Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

ကြံ့ခိုင်ရေးဒုဥက္ကဋ္ဌ ရရှိသည့် လယ်ယာမြေများ မူလပိုင်ရှင်များ ပြန်တောင်းသော်လည်း မပေး

21 November 2014 11:22(+0630) (လွန်ခဲ့သော 7 နာရီ ခန့်က)
ရန်ကုန်၊ နိုဝင်ဘာ ၁၈

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက နိုင်ငံတော်ထံမှ မိသားစုပိုင်အဖြစ် ရရှိခဲ့သော နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇလောင်းကျေးရွာအုပ်စုရှိ လယ်ယာမြေဧက ၂၀၀ တွင် မူလပိုင်ရှင် ဒေသခံ လယ်သမား၂၆ ဦး၏ စိုက်ပျိုးမြေများ ပါဝင်နေသောကြောင့် ပြန်လည် တောင်း ဆိုသော်လည်း ပေးအပ်ခြင်း မရှိကြောင်း အဆိုပါ လယ်သမားများ ကိုယ်စား ဦးတင်မင်းနိုင်က နိုဝင်ဘာလ ၁၇ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်တွင် အဆိုပါ နေရာသည် နိုင်ငံပိုင် သစ်တောကြိုးဝိုင်းတစ်ခု ဖြစ်ခဲ့၍ ဒေသခံ လယ်သမားများ ၀င်ရောက် လုပ်ကိုင်ခဲ့ကြပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်တွင် သစ်တော ကြိုးဝိုင်း ဖျက်ကာ အဆိုပါ နေရာများကို ဦးဌေးဦး အပါအ၀င် စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိကြီးများအား ခွဲဝေ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ဦးဌေးဦး ပိုင်ဆိုင်သည့် မြေဧက၂၀၀ တွင် ဧက ၄၀ လောက်သာ ငှက်ပျော၊ ဒန့်သလွန်၊ သရက်ပင်များ စိုက်ပျိုးထားသောကြောင့် ယခုကဲ့သို့ ဒေသခံ လယ်သမားများက ပြန် လည် တောင်းဆိုခြင်း ဖြစ်သည်။

““ကျွန်တော်တို့ စိုက်ခဲ့တာ နှစ်ပေါင်း၂၀၊ ၃၀လောက်တော့ ရှိပြီ။ ကျွန်တော်တို့ တောင်သူက ၂၆ဦး၊ ဦးဌေးဦး ထဲကို ပါသွားတာ ၁၁၁ ဧက ပါသွားတာ။ ကျွန်တော်တို့က ဗိုလ်ချုပ်ဌေးဦးကို အသနားခံစာ တင်လိုက်တာလေ။ တောင်သူတွေရဲ့ နစ်နာမှုလေးကို ဖြေရှင်းပေးပါ ဆိုပြီး။ သူက မြို့နယ်ခုံရုံးဖွဲ့ပြီး မြို့နယ် ထွေအုပ် ရုံးမှာ တရားခံကို ခေါ်စစ် တယ်။ နွေရာသီကျရင် သူတို့ဘက်က ညှိနှိုင်းမှု မရှိရင် တဲတွေထိုးပြီးဝင် လုပ်စားတော့မယ်။ ဗိုလ်ချုပ်တင်ထွတ်တို့ကလည်း လျော်ကြေး ပေးပြီးပြီ။ သူက ဧက ၅၀ ရထားတာ။ သူရတဲ့ အထဲမှာပါတဲ့ တောင် သူတွေက ၉ ဦးပိုင်တော့ ၂၆ ဧက ကို နစ်နာကြေးပေးတယ်။ ဦးဌေးဦးက လုံးဝမပေးဘဲနဲ့ တောင်သူတွေကို တရားခံလိုပဲ သတ်မှတ်နေလို့””ဟု ဦးတင်မင်းနိုင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ် သြဂုတ်လ ၈ ရက်တွင် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တရားဥပဒေဆိုင်ရာ ဥက္ကဋ္ဌများ၊ မြေသိမ်းယာသိမ်း စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌများထံနှင့် ဦးဌေးဦး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော ပြည်သူ့ လွှတ်တော်၏ နိုင်ငံသားများ၏ မူလအခွင့်အရေး ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီထံသို့ အစီရင်ခံစာ တင်သွင်း ခဲ့ပြီး အောက်တိုဘာလ ၂၉ ရက်နေ့၌ ကော်မတီက ဒေသခံ တောင်သူများ ကို ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

““ကျွန်တော်တို့က လယ်တော့ အဓိက လိုချင်တယ်။ ဒါပေမဲ့ ငွေပေးမယ်ဆို လည်း လက်ခံတယ်။ အစကတော့ တောင်သူတွေဆီက မှတ်ပုံတင်နံပါတ်တွေ ယူညှိနှိုင်းပေးမယ်ဆိုပြီး လုပ်သေးတယ်။ နောက်တော့ ခုံရုံးဖွဲ့ပြီး တရားခံအဖြစ် စစ်တော့တာပဲ””ဟု လယ်ယာမြေများ ပြန်လည်ရရှိ ရန် တောင်းဆိုထား သည့် ဒေသခံ တောင်သူ တစ်ဦးဖြစ်သူ ဦးမြင့်နိုင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးထံသို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်မှု မရရှိသဖြင့်၎င်း၏ ကိုယ်ရေးအရာရှိထံသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ဦးဌေးဦးမှာ လွှတ်တော် တက်နေကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ထပ်မံဆက်သွယ် ခဲ့သည့်အခါ ဖုန်းဝင် သွားခဲ့သော်လည်း ပြန်လည် ဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ