Analyzing a website (ဝဘ်ဆိုက် တစ်ခုကို ခွဲခြမ်းစိတ်ဖြာခြင်း)
သင်ခန်းစာ အကျဉ်းဒီ post ဟာ website ရေးခြင်းကို စိတ်ဝင်စားတဲ့ လူတွေအတွက် ပထမဆုံး ခြေလှမ်းဖြစ်မယ်ထင်ပါတယ်။ အခု သင်ခန်းစာမှာ website တစ်ခုရဲ့ တည်ဆောက်ပုံကို ခွဲခြမ်းစိတ်ဖြာ လေ့လာမှာ ဖြစ်ပါတယ်။
ဘယ်လိုလူတွေက ဒီသင်ခန်းစာကို လိုက်နိုင်မလဲ?
အခု သင်ခန်းစာကို website တစ်ခုကို မြင်ဖူးတဲ့လူတိုင်း လိုက်နိုင်မှာ ဖြစ်ပါတယ်။
ကျွန်တော် ဒီ blog ကနေပြီးတော့ တစ်ပတ် တစ်ခါ အားတဲ့အချိန်တွေကို အသုံးပြုပြီး static website တစ်ခုရေးပုံကို အစအဆုံး လမ်းညွှန်သွားပေးဖို့ စဉ်းစားထားပါတယ်။ static website ဆိုတာ ဘာလဲ မသိရင် google မှာ “what is static website” လို့ ရိုက်ရှာကြည့်ပါ။ ကျွန်တော့် post ထဲမှာ ထည့်မရေးတာက မလိုအပ်ပဲ post ရှည်သွားမှာ နဲ့ လမ်းညွှန်မယ့်လူမရှိရင် မလုပ်တတ်မှာစိုးလို့ ထည့်မရေးရတာပါ။ နောက်ပိုင်းမှာလည်း မသိတဲ့ စကားလုံးများ ပါခဲ့မယ်ဆိုရင် ဒီလိုပဲ google မှာ ရှာကြည့်ပါ၊ ရှာကြည့်လို့မှ နားမလည်ဘူးဆိုရင်တော့ comment ချန်ပြီး မေးပါ။ နောက်ပြီေးတာ့ ဒီ blog မှာ post အသစ်တင်လား မတင်လား ခဏခဏ လာဝင်ကြည့်ဖို့ မအားဘူးဆိုရင်တော့ blog ရဲ့ ညာဘက်အခြမ်းမှာ post အသစ်တင်တိုင်း မေးလ်ပို့ပါမည် ဆိုတဲ့ ဘောက်စ်ထဲမှာ e-mail ထည့်၊ subscribe နှိပ်လိုက်ပါ၊ ပြီးရင် အဲဒီ ထည့်လိုက်တဲ့ email ရဲ့ inbox ကိုသွားပါ၊ Myanmar Website Tutorials ကပို့ထားတဲ့ မေးလ်ရောက်နေပါလိမ့်မယ်၊ အဲဒီမေးလ်ကိုဖွင့်ပြီး confirm ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ဒီ blog မှာ post အသစ်တင်တိုင်း သူငယ်ချင်းတို့ရဲ့ inbox ထဲကို ရောက်လာမှာ ဖြစ်ပါတယ်။ ဒီတစ်ပတ် ကျွန်တော်တို့ရဲ့ ပထမဆုံး ခြေလှမ်းက code ရေးတာတွေ ဘာတွေ လုံးဝ မဟုတ်သေးပါဘူး၊ သူများတွေ ရေးထားပြီးသား website ကို ဝင်ကြည့်တဲ့အခါမှာ အဲဒီ website တွေရဲ့ တည်ဆောက်ပုံကို လေ့လာခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလေ့လာမယ့် website ကတော့ Myanmar Web Designer website ပဲ ဖြစ်ပါတယ်၊ အခု post မှာလဲ ပုံနဲ့တကွ ရှင်းပြပေးမှာဖြစ်ပါတယ်၊ ဒါပေမယ့် website ကို ကိုယ်တိုင်သွားပြီးတော့ အသေးစိတ် လိုက်လေ့လာမယ်ဆိုရင်တော့ ဒီသင်ခန်းစာကို အကောင်းဆုံး နားလည်မှာ ဖြစ်ပါတယ်။
static website တစ်ခုရေးဖို့ဆိုရင် ကျွန်တော်တို့ တတ်ထားရမှာက html နဲ့ css ဆိုရင် ရပါပြီ၊ ဟိုးအရင်တုန်းကတော့ css မပေါ်သေးတော့ html တစ်ခုနဲ့ပဲ ရေးခဲ့ကြရတာ ဖြစ်ပါတယ်၊ html language ထဲက table ကို အသုံးပြုပြီးတော့ ရေးခဲ့ကြရတာဖြစ်ပါတယ်၊ table နဲ့ ရေးတဲ့အခါမှာ ရေးရတာများတဲ့အတွက်ကြောင့် ရေးချိန်ကြာခြင်း၊ code များခြင်း၊ အရင်တုန်းက ဆိုတော့ internet connection နှေးခြင်း၊ browsers များ version နိမ့်ခြင်း စတဲ့အချက်တွေကြောင့် website ကို online ပေါ်တင်လိုက်တဲ့အခါမှာ website အတက်နှေးခြင်း (slow website download speed) ဆိုတဲ့ ပြဿနာကို တွေ့ကြုံရတဲ့အခါမှာ အဲဒီအတွက် အဖြေရှာရင်း css ဆိုတဲ့ language အသစ်ကို တီထွင်လိုက်ကြပါတယ်၊ တစ်ဘက်ကလည်း browser တွေကို version မြှင့်လာကြပါတယ်၊ connection ကတော့ အခုအချိန်ထိ သားစိုး သီချင်းလိုပဲ “လိမ်ဖယ်၊ လိမ်ဖယ်” ပေါ့ဗျာ …
အဲဒီတော့ ကျွန်တော်တို့ တတ်ရမယ့်ဟာကိုတော့ သိပါပြီ၊ တတ်ရမယ့် language တွေကို မလေ့လာခင် website တည်ဆောက်ပုံကို လေ့လာကြတာပေါ့၊ website ရေးတဲ့အခါမှာ menu အပိုင်း၊ banner (facebook မှာဆိုရင်တော့ cover photo) အပိုင်း၊ body အပိုင်း စသည်ဖြင့် အပိုင်း အပိုင်းတွေ ခွဲပြီး ရေးကြပါတယ်။ အဲဒီ အပိုင်းတွေကို အင်္ဂလိပ်လို “division” လို့ ခေါ်ပါတယ်၊ html မှာတော့ အဲဒီ division ကို အတိုကောက် “div” လို့ သုံးပါတယ်။ အောက်က ပုံကိုကြည့်ပါ။ (ကလစ်နှိပ်ကြည့်ပါက ပုံကို အကြီး မြင်ရပါမည်)

ပုံအရဆိုရင် ကျွန်တော်တို့ လေးထောင့်ကျကျ အကွက်မျိုးဆိုရင် div
တစ်ခုလို့တောင် အကြမ်းဖျင်း သတ်မှတ်လို့ ရပါတယ်။ ဒါကတော့ Myanmar Web
Designer website ရဲ့ home page ကို analysis လုပ်ကြည့်တာပါ။ div
တည်ဆောက်ပုံကို coding အနေနဲ့ပါ လော့လာချင်တယ်ဆိုရင်တော့ “firebug” ဆိုတဲ့
addon လေးကို firefox မှာ တင်ရပါမယ်၊ firebug ကို တင်ချင်တယ်ဆိုရင်တော့ “firebug addon for firefox”
မှာ သွားတင်လိုက်ပါ။ ပြီးရင်တော့ home menu ပေါ်မှာ right click
နှိပ်ပြီးတော့ “Inspect element with firebug” ဆိုတာကို နှိပ်လိုက်ပါ။
အဲဒီလို နှိပ်လိုက်မယ်ဆိုရင်တော့ browser ရဲ့ အောက်ခြေနားမှာ အောက်က ပုံအတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်။
ပေါ်လာတဲ့ပုံမှာ အကန့်နှစ်ကန့် ပါပါတယ်၊ ဘယ်ဘက်အခြမ်းက html code တွေကို ဖော်ပြတဲ့ဘက်ဖြစ်ပြီးတော့၊ ညာဘက် အကန့်ကတော့ css code တွေကို ဖော်ပြတဲ့ အခြမ်းဖြစ်ပါတယ်၊ css တွေကို အစီအစဉ်မကျ ပြပေးတာ မဟုတ်ပါဘူး၊ ဘယ်ဘက် အခြမ်း html code တွေထဲက ကျွန်တော်တို့ နှိပ်လိုက်တဲ့ html code နဲ့ ဆိုင်တဲ့ css code တွေကိုပဲ ပြပေးတာ ဖြစ်ပါတယ် ( html နဲ့ css က တွဲသုံးရတာပါ)၊ ဘယ်ဘက်က html code နဲ့ ဆိုင်တဲ့ css တွေ ပေါ်လာအောင် ဘယ်လို လုပ်ရလဲဆိုတော့ <div, <ul, <li, <a, … စသည်ဖြင့် ရှိကြတဲ့ထဲမှာ ထောင့်ကွင်း “<” နောက်ကပ်ရပ်က စာလုံးကို ကလစ်နှိပ်လိုက်တာနဲ့ ညာဘက်မှာ သူနဲ့ဆိုင်တဲ့ css ကို ပြပေးမှာ ဖြစ်ပါတယ်။ css ဘက်အခြမ်းမှာတော့ css တစ်ချို့ကို css စာကြောင်း ရှေ့က stop icon ကို ပိတ်လိုက် ဖွင့်လိုက် လုပ်ပြီး error ရှာတာတို့ ဘာတို့ လုပ်ကြည့်လို့ရပါသေးတယ်၊ အခုကတော့ error ရှာစရာ ကိုယ်တိုင်ရေးထားတဲ့ code မရှိတော့ css အပိတ် အဖွင့် လုပ်ပြီး လေ့လာကြည့်ကြပေါ့ဗျာ၊ ကျွန်တော်ကတော့ firebug ကို အချိန်နည်းနည်းပိုပေးပြီး လျှောက်စမ်းကြည့်စေချင်တယ်ဗျ၊ တစ်ခြား site တွေကို ဝင်ကြည့်တဲ့အခါမှာလဲ သူတို့ site တွေကို firebug နဲ့ ဝင်ကလိကြည့်ပေါ့ဗျာ၊ ဒါမှ များများတတ်မှာဗျ။ firebug က အရမ်းအသုံးဝင်တဲ့ tool တစ်ခုဖြစ်လာတဲ့နောက်ပိုင်းမှာ browser တိုင်းလိုလိုက firebug လို element တွေကို inspect လုပ်လို့ရတဲ့ tool တွေကို default အနေနဲ့ ထည့်သွင်းလာကြပါတယ်၊
firefox မှာဆို ctrl+shift+i
google chrome နဲ့ IE မှာဆို f12 နဲ့
opera မှာဆို right click နှိပ်ပြီး inspect element ကို ရွေးပြီးတော့ default inspect tool တွေကို အသုံးပြုနိုင်ပါတယ်၊ ကျွန်တော်ကတော့ firebug ကို အကြိုက်ဆုံးပါပဲ။
ကဲ … website analyzing ကတော့ ဒီလောက်ပါပဲဗျာ၊ နောက်လာမယ့် သင်ခန်းစာမှာတော့ html, css code တွေကို စရေးသားပါတော့မယ်၊ နောက်တစ်ပတ်လောက်မှ ရေးဖြစ်မယ် ထင်တယ်ဗျ၊ အဲဒါကြောင့် subscribe လုပ်ပြီးတော့ အေးအေးဆေးဆေး စောင့်ကြပါဦး၊ ကျေးဇူးတင်ပါတယ်။

chitye684@gmail.com
ReplyDeleteSend me html.css.java basic book.pls help me.