Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 21, 2014

လေးထောင့်ကန် လမ်းပေါ်က ယာဉ်တိုက်မှု (၃)ဦးသေ၊ (၂)ဦးဒဏ်ရာရ

21 November 2014 12:22(+0630) (လွန်ခဲ့သော 6 နာရီ ခန့်က)
အရှိန်လွန်ကာ လမ်းလယ်ကပ်တုံအား ဝင်ရောက်တိုက်မိပြီး ယာဉ်တိမ်းမှောက် ခဲ့သဖြင့် (၃)ဦးသေ၊ (၂)ဦးဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

၂၀.၁၁.၂၀၁၄ရက်နေ့ ၂၃၃၀အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန် လမ်းအတိုင်း အရှေ့မှ အနောက်သို့ မောင်းနှင်လာသော 9C---မစ်ဆူဘီရှီ TRITON L200 အမျိုးအစား ကိုယ်ပိုင်ယာဉ်သည် သင်္ဃန်းကျွန်းဈေးသစ်အလွန် ဦးစံဖေ လမ်းထိပ်အရောက် လမ်းလယ်တုံးအား အရှိန်လွန်ကာ ဝင်ရောက် တိုက်မိခဲ့သဖြင့် ယာဉ်မှာ ပက်လက်လန်တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွား ခဲ့ပါသည်။

ယင်းသို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားစဉ် လမ်းဖြတ်ကူးသူ အမျိုးသား (၁)ဦးအား တိုက်မိခဲ့သည့်အပြင် ၎င်းယာဉ်ဖြင့် တိုက်မိသည့် လမ်းလယ်ကပ်တုံးမှာ လွင့်စင်၍ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော 9H---ကရောင်းယာဉ်နှင့် တိုက်မိခဲ့ပါသည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်များပျက်စီးပြီး 9C---ယာဉ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသား (၄)ဦးတို့မှာ ယာဉ်ပေါ်မှ ပြုတ်ကျခဲ့ရာ ခန္ဓာကိုယ်တွင် ဖူးရောင်၊ ပေါက်ပြဲ၊ သွေးထွက်ဒဏ်ရာများ ရရှိခဲ့သဖြင့်သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်စဉ် (၃)ဦးမှာ သေဆုံးသွားခဲ့ပြီး (၁) ဦးမှာ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် ဆေးကုသမှု ခံယူလျက်ရှိပါသည်။

၎င်းအပြင်လမ်းဖြတ်ကူးသူ အမျိုးသားတွင်လည်း ပွန်းပဲ့နာကျင်ဒဏ်ရာများရရှိခဲ့ သဖြင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရပါသည်။

ယင်းသို့ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းအား သင်္ဃန်းကျွန်းမြို့မရဲစခန်း ယာဉ်(ပ)၄၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉/၂၀၂ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ