Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ လွှမ်းမိုးမှုမရှိတော့ဟု အာဏာရပါတီခေါင်းဆောင်ပြော

20 November 2014 20:32(+0630) (လွန်ခဲ့သော 21 နာရီ ခန့်က)
မြန်မာပြည်ရဲ့ အာဏာအရပ်ရပ်ကို နှစ်ပေါင်းများစွာ ချုပ်ကိုင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ နိုင်ငံရေးမှာ ဦးဆောင်လွှမ်းမိုးမှု မရှိတော့ဘူးလို့ လက်ရှိအာဏာရ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော် လွှတ်တော်အစည်းအဝေးပြင်ပမှာ သတင်းထောက်တွေရဲ့ အမေးကို ကြံ့ခိုင်ရေးပါတီ  ဒုဥက္ကဋ္ဌ ဦးဌေးဦးက ဖြေကြားသွားခဲ့တာပါ။

“လွှဲပြီးပြီပဲဗျာ။ လွှဲပြီးပြီဆိုရင် လွှဲပြီးတဲ့အတိုင်းပဲ ကျန်တဲ့လူတွေက ဆက်လုပ်ရမှာပေါ့ ဗျာ။ ကျနော်တို့သွား တယ်။ သို့သော်လည်း ဒါတွေနဲ့ပတ် သက်လို့တော့ ဘာမှသူမပြောဘူး။ ယုံယုံကြည်ကြည်နဲ့ လွှဲလိုက်ပြီးပြီ၊ လွှဲလိုက်တဲ့လူတွေ ဆက် လုပ်ပေါ့။ နိုင်ငံရေး မှာ လူတိုင်း ကတော့ ပါနေမှာပဲ။ သို့သော်လည်းပဲ သူဝင်ပြီးပါတယ်၊ လွှမ်းမိုးတယ် မလွှမ်းမိုးဘူး ဆိုတာပဲရှိတယ်။ အခုလုပ်နေရမယ့်လူတွေကတော့ လွှတ်တော်ထဲက လူတွေလုပ်ရမယ်။ အစိုးရဘက်က လူတွေလုပ်ရမယ်။ တပ်ကလူတွေလုပ်ရမယ်။ ပြည်သူတွေ လုပ်ရမယ် ဒါပဲလေ။ သူလည်း ပြည်သူပဲ။ သို့သော်လည်းပဲ ဆိုလိုတာကတော့ သူဦးဆောင်ပြီး လုပ်နေတဲ့ဥစ္စာ မရှိတော့ဘူးလေ” လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း  သန်းရွှေဟာ လက်ရှိအချိန်မှာ ဘာသာရေး လုပ်နေတယ်လို့လည်း  ပြောကြားသွားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေဟာ  ၂၀၁၁ ခုနှစ် ရာထူးက အနားမယူခင်ထိ တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူခဲ့သလို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီနဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ