ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

မယ်ကမ္ဘာပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဟွန်ဒူးရပ်စ်အလှမယ် ပျောက်ဆုံးနေ

19 November 2014 16:57(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
မယ်ကမ္ဘာပြိုင်ပွဲ ဝင်ပြိုင်ဖို့ လန်ဒန်ကို ခရီးမထွက်မီ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ပျောက်နေတဲ့ ဟွန်ဒူးရပ်စ်အလှမယ်အတွက် စိုးရိမ်မှုတွေ တိုးနေပါတယ်။

ဟွန်ဒူးရပ်စ်အလှမယ် မာရီယာ ဟိုဆေး အယ်လ်ဗာရာဒို ဟာ ရာဇဝတ်ဂိုဏ်းတွေ ထိန်းချုပ်ထားတဲ့ ဟွန်ဒူးရပ်စ် အနောက်ပိုင်းစန်တာ ဘာဘာရာဒေသတွင်းမှာ သူ ညီမနဲ့အတူ ပျောက်ဆုံးခဲ့တာပါ။

သူအမေကတော့ သမီး ၂ ယောက်ကို ဖမ်းထားတဲ့သူတွေ လွှတ်ပေးဖို့ အသနားခံခဲ့ပါ တယ်။ သူတို့ ညီအမပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတွေက လူ ၄ ယောက်ကို စစ်မေးခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် မယ်ကမ္ဘာပြိုင်ပွဲဝင်ဟာ သူညီမနဲ့ အတူ ပါတီတခုက အပြန် ကားလိုင်စင်ပြား မပါတဲ့ ကားတစီးနဲ့ ထွက်သွားတာ နောက်ဆုံးမြင်ခဲ့တယ်လို့ ဒေသခံရုပ်သံက ဆိုပါတယ်။

အလှမယ်အတွက် ပထမဆုံးပွဲစဉ်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ စမှာပါ။ နိုဝင်ဘာ ၁၉ ရက်နေ့မှာမှ အချိန်မီ မတွေ့ခဲ့ရင် မယ်ကမ္ဘာပြိုင်ပွဲ ကိုယ်စားပြုမှုကို ဟွန်ဒူးရပ်စ်နိုင်ငံက ရုပ်သိမ်းမှာ ဖြစ်ပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ကမ္ဘာ့လူသတ်မှု အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံပါ။

လူအယောက် ၁ သိန်းမှာ အယောက် ၉၀ အသတ်ခံရလေ့ရှိပြီး ဗင်နီဇွဲလား၊ ဘေလိုက်ဇ်နဲ့ အယ်လ်ဆာဗေဒိုနိုင်ငံတွေရဲ့ လူသတ်မှုနှုန်းထက် ၂ ဆ ရှိပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ အလယ်အမေရိက နိုင်ငံဟွန်ဒူးရပ်စ် အထဲကို မက်ဆီကိုမူးယစ်ဂိုဏ်းတွေ လတ်တလောနှစ်တွေအတွင်း နယ်ချဲ့ ခဲ့တာပါ။

တောင်အမေရိကက ကိုကင်းတွေ အမေရိကန်နိုင်ငံဆီ တင်ပို့ ကုန်ကူးခဲ့လို့ အကြမ်းဖက်မှု တွေ ပိုတိုးလာခဲ့ပါတယ်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ