Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, November 2, 2014

ဖရန့် ရီဘာရီ(Franck Ribéry) (ဘိုင်ယန်မြူးနစ် / ပြင်သစ်) အကြောင်းတစေ့တဆောင်း


franck ribery
အမည်အပြည့်အစုံ – ဖရန့် ရီဘာရီ(Franck Ribéry)
မွေးသက္ကရာဇ်       – ၇၊ ၄၊ ၁၉၈၃
ကစာသည့်နေရာ   – အလယ်တန်း
ကလပ်               – ဘိုင်ယန်မြူးနစ်
နိုင်ငံ                  – ပြင်သစ်
ဖရန့်ရီဘာရီ(Franck Ribéry) ကို ၁၉၈၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ Boulogne-sur-Mer မြို့တွင် မွေးဖွားခဲ့သည်။ ပြင်သစ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းတွင် ကစားနေသူဖြစ်သည်။ သူသည် ကွင်းလယ်ဘယ်တောင်ပံတွင် ကစားသူဖြစ်ပြီး သွက်လက် လျင်မြန်မှု၊ ဘောလုံးစွမ်းရည် ကျွမ်းကျင်မှုနှင့် သူ၏ တိကျသေချာသော ဘောလုံးပေးပို့မှုများကြောင့် လူသိများသည်။
ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက် ရီဘာရီမှာ ကမ္ဘာ့ဘောလုံးစင်မြင့် ထက်တွင် သူ့ခေတ်သူ့အခါ၏ ဘောလုံးမျိုးဆက်မှ ပြင်သစ်နိုင်ငံ၏ အကောင်းဆုံးဘောလုံးသမားတစ်ဦးအဖြစ် သတိပြုခြင်း ခံခဲ့ရသည်။ ပြင်သစ်နိုင်ငံ၏ ဂန္တ၀င် ကစားသမားဖြစ်သည့် ဇီဒိန်းက ပြင်သစ်ဘောလုံးလောက၏ အဖိုးတန် ရတနာတစ်ပါးအဖြစ် ရီဘာရီအား တင်စားခဲ့သည်။
ပရော်ဖက်ရှင်နယ်စကားသမားဘဝ
5
ရီဘာရီသည် ဘောလုံးကစားသမားဘ၀ကို ၁၉၈၉ ခုနှစ်တွင် သူ၏မွေးရပ်မြေရှိ ကွန်တီ ဘိုလွန်နီ(Conti Boulogne) ကလပ်တွင်စတင်ခဲ့သည်။ ထိုကလပ်တွင် ၇ နှစ်ကြာကစားပြီးနောက် လိုင်လီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ဖရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို စတင်ခဲ့သည်။ လိုင်လီအသင်းတွင် ၃ နှစ်ကြာကစားပြီးနောက် ၁၉၉၉ခုနှစ်တွင်  ယူအက်စ် ဘိုလွန်နီ(US Boulogne) အသင်းသို့ပြောင်းရွေ့ခဲ့ပြီး ၂ နှစ်ကြာ ကစားခဲ့သည်။ နောက်ပိုင်းတွင် ပြင်သစ်အပျော်တမ်းလိဂ် အသင်းဖြစ်သည့် အဲလက်စ်(Alès) နှင့် ဘရက်စ်(Brest) အသင်းတို့တွင် ၂ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် ပြင်သစ်လိဂ်ဝမ်းကလပ် မတ်ဇ်(FC Metz) သို့ပြောင်းရွှေ့ခဲ့သည်။ သို့သော်လည်း မတ်ဇ်အသင်းတွင် ၆ လ သာကစားခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တူရကီကလပ် ဂါလာတာစရေးသို့ပြောင်းရွှေ့ခဲ့ကာ ဂါလာတာစရေးနှင့် တူရကီဖလား(Turkish Cup) ကို ဆွတ်ခူးရရှိခဲ့သည်။
ဂါလာတာစရေးတွင် ခြောက်လကြာပြီးနောက် ပြင်သစ်ကလပ်မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ မာဆေးလ်အသင်းတွင် နှစ်ရာသီကစားခဲ့ပြီး မာဆေးလ်အသင်းအား ပြင်သစ်ရှုံးထွက်ဖလား နောက်ဆုံးဗိုလ်လုပွဲထိ ရောက်ရှိအောင် ကူညီပေးခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဂျာမနီကလပ် ဘိုင်ယန်မြူးနှစ်မှ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းပေး၍ ခေါ်ယူခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းတွင် ခြေစွမ်းပြခဲ့သည့် ရီဘာရီမှာ အသင်းနှင့် ၂၀၁၃ ချန်ပီယံလိဂ်အပါဝင် ဆုဖလားပေါင်းများစွာကို ရရှိခဲ့သည်။
နိုင်ငံလက်ရွေးစင်
3
ရီဘာရီသည် ပြင်သစ် ယူ ၂၁ အသင်းတွင်ကစားခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်း၏ အဓိက ကစားသမားတစ်ဦးလည်းဖြစ်လာခဲ့သည်။ ၂၀၀၆ ခုနှစ် မေလတွင် မက္ကဆီကိုနှင့်ကစားသောပွဲတွင် နိုင်ငံအသင်းအတွက် ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရခဲ့သည့် ရီဘာရီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်နှင့် ဥရောပဖလားဘောလုံးပြိုင်ပွဲနှစ်ကြိမ် ကစားခဲ့သူဖြစ်သည်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ စပိန်အသင်းနှင့်ကစားသောပွဲတွင် သူ၏ ပထမဦးဆုံး နိုင်ငံတကာဂိုးကို သွင်းယူခဲ့ပြီး ဗိုလ်လုပွဲ အီတလီအသင်းနှင့်ကစားသည့်ပွဲတွင်လည်း ပါဝင်ခဲ့သည်။
ရီဘာရီမှာ ပြင်သစ်နိုင်ငံ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့သူဖြစ်ပြီး ဂျာမနီနိုင်ငံ၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။ ယူအီးအက်ဖ်အေမှရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံးဘောလုံးအသင်းတွင်လည်း ပါဝင်ခွင့်ရရှိခဲ့သူဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ အကောင်းဆုံး လူငယ်ကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်သည်။
ရီဘာရီနှင့် အစ္စလာမ်သာသနာ
2
ရီဘာရီမှာ ၂၀၀၆ ခုနှစ်တွင်အစ္စလာမ်သာသာဝင်တစ်ယောက်ဖြစ်လာခဲ့ပြီး အစ္စလာမ်က သူ့အား ငြိမ်းချမ်းလုံခြုံစေသည်ဟုသူကဆိုသည်။
၂၀၀၉ ခုနှစ်တွင် ရီဘာရီသည် အွမ္မရာ ဘုရားဖူးခရီးစဉ်အဖြစ် မက္ကမြို့တော်သို့ မွတ်စလင်အသင်းဖော်များနှင့်အတူ သွားရောက်ခဲ့သည်။ ရီဘာရီမှာ ၎င်း၏ မွေးရပ် Boulogne-sur-Mer တွင် O’Shahiz  ဟု အမည်ရသည် အရက်မပါဘဲ သစ်သီးဖျော်ရည်များကို သာရောင်းသော ဘားတစ်ခုကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက ဖွင့်လှစ်ခဲ့သည်။ ပြင်သစ်များအား အရက်ကင်းစင်သည့် ရပ်ဝန်းတစ်ခု ဖန်းတီပေးလိုသည့် ရည်ရွှယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သူကဆိုသည်။
အောင်မြင်မှုများ
1
ကလပ်
ဂါလာတာစရေး၊ တူရကီဖလား (၂၀၀၅)
မာဆေးလ်၊ ယူအီးအက်ဖ်အေ အင်တာတိုတိုဖလား (၂၀၀၅)
ဘိုင်ယန်မြူးနစ်
ဘွန်ဒစ်လီဂါ (၂၀၀၇-၂၀၀၈၊ ၂၀၀၉-၂၀၁၀၊ ၂၀၁၂-၂၀၁၃)
ဂျာမနီရှုံးထွက်ဖလား (၂၀၀၈၊ ၂၀၁၀)
ဂျာမနီလိဂ်ဖလား(၂၀၀၇)
ဂျာမနီစူပါဖလား(၂၀၁၀၊ ၂၀၁၂)
ချန်ပီယံလိဂ်ဖလား(၂၀၁၃)
နိုင်ငံ
၂၀၀၆ ကမ္ဘာ့ဖလား ဒုတိယ
တစ်ဦးချင်း
UNFP ၏ တစ်နှစ်တာ အကောင်းဆုံး လူငယ်ဘောလုံးသမားဆု (၂၀၀၅၊ ၂၀၀၆)
လိဂ်ဝမ်း အကောင်းဆုံးဂိုးသွင်းရှင်ဆု (၂၀၀၅-၂၀၀၆)
UNFP ၏ တစ်လတာ အကောင်းဆုံး ဘောလုံးသမား (သြဂုတ် ၂၀၀၄၊ အောက်တိုဘာ ၂၀၀၅၊ ဧပြီ ၂၀၀၆)
ပြင်သစ်နိုင်ငံ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု(၂၀၀၇၊ ၂၀၀၈)
ဂျမနီနိုင်ငံ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု(၂၀၀၈)
ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးအသင်း (၂၀၀၈)


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ