နှင့် သတ္တုဝန်ကြီး စိုင်းအိုက်ပေါင်း တို့ တက်ရောက် ဖွင့်လှစ်ပါ သည်။

“ပထမ အစီအစဉ်က ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဌနဲ့ တက်ရောက်တဲ့ဝန်ကြီး စိုင်းအိုက် ပေါင်း၊ နောက်ပြီး လွှတ်တော်ဥက္ကဌ စိုင်းလုံးဆိုင်၊ ဆရာစိုင်းခမ်းမတ် တက်ရောက်ပြီး ဖဲကြိုး ဖြတ်ဖွင့်လှစ်တယ်။ ဝန်ကြီးချုပ်ကတော့ အဖွင့်အမှာ စကားပြော တယ်၊ ဖွံ့ဖြိုးတိုးတက် လာ နေတဲ့ နိုင်ငံတော်နဲ့အတူ မိမိရိုးရာကို ထိန်းသိမ်းဖို့၊ ဘာသာစာပေကို ချစ်မြတ်နိုးဖို့ ပြော တယ်” - ဟု ပွဲတော် တက်ရောက် သည့် သျှမ်းသံတော်ဆင့်သတင်းထောက် နန်းဟွမ် ကပြော သည်။

၂၁၀၈ ခုနှစ် နှုတ်ခွန်းဆက်သခြင်းနှင့် ၂၁၀၉ ခု နှစ်သစ်ကြိုဆိုပွဲတွင် သျှမ်း လူမျိုးနှင့် ပတ်သက်သည့် စာတမ်းလည်းတောင်ကြီးတက္ကသိုလ် ခန်းမ ၌ သုံးရက် တိုင်တိုင် ဖတ်ကြား သည့်အခမ်းအနားလည်းရှိသည်။

သျှမ်းပြည်နယ် မြို့နယ်အနှံ့ သျှမ်းလူမျိုးများ စုံစုံညီညီ စုပေါင်းကျင်းပသည့် ပွဲေ တ်ာဖြစ် သည်။ အဆိုပါ ပွဲတွင် မဟာကံစမ်းမဲအနေဖြင့် ယနေ့မှ စ၍ Toyota Hilux Vigo ကား တရက်တစီး ကံစမ်းမဲ ဖေါက် မည်ဖြစ်သည်။

တောင်ကြီးမြို့၌ ကျင်းပနေသည့် သျှမ်းနှစ်ကူးပွဲတော်သည် ပြည်တွင်းပြည်ပ သျှမ်းများ ဒုတိယ အကြိမ် စုပေါင်းကျင်းပသည့်ပွဲတော်ဖြစ်သည်။ ပထမ အကြိမ် မှာမူ သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့၌ လွန်ခဲ့သည့် ၂ နှစ် (၂၀၁၂ ခု) က ကျင်းပခဲ့ပါသည်။






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ