Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

ဟင်္သာတမြို့ပညာရေးဌာနကို ဆန္ဒထုတ်ဖေါ်မည်

19 November 2014 18:07(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)
ဟင်္သာတ၊ နိုဝင်ဘာ ၁၉။

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် လက်ပံစုကျေးရွာမှ ဒေသခံ (၂၀၀) ဦးခန့်သည် (၂၀.၁၁.၂၀၁၄) နေ့၊ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီထိ ဟင်္သာတမြို့နယ် ပညာရေးဌာနကို ဆန္ဒဖေါ်ထုတ်မည် ဖြစ်ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်ပွဲကို ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ငြိမ်း/စီခွင့်ပြုချက် အမှတ် ၁၂/၂၀၁၄ ဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အ.မ.က လက်ပံစု(နောက်)ကျောင်းဆောင်ဟောင်း ယိုယွင်းပျက်စီးနေရာ ပညာသင်ကြားမှု အခက်အခဲ မရှိစေရေး အတွက် ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းမှ လာရောက်လှူဒါန်း ခဲ့ပါသည်။ ကျောင်းအုပ်ကြီးနှင့် အပေါင်းအပါများက ၎င်းကျောင်းဆောင်သစ်ကို လ/န (၃၉) မရှိသော လယ်မြေပေါ်တွင် ပြောင်းရွှေ့ ဆောက်လုပ်ခြင်း၊ ပြည်သူလူထုထည့်ဝင်ငွေအား ကျောင်းအတွက်မသုံးပဲ ကျောင်းအုပ်ကြီးက အခြားနေရာတွင်သုံးခြင်း၊ ကျောင်းသား/သူများကို ခွဲခြားဆက်ဆံခြင်း၊ ကျောင်းအထွေထွေ အသုံးစရိတ်အား ကျောင်းဟောင်း အတွက် အသုံးမပြုခြင်းတို့ကို ကျောင်းသားမိဘနှင့် ကျောင်း ကော်မတီဝင်များ မကျေမနပ်ဖြစ်ကာ ယခုလို ဆန္ဒဖေါ်ထုတ်ရခြင်း ဖြစ်ကြောင်း ဒေသခံတဦးဖြစ်သူ မကြည်ကြည်မာက ပြောသည်။

“ ကျောင်းဆောင်ဟောင်းအား ပြုပြင်တည်ဆောက်ရန် သဘောတူဆုံးဖြတ်ပြီးကာမှ ကျောင်းမြေမဟုတ်ပဲ ရေနစ်မြုပ်တဲ့ လ/န (၃၉) မရှိတဲ့ လယ်မြေပေါ်မှာ သွားဆောက်တယ်၊ ဒါက အဂတိတရားတခုပဲ၊ ပညာရေးအဆောက်အအုံကို ပညာရေးပိုင်မြေပေါ်မှာ ဘာ့ကြောင့်မဆောက်တာလဲဆိုတာ သူပဲသိလိမ့်မယ်၊ နောက်ပြီး ကျောင်းဟောင်ပြင်ဖို့ ဒေသခံတွေစုထားတဲ့ ငွေကို ကျမတို့သဘောမတူပဲ တခြားနေရာမှာသုံးတယ်၊ သူ့ပိုက်ဆံမဟုတ်ပဲနဲ့၊ ဒါကအားလုံးကို စော်ကားတာ၊ ကျမတို့ဆရာအရင်းကြီးပါ၊ မလုပ်သင့်တာကိုလုပ်လို့ လက်မခံနိုင်တာ၊ အခုကျောင်းသားအချင်းချင်းလည်း စိတ်ဝမ်းတွေကွဲ မိဘတွေဒေသခံအချင်းချင်းတွေလည်း စိတ်ဝမ်းကွဲကုန်ပြီ၊ ကျောင်းဟောင်းမှာတဝက် ကျောင်းသစ်မှာတဝက် စာသင်နေရတာ မဖြစ်သင့်ဘူး၊ ဌာနဆိုင်ရာအားလုံးကို တိုင်ပြီးသွားပြီ၊ ပြဿနာကို ထိရောက်အောင် မရှင်းပေးနိုင်တော့ အခုလိုလုပ်ရတာပါ ” ဟု မကြည်ကြည်မာက ပြောသည်။



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ