Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

Huawei ရဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း Ascend Mate 7




မြန်မာပြည်မှာ လူသိအများဆုံး ဖုန်းတစ်လုံးကဘာလဲလို့ မေးကြည့်ရင် Huawei က ထိပ်ပိုင်းနားမှာ ပါနေမှာအသေအချာပဲ။ သူတို့ရဲ့ ထုတ်ကုန်တွေက မြန်မာပြည်သူတွေကို စမတ်ဖုန်းတွေနဲ့ ပိုရင်းနှီးစေခဲ့တာလို့ ပြောလို့ရတဲ့ အခြေအနေ။
Huawei အမှတ်တံဆိပ်ဖုန်းတွေက အခြေခံလူတန်းစားအတွက် သင့်တော်တဲ့ဈေးနှုန်းနဲ့ မြန်မာပြည်ဈေးကွက်ကို လွှမ်းမိုးခဲ့တာပါ။ ဒါပေမယ့် Huawei တို့က ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်ဖို့ဆိုတာကိုလည်း မမေ့ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာလက ပြည်တွင်းဈေးကွက်ကို စမတ်ဖုန်းတွေ အတော်များများ ဝင်လာခဲ့ပါတယ်။ အဲ့ဒီအထဲမှာ Huawei ရဲ့ ထိပ်တန်းစမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Ascend mate7 လည်း ပါဝင်ခဲ့ပါတယ်။ Mate 7 ရဲ့ စွမ်းဆောင်ချက်တွေကို ကြည့်ရအောင်။

လက်ဗွေအာရုံခံစနစ်

ဖုန်းရဲ့နောက်ကျောဘက်မှာတပ်ဆင်ထားတဲ့ လက်ဗွေစနစ်က ကိုယ်ပိုင်အချက်အလက်တွေကို အကောင်းဆုံး ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ လက်ဗွေအာရုံခံစနစ်နဲ့ ပတ်သက်ရင် အမြဲတစေ အမေးခံရတဲ့မေးခွန်းက မင်း လက်ချောင်းမှာ ဒဏ်ရာရတဲ့အခါ ဘယ်လို လုပ်မလဲတဲ့။ Huawei က လက်ချောင်း ငါးချောင်းအထိ မှတ်သားထားနိုင်ပါတယ်။

ကျယ်ပြန့်တဲ့ မျက်နှာပြင်

လူမှုကွန်ရက်တွေကို စမတ်ဖုန်းတွေက တဆင့်သုံးတဲ့အလေ့အထက မြန်မာပြည်မှာ အမြစ်တွယ်ခဲ့ပါပြီ။ မျက်နှာပြင်အရွယ်အစား ၆ လက်မ ရှိတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် မျက်နှာပြင်ပါပဲ။ ပုံရိပ်ပုံဖော်နိုင်မှု အရည်အသွေးက 1080 x 1920 pixels အထိ ရှိပါတယ်။ နေရောင်အောက်ကို ရောက်သွားတဲ့အခါ ဖုန်းမျက်နှာပြင်ကို မမြင်ရတော့တဲ့ အချက်ကစိတ်ပျက်စရာပဲ။ ဒါကို Huawei တို့က အကောင်းဆုံး ကာကွယ်ထားပါတယ်။ ပုံရိပ်သိပ်သည်းဆ 368 ppi ရှိတဲ့အတွက် နေရောက်အောက်က တောက်ပတဲ့ မျက်နှာပြင်ကို ခံစားနိုင်မှာပါ။

ကင်မရာအရည်အသွေး

13MP အရည်အသွေးရှိ ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ 4128 x 3096 pixels အထိ အရည်အသွေးရှိ တဲ့ပုံရိပ်တွေကို ရယူနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုဓါတ်ပုံရိုက်ကူးတဲ့ အလေ့အထက လျှင်လျှင်မြန်မြန် ကူးစက်လာတဲ့အချိန်မှာHuawei တို့က ဒီအလေ့အထကို ထောက်ပံ့ပေးပါတယ်။ ရှေ့ကင်မရာ 5MP က လုံလောက်တဲ့ပမာဏပါ။

ဘက်ထရီစွမ်းဆောင်ရည်

နှစ်ရက်တာအချိန်ကို Huawei Ascend Mate 7 နဲ့ ဖြတ်သန်းနိုင်ပါမယ်လို့ ဆိုပါတယ်။ Non-removable Li-Po 4100 mAh battery က တကယ့်ကို လုံလောက်ပြည့်စုံတဲ့ အနေအထားပါ။ ပါးလွှာတဲ့ Mate 7 ကို အပူဒဏ်က ကာကွယ်နိုင်အောင်လည်း စီရင်ဖန်တီးထားတယ်လို့ ဆိုပါတယ်။

အခြားစွမ်းဆောင်ရည်များ

GSM ဆမ်းကတ်သုံး စမတ်ဖုန်း ဖြစ်ပြီး 2G,3G နဲ့ 4G ကွန်ရက်တွေကို အထောက်အပံ့ပေးပါတယ်။ ၂၀၁၄ စက်တင်ဘာလထုတ် ဖုန်းဖြစ်တဲ့အတွက် Android ရဲ့ နောက်ဆုံးဗားရှင် 4.4 (KitKat) ကို အသုံးပြုထားပါ တယ်။ Quad-core 1.8 GHz Cortex-A15 နဲ့ Quad-core 1.3 GHz Cortex-A7 CPU နှစ်လုံးအသုံးပြုထားပါတယ်။Accelerometer, gyro, proximity, compass စတဲ့ အာရုံခံစနစ်တွေ ပါဝင်ပါတယ်။ 

ဖုန်းအတွင်း သိုမှီးနိုင်မှုက 16GB နဲ့ 32 GB နှစ်မျိုးပါ။ RAM က 16 GB အတွက် 2GB ဖြစ်ပြီး 32 GB အတွက် 3GB ထည့်သွင်းထားပါတယ်။ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်း ဖြစ်တဲ့အတိုင်း ဈေးကလည်း မသေးလှပါဘူး။ ကျပ် ၆၄၀၀၀၀ ပါ။ ဒီပမာဏက ရွေးချယ်ဖို့ လက်တွန့်စေပေမယ့်လို့ ပြန်ရမယ့် စွမ်းဆောင်ရည်တွေကြောင့် သင့်တော်တဲ့ တန်ဖိုးလို့ ညွှန်းဆိုလိုက်ပါတယ်။

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ