Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Monday, November 3, 2014

IS အဖွဲ့ဝင်ဟုယူဆရသူတစ်ဦးကိုခဲဖြင့်ထုသတ် ဒေါသထွက်နေသော လူအုပ်က အလောင်းကို ကြော်စား

ကွန်ဂို နိုဝင်ဘာ ၁

ကွန်ဂိုနိုင်ငံတွင် ဒေါသ ထွက်နေသော လူအုပ်က အစ္စလာမ္မစ် နိုင်ငံတော် (IS) အဖွဲ့ ဝင်ဟု ယူဆရသူ တစ်ဦးကို ခဲများဖြင့် ဝိုင်းဝန်းထုသတ်ကာ အလောင်းကို မီးရှို့ပြီးကြော် စားခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ပြုလုပ်ခြင်းမှာ ကွန်ဂိုတွင် IS အဖွဲ့၏တိုက်ခိုက် မှုကြောင့် လူ ၁ဝဝခန့်သေဆုံးခဲ့ခြင်းအပေါ် ပြန်လည်လက်စား ချေရန်ဖြစ်ကြောင်းလည်း သိရသည်။

လိုင်းကားတစ်စီးပေါ်တွင် မသင်္ကာဖွယ်ရာလူတစ်ဦးကို ဓားတစ်လက်နှင့် အတူတွေ့ရှိရာမှ ဖမ်းဆီးခဲ့ကြပြီးအဆိုပါလူစိမ်းသည် ဝါဟီလီဘာသာစကားကို မပြော တတ်ကြောင်းသိသွားချိန်တွင် လူအုပ်ကြီးကဒေါသထွက်လာပြီး IS အဖွဲ့ဝင်ဟုယူဆခဲ့ ကြခြင်းဖြစ်သည်။

ဝါဟီလီဘာသာစကားသည် အာဖရိကအရှေ့တောင်ပိုင်းနိုင်ငံသား ဖြစ်သော ကွန်ဂို၊ယူဂန္ဓာ၊ ရဝမ်ဒါ၊ ဘာရမ်ဒီ၊ ကင်ညာ၊ တန်ဇန်းနီးယားနိုင်ငံများတွင် အသုံးပြုသည့် ရိုးရာဘာသာစကားတစ်ခုဖြစ်သည်။

IS အဖွဲ့ဝင်ဟုယူဆခံခဲ့ရပြီးနောက် ဒေါသထွက်နေသောလူအုပ်ကြီးက ခဲများဖြင့် ဝိုင်းဝန်းထုသတ်ပြီးမီးရှို့ခဲ့ကြကြောင်းနှင့် မီးလောင်ကျွမ်းခဲ့သည့်အသားများကို စားခဲ့ ကြကြောင်း မျက်မြင်သက်သေများကပြောသည်။

 ကွန်ဂိုနိုင်ငံရှိ ဘန်နီမြို့တွင် ပြီးခဲ့ သည့်လအတွင်း အစ္စလာမ္မစ်အစွန်းရောက်စစ်သွေးကြွအဖွဲ့ဖြစ်သော ADF-NALA အဖွဲ့ ၏တိုက်ခိုက်မှုကြောင့် လူ ၁ဝဝခန့်သေဆုံးခဲ့သည်။

အဆိုပါစစ်သွေးကြွအဖွဲ့သည် ဖမ်း ဆီးခံရသူများကို ဓားများဖြင့်ခုတ်ခဲ့ကြခြင်းဖြစ်သည်။ ADF-NALA အဖွဲ့သည် ယူဂန္ဓာ နိုင်ငံမှ အစိုးရအတိုက်အခံလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်း တွင် ကွန်ဂိုနိုင်ငံ၌အခြေချကာ အကြမ်းဖက်လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည်။

အဆိုပါစစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့်လ ၃ဝ ရက်တွင် ကန်ပီယာချူဆိုသည့် ကျေးရွာမှ ရွာသား ၁၄ဦး သေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၁ဝ၇ဦး ရှိခဲ့ပြီဖြစ်သည်။

ယခုလူသတ်မီးရှို့စားသောက်မှုနှင့်ပတ်သက်၍ ဒေသခံအစိုး ရက မှတ်ချက်တစ်စုံတစ်ရာမပေးသေးပေ။





ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ