Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, November 22, 2014

UWSA တွင် ပခုံးထမ်း လေယာဉ်ပစ်ဒုံးကျည်များ မရှိဟု “၀”တပ်ဖွဲ့ ငြင်းဆို

21 November 2014 19:07(+0630) (လွန်ခဲ့သော 23 နာရီ ခန့်က)
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် အင်အား အကြီးဆုံး လက်နက်ကိုင်
အဖွဲ့ ဖြစ်သည့်  “၀”ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSA)အဖွဲ့တွင် တရုတ်နိုင်ငံလုပ် FN-6 MANPADS ပခုံးထမ်း လေယာဉ်ပစ်ဒုံး ကျည်များရှိနေပြီ ဖြစ်ကြောင်းနှင့် UWSA သည် လေကြောင်းရန် ကာကွယ်ရေး အတွက် ကျယ်ကျယ်ပြန့်ပြန့် အဆင့်မြှင့် တင်လိုက်ပြီ ဖြစ်ကြောင်း အမေရိကန်အခြေစိုက် စစ်ရေးမဂ္ဂဇင်း Janes Defence က ဖော်ပြထားသည်။

နိုဝင်ဘာလ ၁၈ နေ့စွဲဖြင့်ဖော်ပြထားသည့် Janes မဂ္ဂဇင်း၏ အင်တာနက်စာမျက်နှာတွင် “၀”တပ်ဖွဲ့မှ ပိုင်ဆိုင် ထားသည့်လေယာဉ်ပစ်ဒုံးကျည်များမှာ ယခင်က “၀”အဖွဲ့အသုံးပြုနေသည့် ရုရှားနိုင်ငံထုတ် SAM-7 လေယာဉ်ပစ်ဒုံးကျည်နေရာတွင် အစားထိုးအသုံးပြုနေခြင်းဖြစ်ကြောင်း ယုံကြည်စိတ်ချရသည့် စစ်ဘက် ဆိုင်ရာတာဝန်ရှိသူ တဦးမျက်မြင်တွေ့ရှိပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြထားသည်။

အဆိုပါ ဒုံးကျည်မှာ အမြင့်မီတာ ၃၅၀၀ အကွာအဝေးရှိပစ်မှတ်ကို ထိမှန်အောင်ပစ်နိုင်ပြီး ပစ်လွှတ်လိုက်စဉ်အတွင်း နေရောင်ခြည်သက်ရောက်မှု၊ လောင်ကျွမ်းမှုနှင့် လေထုတွင်းပွတ်တိုက်မှုများကို ခံနိုင်ရည်ရှိသည်ဟု မဂ္ဂဇင်းဖော်ပြချက်အရ သိရသည်။

ယင်း FN-6 MANPADS ဒုံးကျည်မှာ တရုတ်နိုင်ငံလုပ်လေယာဉ်ပစ် ပခုံးထမ်းဒုံးကျည်များအနက် တတိယ မျိုးဆက်အနေဖြင့် ပေါ်ထွက်လာသည့် ခေတ်မီလက်နက်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်က ဆီးရီးယားပြည်တွင်းစစ်တွင် ယင်းလက်နက်ကို အသုံးပြုမှုများရှိခဲ့ကြောင်း မဂ္ဂဇင်းဖော်ပြချက်အရ သိရသည်။

“၀”တပ်ဖွဲ့ ပြောခွင့်ရပုဂ်္ဂိုလ် ဦးအောင်မြင့်က ယင်းကိစ္စအပေါ်ငြင်းဆိုခဲ့ပြီး Jane's Defence မဂ္ဂဇင်းအနေဖြင့် ယခင်ကလည်း ခေတ်မီရဟတ်ယာဉ်များရှိသည်ဟု စွပ်စွဲရေးသားမှုများရှိခဲ့ကြောင်း ပြောသည်။

“ဒီကိစ္စက မဟုတ်ပါဘူး။ ဘာခေတ်မီလေယာဉ်ပစ်ဒုံးကျည်တွေ မရှိပါဘူး။ SAM-7 လည်းမရှိဘူး FN-6 တရုတ်လုပ်ဆိုတာလည်းမရှိဘူး။ အရင်က ခေတ်ဟောင်းလေယာဉ်ပစ် စက်သေနတ်တွေတော့ရှိတာပေါ့။ ပြီးခဲ့ တဲ့နှစ်ကလည်း ဒုံးကျည်သုံးနိုင်တဲ့ ရဟတ်ယာဉ်ရှိတယ်ဆိုလို့မဟုတ်ကြောင်း အစိုးရကို ပုံတွေနဲ့တကွ ရှင်းပြခဲ့ရ သေးတယ်။ ဒါက သက်သက် ရှုပ်ထွေးအောင်လုပ်နေတယ်”ဟု ဦးအောင်မြင့်က ပြောသည်။

“၀”ပြည်သွေးစည်းညီညွတ်ရေး ပါတီတွင် အမြဲတမ်းတပ်ဖွဲ့ဝင်အင်အား ၃ သောင်းခန့်ရှိပြီး သံချပ်ကာယာဉ်များနှင့် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ ၀ယ်ယူစုဆောင်းထားသည်ဟု စစ်ရေးအကဲခတ်များက ခန့်မှန်း ထားသည်။

၂၀၁၁ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သော တရုတ်-မြန်မာ ဆက်ဆံရေး မကြည်သာမှုများနှင့် မြန်မာနိုင်ငံအနေဖြင့် အနောက်အုပ်စုများနှင့် ဆက်ဆံရေးကောင်းမွန်လာသည့်နောက်ပိုင်းတွင် ပုံမှန် စစ်သည်အင်အား ၂ သောင်း ထက်မနည်း ရှိနေသည့် “၀တပ်မတော်၏ စစ်အင်အား တောင့်တင်းခိုင်မာရေး ဖြည့်တင်းမှုများ စတင်ခဲ့သည်။

FN-6 အမြောက်များ တပ်ဆင် လိုက်ခြင်းက မြန်မာအစိုးရ လေတပ်မတော်၏ စွမ်းရည်များအတွက် အဟန့် အတားဖြစ်လာစေသည်။ အစိုးရသည် မကြာသေးမီနှစ်များအတွင်းက ရုရှားမှ Mil Mi-35 တိုက်လေယာဉ်များ ၀ယ်ယူထားပြီး တရုတ်နိုင်ငံမှလည်း K-8 Karakorum ဂျက်လေယာဉ်များကို ၀ယ်ယူထားသည်။ အဆိုပါ တိုက်လေယာဉ် နှစ်မျိုးစလုံးကို ၂၀၁၂ ခုနှစ်ကစ၍ KIA တို့ တည်ရှိသည့်ဒေသများသို့ တပ်ဖြန့် ထားခဲ့သည်။ UWSA သည် “၀”ပြည်နယ်သတ်မှတ်ပေးရန် တောင်းဆိုမှုများလည်းရှိနေပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲများတွင်လည်း ပါဝင်ခြင်းမရှိကြောင်း သိရ သည်။




ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဆည်းဆာ မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်..လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ကျွန်တော် ပိုင်ဆိုင်သောနေရာလေးအား ဆက်လက် လည်ပါတ်လိုပါက { ဒီမှာ } သွားလိုက်ပါ

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ