Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, November 14, 2014

သမ္မတ အိုဘားမား မြန်မာလွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

13 November 2014 21:57(+0630) (လွန်ခဲ့သော 19 နာရီ ခန့်က)
အမေရိကန်သမ္မတ အိုဘားမားဟာ ဒီနေ့ နေပြည်တော်က နန်းဝတီဟိုတယ်မှာ ပြည်ထောင်စု လွှတ်တော်နာယက သူရရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦး နဲ့ ဒီနေ့ တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍတွေကို လျှော့ချဖို့လိုအပ်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက တိုက်တွန်းခဲ့တယ်လို့ ဒီနေ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

"အဓိကကတော့ ဘာကိုမှတ်ချက်ပြု ပြောသလဲဆိုလို့ရှိရင် ကျမတို့ အခုအပြောင်းအလဲကာလမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍတွေလျော့ချဖို့၊ လူနည်းစုတွေရဲ့ အခွင့်အရေးကိုပေးဖို့ပေါ့နော်၊ ဒါမျိုးမှမလုပ်ခဲ့ဘူးဆိုလို့ရှိရင် တိုင်းပြည်ရဲ့ အနာဂါတ်က မကောင်းနိုင်ဘူးပေါ့နော်၊ ဒါကြောင့်မို့လို့ လက်ရှိအခြေခံဥပဒေ ပြင်ဆင်မယ့် အခြေအနေမှာလည်း အကုန်ဝိုင်းဝန်းပြီး ဆောင်ရွက်ကြဖို့လိုတယ်၊ အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ် အဲ့လိုပုံစံမျိုးပါပဲ"

ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ ကြုံတွေ့နေရတဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ အိုဘားမားကို ပြောပြခဲ့သလို အိုဘားမားကလည်း အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲစဉ်က ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြခဲ့တယ်လို့ သိရပါတယ်။

မနက်ဖြန်မှာလည်း သမ္မတ အိုဘားမားက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံမှာဖြစ်ပြီး အရှေ့တောင်အာရှက လူငယ်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ တွေ့ဆုံမှာဖြစ်ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ