Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Wednesday, November 19, 2014

အပျိုစင် စစ်မစစ် စစ်ဆေးမှုကြောင့် အင်ဒိုရဲတပ်ဖွဲ့ ဝေဖန်ခံနေရ

19 November 2014 16:48(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)
လူ့အခွင့်အရေး စောင့်ကြည့်သူများ အဖွဲ့သည် ကမ္ဘာ့မူဆလင် အများဆုံး နေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသားရဲတပ်ဖွဲ့မှ ရဲမေလောင်းများအား အပျိုစင် စစ်မစစ် စစ်ဆေးနေခြင်းသည် ယင်းအမျိုးသမီးများအတွက် အန္တရာယ်ရှိပြီး ကာယိနြေ္ဒ ထိခိုက်ပျက်ပြားစေ၍ ရပ်တန့်ရန် တိုက်တွန်းလိုက်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။

ရဲမေလောင်းများအနေဖြင့် အိမ်ထောင်မရှိသူ ဖြစ်ရမည့်အပြင် အပျိုစင်လည်း ဖြစ်ရန် လိုအပ်နေကာ ယင်းစစ်ဆေးမှုကို ထိပ်တန်းရဲအရာရှိကြီးအချို့က မပြုလုပ်ရန် တင်ပြလာကြသော်လည်း တွင်တွင်ကျယ်ကျယ် ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့က ဆိုသည်။

ယခုနှစ်အတွင်း စစ်ဆေးခံခဲ့ရသည့် ရဲမေလောင်းများအပါအ၀င် အမျိုးသမီးငယ်လေးများက ယင်းစစ်ဆေးမှုမှာ နာကျင်ခံစားစေရသကဲ့သို့ စိတ်ဒဏ်ပါ ရရှိစေနိုင်ကြောင်း ဖွင့်ဟပြောကြားသည်။
အမျိုးသမီး ဆရာဝန်များက မစစ်ဆေးခင် ကညာမြှေး မွေးရာပါအတိုင်း ပကတိရှိမရှိ ကြည့်ရန် ရဲများက ၀တ်လစ်စလစ်ဖြစ်သည်အထိ အ၀တ်အစားများကို ချွတ်ရန် တွန်းအားပေးကြသည်ဟု ၎င်းတို့က ဆိုသည်။
“အဲဒီအတွေ့အကြုံကို မေ့ဖျောက်ပစ်လို့ရချင်တယ်၊ သိပ်ရှက်ဖို့ကောင်းတယ်” ဟု ဆူမားတြားကျွန်း အနောက်ပိုင်း ပီကန်ဘာရူမြို့တွင် စစ်ဆေးခံခဲ့ရဖူးသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်လေးက ရင်ဖွင့်လာသည်။

“သူစိမ်းတွေရဲ့ ရှေ့မှာ ကျွန်မတို့က ဘာကြောင့် အ၀တ်အစားတွေ ချွတ်ပြရမှာလဲ၊ မလိုအပ်ပါဘူး၊ ဒီလိုမလုပ်သင့်တော့ဘူးလို့ ထင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့မှ အမျိုးသမီး အခွင့်အရေးများအတွက် လှုပ်ရှားဆောင်ရွက်နေသည့် ဒါရိုက်တာ နီရှာဗာရီယာက ယင်းစစ်ဆေးမှုများမှာ အမျိုးသမီးများအပေါ် နှိမ်ချဆောင်ရွက်ခြင်း ဖြစ်ကာ အန္တရာယ်ကြီးမားသကဲ့သို့ အရှက်လည်း ရစေကြောင်း ဝေဖန်လိုက်သည်။

“ဂျာကာတာက ရဲအရာရှိကြီးတွေအနေနဲ့ ဒီစစ်ဆေးမှုကို ချက်ချင်း တိတိကျကျ ဖျက်သိမ်း ပေးဖို့လိုပါတယ်၊ တစ်နိုင်ငံဝန်က ရဲစုဆောင်းရေး ဌာနတွေ အနေနဲ့လည်း ဒီလိုစစ်ဆေးနေတာကို လုံးဝ ရပ်တန့်ပစ်ရမယ်” ဟု ၎င်းက ပြောသည်။

ယင်းစစ်ဆေးမှုများသည် ရဲဌာန၏ တပ်သားစုဆောင်းရေး လမ်းညွှန်ချက်များနှင့်လည်း သွေဖီနေသကဲ့သို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့်လည်း ဆန့်ကျင်နေသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့က ထုတ်ပြန်ထားသည်။

ရဲဌာန၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရွန်နီဆမ်ပီက ရဲမေလောင်းများအား ပြည့်စုံသည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကြောင်း၊ ရဲဌာနအနေဖြင့် ရဲမေလောင်းများတွင် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ကင်းရှင်းစေလိုကြောင်း ပြောကြားသည်။

အပျိုစင် စစ်မစစ် စစ်ဆေးမှုတွင် မအောင်မြင်သော်လည်း လျှောက်ထားမှု တစ်ခုလုံး ရှုံးနိမ့်သည် မဟုတ်ဟု ၎င်းက ဆိုသည်။

သို့ရာတွင် အင်ဒိုရဲဌာန၏ ၀က်ဘ်ဆိုက်စာများဌာတွင် ရဲမေလောင်းများအနေဖြင့် အပျိုစင် ဖြစ်ရမည်ဟု ယခုလတွင် ကြေညာထားသည်။

ရဲချုပ် ဆရီရူမီယာတီက လူ့အခွင့်အရေးစောင့်ကြည့်သူများအား ပြည့်တန်ဆာများကို ရဲဖြစ်စေလိုပါသလားဟု တန်ပြန်မေးခွန်းထုတ်လိုက်သည်။

အင်ဒိုနီးရှား၏ နေရာဒေသအတော်များများတွင် လူ့အဖွဲ့အစည်းသည် အလွန်အမင်း ရှေးရိုးဆန်နေသေးကာ အချို့မှာမူ အမျိုးသမီးများ၏ အပျိုရည် တန်ဖိုးကို ကြီးကြီးမားမား အလေးထားနေကြသည်။

ယမန်နှစ်ကလည်း မြို့နယ်ပညာရေးမှူးတစ်ဦးက ဆယ်ကျော်သက် ကျောင်းသူများကို အပျိုစင် စစ်မစစ် စစ်ဆေးပြီးမှ အထက်တန်းပညာသင်ကျောင်းသို့ တက်ရောက်သင့်ကြောင်း ပြောဆိုခဲ့ဖူးသည်။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ