အီရန်လူမျိုး ဗြိတိန်နိုင်ငံသူ Ghoncheh Ghavami ဟာ အီရန် အမျိုးသား ဘောလီဘော အသင်းနဲ့ အီတလီနိုင်ငံတို့ ယှဉ်ပြိုင်တဲ့ပွဲကို ကြည့်တဲ့ အတွက် အပြစ်ပေး ခံရတာဖြစ်ပြီး ဒါကို အာဏာပိုင်တွေက အစိုးရကို ဆန့်ကျင်တဲ့ လုပ်ရပ်တွေ လုပ်တယ်ဆိုပြီး ပြစ်ဒဏ် ချမှတ်လိုက်တာလို့ သူမရဲ့ ရှေ့နေက ပြောပါတယ်။
ပြစ်ဒဏ်ပေးခံရသူရဲ့ အစ်ကို ဖြစ်သူကတော့ အာဏာပိုင်တွေက သူ့ညီမရဲ့ ပြစ်ဒဏ်ကို တရားဝင် ပြောဆိုတာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ မိဘတွေကတော့ ယူကျုံးမရ ဖြစ်နေကြပြီး၊ ဒီလို စီရင်လိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့် ထားဘူးလို့ သူက ပြောပါတယ်။
သူ့ညီမအနေနဲ့ အခက်အခဲ ပေါင်းများစွာ ကြုံခဲ့ရပြီး အခုအခါမှာ ထောင်ဒဏ် တစ်နှစ်ထပ်ကျ ခံရနိုင်တာကြောင့် သူ့မိဘတွေကတော့ ဟိုရုံးပြေး၊ ဒီရုံးပြေး လုပ်ပြီး လျှော့ပေါ့ပေးဖို့ အသနားခံတာတွေ ဒါမှမဟုတ် အယူခံဝင်ခွင့်ရဖို့ လုပ်ဆောင်နေကြတယ်လို့ အစ်ကို ဖြစ်သူက ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် Ghoncheh Ghavami ဟာ လန်ဒန်မြို့မှာ ကျောင်းပြီး ခဲ့သူလည်း ဖြစ်ပါတယ်။
အီရန်အာဏာပိုင်တွေကတော့ သူမကို ဘောလုံးပွဲကြည့်လို့ ဖမ်းဆီးတာ မဟုတ်ပဲ လုံခြုံရေးအရ ဖမ်းဆီးတာလို့ ပြောပါတယ်။
အီရန်နိုင်ငံမှာ ၂၀၁၂ ခုနှစ်ကစပြီး အမျိုးသားတွေပြိုင်တဲ့ ဘောလီဘောပွဲမှာ အမျိုးသမီးတွေ မသွားရဘူးဆိုတဲ့ ဥပဒေကို ထုတ်ပြန်လိုက်ပြီး ဒီလိုလုပ်ဆောင်တာဟာ တဏှာရာဂ ကြီးတဲ့ အမျိုးသားတွေရဲ့ အပြုအမူ မခံရအောင် ဖြစ်တယ်လို့ အကြောင်းပြထားပါတယ်။
ဒါ့အပြင် ဘောလုံးပြိုင်ပွဲတွေကိုလည်း အမျိုးသမီးတွေ ကြည့်ရှုခွင့်မရှိပါဘူး။
![]() |
ဗြိတိန် - အီရန်နိုင်ငံသူ Ghoncheh Ghavami |
No comments:
Post a Comment