Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 22, 2014

လက်နက်ကြီး ထိမှန်ကျဆုံးသွားသူများတွင် ကချင်ဗိုလ်လောင်းများ မပါဝင်

21 November 2014 19:31(+0630) (လွန်ခဲ့သော 23 နာရီ ခန့်က)
အစိုးရတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ကြတဲ့ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်း အရာရှိလောင်းတွေထဲမှာ ကချင်တပ်ဖွဲ့ဝင်တွေ ပါဝင်ခြင်း မရှိဘဲ ညီနောင်တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့ဝင်တွေချည်း ကျဆုံးသွားတာလို့  ကေအိုင်အေက ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က လိုင်ဇာမှာ ဖွင့်လှစ်ထားတဲ့ ကေအိုင်အေ ဗိုလ်သင်တန်း ကျောင်းကို  ခရာဘွမ်တောင်ကြောပေါ်မှာ တပ်စွဲထားတဲ့ အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့်  စစ်ရေးလေ့ကျင့်နေတဲ့ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးသွားခဲ့ရတာပါ။

ကျဆုံးသွားသူတွေကတော့  တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဗိုလ်လောင်း ၁၁ ဦး၊ ရခိုင်တပ်မတော်က  ၈ ဦး ၊ ချင်းအမျိုးသားတပ်မတော်က  ၂ ဦး နဲ့ အေဘီအက်စ်ဒီအက်ဖ်  ကျောင်းသားတပ်မတော်က ဗိုလ်လောင်း ၂ ဦးတို့ ဖြစ်ကြပါတယ်။

ကေအိုင်အေရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်းက “အဲဒီနေ့က စစ်ရေးပြလုပ်တဲ့အခါမှာ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက ဗိုလ်သင်တန်းတက်မယ့် ကလေးတွေဟာ နောက်ကျပြီး ရောက်လာတယ်။ ကျနော်တို့ ကေအိုင်အေက စာရင်းထည့်ထားတဲ့ သင်တန်းသားတွေကတော့ ၁ လကျော်ကျော် အခြေခံ စစ်ရေးပြတွေ လုပ်ပြီးသား ဖြစ်တယ်။ နောက်ရောက်လာတဲ့ သင်တန်းသားတွေက စစ်ရေးပြ အခြေခံ သိပ်ညီညီညာညာ မရှိတော့ နည်းပြက သီးသန့်ပြန်ပြီး စစ်ရေးပြ လေ့ကျင့်ပေးနေချိန်၊  တဖက်မှာလည်း ကေအိုင်အေက ပို့ထားတဲ့ ဗိုလ်သင်တန်းသားတွေဟာလည်း တနေရာမှာ လေ့ကျင့်နေချိန်မှာပဲ ပစ်လိုက်တဲ့ ကျည်ဟာ နောက်မှ ရောက်လာတဲ့ သင်တန်းသားတွေရဲ့လေ့ကျင့်ရေးကွင်းမှာ သွားပြီးတော့ ထိမှန်သွားတာ။ အဲဒီတော့ ထိခိုက်မှုမှာ ညီနောင်မဟာမိတ် လက်နက်ကိုင်အဖွဲ့အစည်းဝင်တွေ များသွားတယ်”လို့ ပြောပါတယ်။

ကျဆုံးသွားသူတွေအတွက် ဈာပနကို မနေ့က လိုင်ဇာဗိုလ်သင်တန်းကျောင်းအနီးမှာ စစ်အခမ်းအနားနဲ့ ဂုဏ်ပြုကျင်းပပြီး မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်က တော့ ဒီပစ်ခတ်မှုဟာ လက်နက်ကြီးနဲ့ သတိပေး ပစ်ခတ်ခဲ့တာဖြစ်ကြောင်း မနေ့က မြစ်ကြီးနားမှာ မီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့သလို ဒီကနေ့ထုတ်  နိုင်ငံပိုင် သတင်းစာတွေမှာလည်း  လမ်းဖောက်နေတဲ့ စစ်သည်တွေကို ကေအိုင်ကေက ပစ်ခတ်လို့ တုံ့ပြန်တာလို့ ရေးပါတယ်။

ကေအိုင်အိုအဖွဲ့က ဦးလနန်းကတော့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာ ဖြစ်ပြီး အစိုးရရဲ့ ပြောဆိုချက်ကို ပယ်ချ လိုက်ပါတယ်။

“ဒီကေအိုင်အေ ဗိုလ်သင်တန်းကျောင်းဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်မျဉ်းရဲ့ အတွင်းဘက်မှာ နီးနီးကပ်ကပ် ရှိတယ်။  တောင်ထိပ်ပေါ် တောင်ကုန်းပေါ်မှာပါ။ တကယ်လို့ ပစ်မှတ်လွဲသွားရင် တရုတ်ဘက်လည်း ကျသွားနိုင်ပါတယ်။ ခါရာဘွန်တောင်က ဗိုလ်သင်တန်းကျောင်းကို မှန်ဘီလူးနဲ့ ကြည့်တဲ့အခါ ပစ်ကွင်းတွေ အားလုံး ရှင်းပါတယ်။ သူတို့ ဗိုလ်သင်တန်းကျောင်းကို တချက်တည်း ပစ်တဲ့နေရာမှာ တချက်တည်းနဲ့ ပစ်မှတ်ကို ထိမှန်သွားတယ်။ ဒါဟာ တမင် ရည်ရွယ်ချက်ရှိရှိ နဂိုကတည်းက အစီအစဉ်တကျ လုပ်ပြီးသား ပစ်မှတ်ပေါ် ပစ်ခတ်တိုက်ခိုက်တာ ဖြစ်တယ်။”

တအာင်းတပ်မတော် (တီအန်အယ်လ်အေ) ရဲ့ သတင်းနဲ့ ပြန်ကြားရေး လက်ထောက် ဌာနမှူး တာဝန်ခံကလည်း  ဒီပစ်ခတ်မှုကြောင့် အစိုးရအပေါ် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ကျဆင်းစေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဘက်က ၁၁ ဦး ကျဆုံးပါတယ်။ အဲဒီအတွက် အထူးကြေကွဲဝမ်းနည်းရပါတယ်။ ကျနော်တို့ဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သွားနိုင်ဖို့အတွက် အင်တိုက် အားတိုက် ကြိုးစားပမ်းစား ဖော်ဆောင်နေတဲ့အချိန်မှာ ခုလိုမျိုး အစိုးရဘက်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခတ်တာဟာ ရှေ့ဆက်သွားရမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အများကြီး အနှောင့်အယှက် ဖြစ်စေတယ်။ ယုံကြည်မှုအများကြီး ကျဆင်းစေတယ်။”

ဒီပစ်ခတ်တိုက်ခိုက်မှုအပေါ်  တခြားတိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း သူရဲဘော ကြောင်တဲ့ လုပ်ရပ်အဖြစ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ကြေညာထားကြပါတယ်။


အခင်းမဖြစ်မီ ၅ ရက်ခန့်က စာသင်ဆောင်တွင် ဗိုလ်လောင်းများကို သင်တန်းဆရာများနှင့် တွေ့ရစဉ်


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ