Popular Posts

ဆည်းဆာအချိန် ဟာ ကောင်းကင်ထက်မှာကျယ်ဝန်းပြီးလှပတယ်၊ နက်ရှိုင်းတယ်၊ နောက်...လွတ်လပ်မှုရှိတယ်။ ဒါကြောင့်.... ဆည်းဆာ ဟာ ကျယ်ဝန်း၊ နက်ရှိုင်းပြီး လွတ်လပ်မှုရှိတဲ့ သတင်းဆိုဒ်လေးပဲ ဖြစ်ပါတယ်။ ဆည်းဆာ မှာ ဖော်ပြထားတဲ့ သတင်းတွေဟာ ကိုယ်ပိုင်မဟုတ်ပါ။ အင်တာနက်စာမျက်နှာများပေါ်မှာ ပြန့်ကျဲနေတဲ့ သတင်း နဲ့ ဓါတ်ပုံတွေကို လူအများကြည့်ရှုနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြထားခြင်းသာဖြစ်ပါတယ်။ ဆည်းဆာ ကရေးသားဖော်ပြတဲ့သတင်းနဲ့ဓါတ်ပုံတွေ မှတစ်ပါး အခြားသတင်းနဲ့ဓါတ်ပုံများဟာ သက်ဆိုင်သူများရဲ့ မူပိုင်သာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။ ဆည်းဆာဘလော့အားလာရောက်လည်ပါတ်သူအားလုံးကို အထူးကျေးဇူးတင်ရသည်။
လာလည်ကြသူမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Saturday, August 23, 2014

လိပ်လိုနှေးတဲ့ GSM Internet Connection ကနေ ဒုံးပျံလိုမြန်တဲ့ WCDMA Internet Connection ပြောင်းပေးမယ့် Android ဖုန်း Software ပါ။

သိပ်ကိုများပါတယ်.. App နာမည်က de.mangelow.network.apk ဖြစ်ပါတယ်.. အခုပြောပြမှာက အဲဒီ App မလိုဘဲ လုပ်နည်းပါ.. သိပြီးသားလူတွေကတော့ မောင်ပေါက်ကို ခပ်ပေါပေါပဲကွာလို့ ထင်ကောင်းထင်နိုင်ပါတယ်.. မသိသေးတဲ့ ကျွန်တော့်ကို လူအတွက်ကတော့ သိပ်တန်ဖိုးရှိမှာပါ...

SCH-I589MASINU-70-0

ဒီလိုပါ.. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရငပေါ့..
1. မိတ်ဆွေရဲ့ ဖုန်းဟာ Android သုံးထားတဲ့ ဖုန်းဆိုရင် ဖုန်း Call ဘောက်ထဲမှာ *#*#4636#*#* လို့ ရိုက်ထည့်လိုက်ပါ.. ကုဒ်ကအလုပ်လုပ်ပြီး နာမည် (၄)ခု ကျလာပါမယ်..
2. အဲဒီနာမည် (၄)ခုထဲက  Phone Information ဆိုတာကို တစ်ချက်နှိပ်လိုက်ပါ.. တကယ်လို့များ Sim Card 2 ကဒ်သုံးလို့ရတဲ့ဖုန်းဆိုရင် SUB 1 နဲ့ SUB 2 ဆိုပြီး ထပ်ပေါ်လာပါတယ်.. ကိုယ်က Card 1 မှာဆိုရင် SUB 1 ၊ Card 2 မှာဆိုရင် SUB 2 ကိုရွေးပေးလိုက်ပါ..
3.ါဆိုရင် Phone Info ဆိုတဲ့ခေါင်းစဉ်နဲ့ IMEI နံပါတ်.. Phone number (ဒါကတော့ နံပါတ်ပြချင်မှပြမှာပါ.. ကျွန်တော့်ဖုန်းမှာ မပြပါဘူး)၊ Current network မှာ Myanmar Post and Telecommunication စတဲ့ စာသားတွေမြင်ရမှာပါ.. ခုပြောမှာက အဲဒါနဲ့တော့ မဆိုင်ပါဘူး.. အာက်ကိုရွှေ့ပြီး   အောက်နားမှာ Set preferred network type: ဆိုပြီး ရှိတယ်.. အဲဒီစာလေးနဲ့ကပ်လျက်အောက်မှာ အဖြူပြားပေါ်မှာ Network Type ရှိပါတယ်.. GSM ဆို GSM , CDMA ဆို CDMA, WCDMA ဆိုရင် WCDMA ဆိုတဲ့စာတွေနဲ့ တွေ့ရပါမယ်.. အဲဒါကို တစ်ချက်နှိပ်လိုက်ပါ..
အောက်ကပုံလေးလို ကျလာပါလိမ့်မယ်..
mobile01-284fe275f8add3af1bc3df50a9022012




4. ကျလာတဲ့ List ထဲမှာ GSM နဲ့ WCDMA သမားတွေက WCDMA only ကိုရွေးပေးလိုက်ပါ.. CDMA သမားတွေက EvDo only ကိုရွေးပေးလိုက်ပါ...ဒါပါပဲ.. ဆော့ဝဲနဲ့လုပ်သလို မြင်ကွင်းမျိုးလေ.. ဒါဆိုရင်တော့ မိတ်ဆွေရဲ့ နက်ဝပ်စနစ်ဟာ 3G မှာ ကောင်းကောင်းအလုပ်လုပ်ပြီး မြန်ဆန်တယ်ဆိုတာ လက်တွေ့သိပါလိမ့်မယ်.. 
.com/

 ဒါဆိုရင် အောက်ကပုံလို ဖြစ်သွားမယ်လေ..


2012.05.09-19.06.44


တိပြုရန်၊ အထက်ကပြောခဲ့တဲ့ နည်းလမ်းတွေဟာ 3G Internet စနစ်မိတဲ့နေရာတွေမှာသာသုံးနိုင်မှာဖြစ်ပါတယ်.. 3G စနစ်မမိရင်တော့ လိုင်းပါပျောက်သွားပါလိမ့်မယ်.. စိတ်မပူပါနဲ့.. ခုနက အဆင့်တွေထဲက အဆင့် ၃ ထိ လုပ်လိုက်ပြီး အဆင့် (၄)မှာတော့  GSM ဆိုရင်  GSM auto ဒါမှမဟုတ် GSM only ကိုရွေး၊ WCDMA သမားက WCDMA preferred ကိုရွေး၊ CDMA သမားက CDMA auto ဒါမှမဟုတ် CDMA only ကိုရွေး၊ GSM နဲ့ CDMA နှစ်ကဒ်စိုက်သမားက GSM/CDMA auto ကိုရွေးပေးလိုက်ပါ.. လိုင်းပြန်တက်လာပြီး မူရင်း Internet အမြန်နှုန်းအတိုင်းပဲ လိပ်ကလေးလို ပြန်ရပါလိမ့်မယ်.. လိုင်းတော့ မပြတ်တော့ပါဘူး... တစ်ချို့ဖုန်းတွေမှာ ကုဒ်တွေ အလုပ်မလုပ်တာတွေ့ရပါတယ်.. ဒါဆိုရင်တော့ App လေးသုံးလိုက်ပေါ့.. ဒီမှာ တင်ထားတယ်   http://adf.ly/PfYp1 or http://adfoc.us/7746315552045

No comments:

Post a Comment

LinkWithin

Related Posts Plugin for WordPress, Blogger...

ကားတွန်ကဏ္ဍ

မင်္ဂလာပါခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ကာတွန်း တိုလေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်

ကြော်ငြာကဏ္ဍ

ဤနေရာတွင်ကြော်ငြာလက်ခံပြီ

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

ခွေးကလေးနဲ့ ကစားကြမယ်

တင်ထားပြီးသမျှ ပို့စ်ခေါင်းစဉ်များ