တရုတ်နိုင်ငံ မြောက်ပိုင်းရှိ ဆေးရုံတစ်ရုံ၌ ယမန်နေ့တွင် လူတစ်ဦး၏ ဓားဖြင့် တိုက်ခိုက် မှုကြောင့် လူခုနစ်ဦး သေဆုံးကြောင်း နိုင်ငံပိုင် သတင်းဌာန တစ်ခုက ထုတ်ပြန် ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှု သည် ပေတိုင်ဟီမြို့ ရှိ ဆေးရုံတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများ အနက် သူနာပြု ခြောက်ဦး ပါဝင်ပြီး ကျန် တစ်ဦးမှာ ဆေးရုံ အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်ပြီး ထို့ပြင် တိုက်ခိုက်မှု တွင် သူနာပြု တစ်ဦး ဒဏ်ရာ ရရှိခဲ့ကာ အာဏာပိုင် များက အဆိုပါ အကြမ်းဖက် တိုက်ခိုက်ခဲ့ သူကို ဖမ်းဆီး နိုင်ခဲ့ပြီး ဖမ်းဆီးခံ ရသူ၏ အသေးစိတ် အချက်အလက် များကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
တရုတ်နိုင်ငံ တွင် လွန်ခဲ့သည့် နှစ်နှစ်အတွင်းမှ စ၍ ဆေးရုံများရှိ ဆရာဝန်နှင့် သူနာပြုများ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ မြင့်တက် ဖြစ်ပွား လာခဲ့ခြင်း ကြောင့် ကျန်းမာရေး အာဏာပိုင် များက ဆေးရုံများ တွင် လုံခြုံရေးကို တိုးမြှင့် ချထားခဲ့ သော်လည်း တိုက်ခိုက်မှု များမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
အစိုးရသည် နိုင်ငံအတွင်း အခြေခံ ကျန်းမာရေး အတွက် ထောက်ပံ့ ပေးအပ်လျက် ရှိသော်လည်း တရုတ်ပြည်သူ အများစုသည် ကျန်းမာရေး ဝန်ဆောင်မှု ကုန်ကျစရိတ် များအတွက် တတ်စွမ်းနိုင်ခြင်း မရှိသောကြောင့် ထိုသို့သော တိုက်ခိုက်မှုများ ဖြစ်ပွားရခြင်း ဖြစ်သည်။ ယခု ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ အာဏာပိုင် များက စုံစမ်း စစ်ဆေးမှု များကို ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
![]() |
Beidaihe, where the hospital killings took place, is a popular beachside retreat for members of the Communist party hierarchy |
Hospital Attack In Northern China's Beidaihe Town Kills 7 People, Including 6 Nurses |
No comments:
Post a Comment