Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, November 9, 2014

ဝန်ကြီးချုပ်ကို လုပ်ကြံ၍ အာဏာသိမ်းရန် ကြံစည်ခဲ့သည့် အမျိုးသမီးတစ်ဦးအား အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီး

9 November 2014 10:25(+0630) (လွန်ခဲ့သော 9 နာရီ ခန့်က)
နယူးဒေလီ ၊ ၉-၁၁-၂၀၁၄

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကို လုပ်ကြံ၍ အာဏာသိမ်းရန် ကြံစည်ခဲ့မှုတွင် ပါဝင်ခဲ့သည့် အမျိုးသမီး တစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့ က ယမန်နေ့တွင် ပြောကြား ခဲ့သည်။

အသက် ၃၆ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်း သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှု များကို ပြုလုပ်ရန် ဂျာမက်အူလ မူဂျာဟစ်ဒင် အဖွဲ့က စီစဉ်လျက် ရှိကြောင်း အိန္ဒိယ အာဏာပိုင် များက ဖော်ထုတ် နိုင်ခဲ့ပြီး နောက်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် လွန်ခဲ့သည့်လက လက်လုပ်ဗုံး ပေါက်ကွဲမှု အတွင်း သေဆုံးခဲ့သည့် မူဂျာဟစ်ဒင် အဖွဲ့ဝင် နှစ်ဦးကို ရှာဖွေတွေ့ရှိ ပြီးနောက် အဆိုပါ အမျိုးသမီးအား နိုင်ငံ အရှေ့မြောက်ပိုင်း ရှိ အာသံပြည်နယ် တွင် ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကြမ်းဖက် အဖွဲ့သည် ဝန်ကြီးချုပ် ဟာဆီနာ နှင့် အတိုက်အခံ ခေါင်းဆောင် တစ်ဦးဖြစ်သူ ခါလီဒါဇီယာ ကိုလည်း သတ်ဖြတ်ရန် ကြံစည်ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ရှိတ်ဟာဆီနာ နှင့် ခါလီဒါဇီယာ တို့နှစ်ဦးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးတွင် ဆယ်စုနှစ် တစ်ခုကျော် အကြာ လွှမ်းမိုးလျက် ရှိသည့် ခေါင်းဆောင်များ ဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် ပါကစ္စတန် မှ လွတ်လပ်ရေး ရရှိခဲ့သည့်
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် လွတ်လပ်ရေး ရပြီးချိန်မှ စ၍ နိုင်ငံအတွင်း ၌ အကြမ်းဖက် တိုက်ခိုက်မှုများ၊ အဓိကရုဏ်း များနှင့် ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။






ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ