Bhawna Yadav ဆိုတဲ့ အမျိုးသမီးဟာ မိဘတွေ သဘောမတူတဲ့လူနဲ့ ခိုးလက်ထက်ခဲ့ပြီး ရက်ပိုင်းအတွင်း မှာပဲ သေဆုံးသွားတာ ဖြစ်ပါတယ်။
အဲဒီ လူငယ်နှစ်ယောက်ဟာ အမျိုးမတူတဲ့ ဇာတ်တွေကနေ ဆင်းသက်လာပြီး ပါတီပွဲမှာ တွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
သဘောမတူတဲ့ လူကို လက်ထက်လို့ မိဘတွေက သမီးဖြစ်သူကို သတ်ပစ်တယ်လို့ သံသယရှိကြတဲ့ အတွက် ရဲတွေက မိဘကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံမှာ မျက်နှာပျက်အောင် လုပ်တဲ့ မိသားစုဝင်တွေကို မိသားစုနဲ့ ဆွေမျိုးတွေက သတ်ပစ်ကြတဲ့ အလေ့အထတွေ ဖြစ်လေ့ဖြစ်ထရှိပေမယ့် မြို့တော် ဒေလီမြို့လို မြို့ကြီး ပြကြီးနဲ့ လူလတ်တန်းစား၊ ပညာတတ် အသိုင်းအဝန်းမှာ ဖြစ်လေ့ဖြစ်ထ မရှိတဲ့အတွက် ဒီကိစ္စအပေါ် လူအများက အံ့အားသင့်နေကြပါတယ်။
ပါကစ္စတန်နိုင်ငံမှာလည်း မိဘက သဘောမတူတဲ့ ယောင်္ကျားကို ယူခဲ့တဲ့ ကိုယ်ဝန်သည် အမျိုးသမီးကို အစ်ကိုနဲ့ ဖခင်ဖြစ်သူအပြင် တစ်ဝမ်းကွဲနဲ့ အရင်ယောင်္ကျားက အုတ်ခဲနဲ့ ထုသတ်တဲ့ ဖြစ်ရပ် ဖြစ်ပေါ်ခဲ့တာကြောင့် အဲဒီလူ လေးဦးကို ပါကစ္စတန် တရားရုံးက သေဒဏ် ချမှတ်ခဲ့ပါတယ်။
![]() |
မိသားစုအကြိုက် မလိုက်တဲ့ တချို့အမျိုးသမီးတွေက အက်ဆစ်နဲ့ အပက်ခံရတာတွေလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ |
No comments:
Post a Comment